ဒီရာသီ ယူရိုပါလိဂ် ချန်ပီယံ ဘယ်အသင်း ဖြစ်နိုင်မလဲ Opta စူပါကွန်ပျူတာရဲ့ တွက်ထုတ် ခန့်မှန်းမှုမှာ မန်ချက်စတာ ယူနိုက်တက်ကတော့ အံ့ဖွယ်အဆင့်ထိ ကျဆင်းနေတာ တွေ့ရပါတယ်။
အချက်အလက်တွေကို အခြေခံတဲ့ စူပါကွန်ပျူတာက ဒီနှစ်ထဲ အသင်းတွေရဲ့ စွမ်းဆောင်ရည်ကို အခြေခံ တွက်ထုတ်ခဲ့တာပါ။
ဒီရာသီမှာ ဥရောပ ပြိုင်ပွဲတွေရဲ့ ကျင်းပပုံကလည်း ပုံစံသစ် ပြောင်းလဲထားပြီး ကလပ်အသင်း ၃၆ သင်း ပါဝင်တဲ့ အမှတ်ပေးလိဂ် ပုံစံ ယှဉ်ပြိုင်နေကြပါတယ်။ ယူရိုပါလိဂ် ဖိုင်နယ်ပွဲကတော့ မေ ၂၁၊ ၂၀၂၅ မှ ဘီဘာကိုက Estadio de San Mames ကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ရာသီကုန်မှာ ယူရိုပါလိဂ် ချန်ပီယံ ဖြစ်နိုင်ခြေတွေနဲ့ အသင်းတွေရဲ့ ranking ကို စူပါကွန်ပျူတာက အခုလို ဖော်ပြထားပါတယ်။
စူပါကွန်ပျူတာရဲ့ ယူရိုပါလိဂ် ချန်ပီယံ ခန့်မှန်းမှာ ထိပ်ဆုံးက ရှိတောက ပေါ်တို အသင်း ဖြစ်ပြီး ချန်ပီယံ ဖြစ်နိုင်ခြေ ၁၇.၈% နဲ့ အများဆုံး ဖြစ်ပါတယ်။
ဒုတိယ နေရာမှာ အက်သလက်တီကို မက်ဒရစ် ရှိနေပြီး တတိယက ပရာဟာ၊ အဆင့် ၄ မှာ စပါး၊ အဆင့် ၅ မှာ ရိုးမား အသင်းတို့ ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကတော့ ချန်ပီယံ ဖြစ်နိုင်ခြေ ၇.၁% နဲ့ အဆင့် ၆ မှာသာ ရှိပါတယ်။