ချယ်ဆီးအကယ်ဒမီထွက် လူငယ်ကစားသမားလေး ရိစ်ဂျိမ်းဟာ သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်သွင်းဂိုးကို မနက်က ယှဉ်ပြိုင်ကစားတဲ့ ဘရိုက်တန်နဲ့ပွဲမှာ ရရှိခဲ့ပါတယ်။
ဧရိယာအပြင်ဘက်ကနေ ဂိုးထောင့်တည့်တည့်ကို အပြင်းကန်သွင်းခဲ့တဲ့ ရိစ်ရဲ့ သွင်းဂိုးက အဆင့်အတန်းရှိတဲ့ သွင်းဂိုး တစ်ဂိုးလည်း ဖြစ်ခဲ့တယ်။ ပွဲရလဒ်က ၁-၁ ဖြစ်နေချိန် ချယ်ဆီးကို ဦးဆောင်စေခဲ့တဲ့ ဂိုးလည်းဖြစ်တာကြောင့် အရေးပါခဲ့ပါတယ်။
လမ်းပတ်က ” ကျနော် အကျေနပ်ရဆုံးကတော့ ရိစ်က နောက်ဆုံးမှာ သူနဲ့ အဆင်ပြေဆုံး နေရာကို တွေ့သွားတာပဲ။ ကြီးမားတဲ့ အခိုက်အတန့်တွေမှာ အရည်အချင်းရှိတဲ့ ကစားသမားတွေကို ကျနေ်ာတို့ အားကိုးရမှာပါ ” လို့ ရိစ်ဂျိမ်းနဲ့ ပက်သက်ပြီး မှတ်ချက်စကား ဆိုခဲ့တာ ဖြစ်ပါတယ်။
ချယ်ဆီးရဲ့ ဒီနွေအတွင်း ကစားသမားသစ် ခေါ်ယူမှု ၇ ဦးထဲမှာက နှစ်ဦးဖြစ်သလို အဓိက ခေါ်ယူမှုကြီးတွေလည်းဖြစ်တဲ့ တီမိုဝါနာနဲ့ ကိုင်ဟာဗက်တို့ဟာ ဘရိုက်တန်နဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တယ်။ သူတို့နှစ်ဦးရဲ့ ခြေစွမ်းနဲ့ ကစားနိုင်စွမ်းတွေကိုလည်း လမ်းပတ်က ဆက်လက် သုံးသပ်ပါသေးတယ်။
လမ်းပတ်က ” ပင်နယ်တီ အနိုင်ရစေတဲ့ တီမိုရဲ့ လျှင်မြန်နှုန်းအရ သူဟာ ပုံစံကောင်းကို ရထားပြီး ခြိမ်းခြောက်မှုတွေလည်း လုပ်ပေးနိုင်ခဲ့တယ်။ သူက နေရာစုံ ရွေးလျားနိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကိုလည်း ကျနော် သဘောကျပါတယ်။
ကိုင်ထံကလည်း အများကြီး မြင်ခဲ့ရတယ်။ သူတို့ ကစားခွင့်ရလိုက်တဲ့ ဒီမိနစ်တွေက ကောင်းခဲ့ကကာ သူတို့ နှစ်ဦးလုံးက ချယ်ဆီးအတွက် အရေးပါတဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ” လို့ ပွဲအပြီးမှာ ပြောဆိုခဲ့ပါတယ်။
ZAWGYI
ခ်ယ္ဆီးအကယ္ဒမီထြက္ လူငယ္ကစားသမားေလး ရိစ္ဂ်ိမ္းဟာ သူ႔ရဲ႕ ပထမဆံုးေသာ ပရီးမီးယားလိဂ္သြင္းဂိုးကို မနက္က ယွဥ္ျပိဳင္ကစားတဲ့ ဘရိုက္တန္နဲ႔ပြဲမွာ ရရွိခဲ့ပါတယ္။
ဧရိယာအျပင္ဘက္ကေန ဂိုးေထာင့္တည့္တည့္ကို အျပင္းကန္သြင္းခဲ့တဲ့ ရိစ္ရဲ႕ သြင္းဂိုးက အဆင့္အတန္းရွိတဲ့ သြင္းဂိုး တစ္ဂိုးလည္း ျဖစ္ခဲ့တယ္။ ပြဲရလဒ္က ၁-၁ ျဖစ္ေနခ်ိန္ ခ်ယ္ဆီးကို ဦးေဆာင္ေစခဲ့တဲ့ ဂိုးလည္းျဖစ္တာေၾကာင့္ အေရးပါခဲ့ပါတယ္။
လမ္းပတ္က ” က်ေနာ္ အေက်နပ္ရဆံုးကေတာ့ ရိစ္က ေနာက္ဆံုးမွာ သူနဲ႔ အဆင္ေျပဆံုး ေနရာကို ေတြ႔သြားတာပဲ။ ၾကီးမားတဲ့ အခိုက္အတန္႔ေတြမွာ အရည္အခ်င္းရွိတဲ့ ကစားသမားေတြကို က်ေန္ာတို႔ အားကိုးရမွာပါ ” လို႔ ရိစ္ဂ်ိမ္းနဲ႔ ပက္သက္ျပီး မွတ္ခ်က္စကား ဆိုခဲ့တာ ျဖစ္ပါတယ္။
ခ်ယ္ဆီးရဲ႕ ဒီေႏြအတြင္း ကစားသမားသစ္ ေခၚယူမႈ ၇ ဦးထဲမွာက ႏွစ္ဦးျဖစ္သလို အဓိက ေခၚယူမႈၾကီးေတြလည္းျဖစ္တဲ့ တီမိုဝါနာနဲ႔ ကိုင္ဟာဗက္တို႔ဟာ ဘရိုက္တန္နဲ႔ပြဲမွာ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခြင့္ရခဲ့တယ္။ သူတို႔ႏွစ္ဦးရဲ႕ ေျခစြမ္းနဲ႔ ကစားႏုိင္စြမ္းေတြကိုလည္း လမ္းပတ္က ဆက္လက္ သံုးသပ္ပါေသးတယ္။
လမ္းပတ္က ” ပင္နယ္တီ အႏုိင္ရေစတဲ့ တီမိုရဲ႕ လွ်င္ျမန္ႏႈန္းအရ သူဟာ ပံုစံေကာင္းကုိ ရထားျပီး ျခိမ္းေျခာက္မႈေတြလည္း လုပ္ေပးႏုိင္ခဲ့တယ္။ သူက ေနရာစံု ေရြးလ်ားႏုိင္ခဲ့ျပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္ကိုလည္း က်ေနာ္ သေဘာက်ပါတယ္။
ကိုင္ထံကလည္း အမ်ားၾကီး ျမင္ခဲ့ရတယ္။ သူတို႔ ကစားခြင့္ရလိုက္တဲ့ ဒီမိနစ္ေတြက ေကာင္းခဲ့ကကာ သူတို႔ ႏွစ္ဦးလံုးက ခ်ယ္ဆီးအတြက္ အေရးပါတဲ့ ကစားသမားေတြ ျဖစ္ပါတယ္။ ” လို႔ ပြဲအျပီးမွာ ေျပာဆိုခဲ့ပါတယ္။