စိတ်ပျက်စရာ ချယ်ဆီးအသင်းသား ကို ရောင်းထုတ်ဖို့ လမ်းပတ်အား နဗီးလ် တိုက်တွန်း

ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ဘရိုက်တန်ကို ၃-၁ နဲ့ နိုင်ခဲ့ပေမယ့် ယူနိုက်တက် ခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ် ကတော့ ထိုပွဲမှာ ချယ်ဆီးကွင်းလယ်ကစားသမား လော့ဖ်တပ်ချိခ်ရဲ့ စွမ်းဆောင်ရည်ကို စိတ်ပျက်မိတာကြောင့် ရောင်းထုတ်သင့်ကြောင်း လမ်းပတ် အား တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ဖရန့်လမ်းပတ်ရဲ့ အသင်းဟာ ဘရိုက်တန်ကို ဇူးမား၊ ရီစီ ဂျိမ်းစ်နဲ့ ဂျော်ဂျင်ဟို တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ လော့ဖ်တပ်ချိစ်ဟာ ထိုပွဲမှာ ပွဲထွက်စာရင်းက ပါဝင်ခဲ့ပေမယ့် ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ပထမပိုင်း အပြီးမှာ ရော့စ် ဘာကလေနဲ့ လူစားလဲ ခံခဲ့ရပါတယ်။

လော့ဖ်တပ်ချိခ် ဟာ သူ့အခွင့်အရေးသူ ဖမ်းဆုပ်ခွင့်ကို လက်လွှတ်ခဲ့တယ်လို့ နဗီးလ်က ဆိုလိုက်ပြီး အခုလိုသာ စွမ်းဆောင်ရည် ကျဆင်းနေရင် လမ်းပတ် ထုတ်ရောင်းသင့်ပြီ ဖြစ်တယ်လို့ ပွဲ အပြီးမှာ သုံးသပ်ပြောဆိုခဲ့ပါတယ်။

” ရူဘန် လော့ဖ်တပ်ချိခ် ကတော့ အခွင့်အရေးရပြီ လို့ ကျနော် ထင်ခဲ့တယ်။ ဒါပေမယ့် သူကတော့ တကယ်ကို စိတ်ပျက်စရာပါပဲ။ သူ့အနေနဲ့ ထပ်ပြီး စောဒက တက်စရာ မရှိတော့ဘူး ထင်ပါတယ်။ သူ့မှာ ပွဲကစားခွင့် ရခဲ့ပြီလေ။ ဒီလို အခွင့်အရေးကောင်း ထပ်ရဖို့လည်း မလွယ်ဘူး ထင်ပါတယ်။ တကယ်လို့ အခွင့်ကောင်းသာ ရရင် ချယ်ဆီး အနေနဲ့ သူ့ကို ရောင်းပြီး ပေါင် ၂၅ သန်းလောက်သာ ပြန်ရှာသင့်ပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

ဘရိုက်တန်နဲ့ ပွဲမှာ လမ်းပတ်က ကစားသမားသစ်တွေ ဖြစ်တဲ့ ကိုင်ဟာဗက်ဇ်၊ တီမိုဗာနာ တို့ကိုလည်း ပွဲထုတ်ခဲ့ပြီး ပွဲ အပြီးမှာ ချီးကျူးစကားတွေ ဆိုခဲ့ပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေ ရှိသေးကြောင်း ဝန်ခံခဲ့ပြီး ရက် အနည်းငယ် အတွင်းမှာ အလိုရှိတဲ့ အတိုင်း ရဖို့ မလွယ်သေးကြောင်း ဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ ပြဲဦးထြက္မွာ ဘရိုက္တန္ကို ၃-၁ နဲ႕ နုိင္ခဲ့ေပမယ့္ ယူနုိက္တက္ ခံစစ္မွဴးေဟာင္း ဂယ္ရီနဗီးလ္ ကေတာ့ ထုိပြဲမွာ ခ်ယ္ဆီးကြင္းလယ္ကစားသမား ေလာ့ဖ္တပ္ခ်ိခ္ရဲ႕ စြမ္းေဆာင္ရည္ကို စိတ္ပ်က္မိတာေၾကာင့္ ေရာင္းထုတ္သင့္ေၾကာင္း လမ္းပတ္ အား တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။

ဖရန္႔လမ္းပတ္ရဲ႕ အသင္းဟာ ဘရိုက္တန္ကို ဇူးမား၊ ရီစီ ဂ်ိမ္းစ္နဲ႕ ေဂ်ာ္ဂ်င္ဟို တို႔ရဲ႕ သြင္းဂိုးေတြနဲ႕ အနိုင္ရခဲ့တာ ျဖစ္ပါတယ္။ ေလာ့ဖ္တပ္ခ်ိစ္ဟာ ထိုပြဲမွာ ပြဲထြက္စာရင္းက ပါ၀င္ခဲ့ေပမယ့္ ေျခစြမ္းျပဖို႔ ရုန္းကန္ေနရတာေၾကာင့္ ပထမပိုင္း အျပီးမွာ ေရာ့စ္ ဘာကေလနဲ႕ လူစားလဲ ခံခဲ့ရပါတယ္။

ေလာ့ဖ္တပ္ခ်ိခ္ ဟာ သူ႔အခြင့္အေရးသူ ဖမ္းဆုပ္ခြင့္ကို လက္လႊတ္ခဲ့တယ္လို႔ နဗီးလ္က ဆိုလိုက္ျပီး အခုလိုသာ စြမ္းေဆာင္ရည္ က်ဆင္းေနရင္ လမ္းပတ္ ထုတ္ေရာင္းသင့္ျပီ ျဖစ္တယ္လို႔ ပြဲ အျပီးမွာ သံုးသပ္ေျပာဆိုခဲ့ပါတယ္။

” ရူဘန္ ေလာ့ဖ္တပ္ခ်ိခ္ ကေတာ့ အခြင့္အေရးရျပီ လို႔ က်ေနာ္ ထင္ခဲ့တယ္။ ဒါေပမယ့္ သူကေတာ့ တကယ္ကို စိတ္ပ်က္စရာပါပဲ။ သူ႔အေနနဲ႕ ထပ္ျပီး ေစာဒက တက္စရာ မရွိေတာ့ဘူး ထင္ပါတယ္။ သူ႔မွာ ပြဲကစားခြင့္ ရခဲ့ျပီေလ။ ဒီလို အခြင့္အေရးေကာင္း ထပ္ရဖို႔လည္း မလြယ္ဘူး ထင္ပါတယ္။ တကယ္လို႔ အခြင့္ေကာင္းသာ ရရင္ ခ်ယ္ဆီး အေနနဲ႕ သူ႔ကို ေရာင္းျပီး ေပါင္ ၂၅ သန္းေလာက္သာ ျပန္ရွာသင့္ပါတယ္။ ” လို႔ ေျပာဆိုခဲ့ပါတယ္။

ဘရိုက္တန္နဲ႕ ပြဲမွာ လမ္းပတ္က ကစားသမားသစ္ေတြ ျဖစ္တဲ့ ကိုင္ဟာဗက္ဇ္၊ တီမိုဗာနာ တို႔ကိုလည္း ပြဲထုတ္ခဲ့ျပီး ပြဲ အျပီးမွာ ခ်ီးက်ဴးစကားေတြ ဆိုခဲ့ပါတယ္။ ဒါေပမယ့္ လိုအပ္ခ်က္ေတြ ရွိေသးေၾကာင္း ၀န္ခံခဲ့ျပီး ရက္ အနည္းငယ္ အတြင္းမွာ အလိုရွိတဲ့ အတိုင္း ရဖို႔ မလြယ္ေသးေၾကာင္း ဆိုခဲ့ပါတယ္။