ယူနိုက်တက် ပစ်မှတ် ကစားသမား တစ်ဦး အဖြစ် စာရင်းဝင်ခဲ့တဲ့ ဂျက် ဂရေးလစ်ချ်ဟာ လက်ရှိကလပ် အက်စတွန်ဗီလာ အသင်းနဲ့ပဲ တစ်ပတ် လုပ်ခ ပေါင် ၁သိန်းလေးသောင်းနဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုသွားပြီ ဖြစ်ပါတယ်။
မန်ချက်စတာ အခြေစိုက် သတင်းများ အဆိုအရတော့ ယူနိုက်တက်ဟာ ဂရေးလစ်ချ်ကို စိတ်ဝင်စားဟန် ပြသခဲ့ပေမယ့် အက်ဝုဒ်ဝပ်ကတော့ ကစားသမား ကို ခေါ်ယူဖို့ အမှန်တကယ် ဆွေးနွေးမှု မပြုလုပ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ဒီရာသီ ဆုဖလားတွေ စိန်ခေါ်နိုင်ဖို့ ဆိုရင် အခြား ကစားသမားတွေ ခေါ်ဖို့ ကြိုးစားနေတာထက် မြို့ခံ ပြိုင်ဘက် မန်စီးတီး ပစ်မှတ်ထားနေတဲ့ နာပိုလီခံစစ်မှူး ကူလီဘိုင်လေ ကိုသာ ခေါ်သင့်ကြောင်း အီယန်ရိုက်က တိုက်တွန်းလိုက်ပါတယ်။
လက်ရှိ လီဗာပူးမှ ဆာလက်၊ မာနေး တိုက်စစ်အတွဲဟာ ယခင် ယူနိုက်တက်ရဲ့ ရိုနယ်ဒို၊ ရွန်းနီ တိုက်စစ်ကို သတိရမိစေကြောင်း နဗီးလ်က ဆိုခဲ့ကာ မာနေးနဲ့ ရွန်းနီတို့က အသင်းအတွက်ကြည့်ပြီး တကိုယ်ကောင်း မဆန်တဲ့ နေရာမှာ တူညီကြောင်း သုံးသပ်ခဲ့ပါတယ်။
လိုင်ယွန် တိုက်စစ်မှူး ဒီပေးကို မန်ချက်စတာ ယူနိုက်တက်က ပြန်လည် ခေါ်ယူခွင့် သဘောတူညီမှု စာချုပ်ထဲမှာ ရှိနေပေမယ့် မခေါ်ယူဖို့ ဆုံးဖြတ်လိုက်တာကြောင့် ဘာစီလိုနာက ဒီပေးကို ခေါ်ယူဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ ဟော်လန်က သတင်းတွေ အရတော့ သဘောတူညီမှုပါ ရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဂါရတ်ဘေးလ်ကို ခေါ်ယူဖို့မှာ ယူနိုက်တက်ထက် ဘေးလ်ရဲ့ အသင်းဟောင်း စပါးအသင်းက ပိုပြီး အရေးသာ နေကြောင်း သိရပါတယ်။ ဘေးလ်က စပါးပြန်သွားပြီး ကိန်း တာဝန်ယူနေတဲ့ တိုက်စစ်ကို ဝန်မျှ ယူပေးလိုနေပါတယ်။
Zawgyi – ယူနိုက္တက္ ပစ္မွတ္ ကစားသမား တစ္ဦး အျဖစ္ စာရင္း၀င္ခဲ့တဲ့ ဂ်က္ ဂေရးလစ္ခ်္ဟာ လက္ရွိကလပ္ အက္စတြန္ဗီလာ အသင္းနဲ႕ပဲ တစ္ပတ္ လုပ္ခ ေပါင္ ၁သိန္းေလးေသာင္းနဲ႕ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုသြားျပီ ျဖစ္ပါတယ္။
မန္ခ်က္စတာ အေျခစိုက္ သတင္းမ်ား အဆိုအရေတာ့ ယူနိုက္တက္ဟာ ဂေရးလစ္ခ်္ကို စိတ္၀င္စားဟန္ ျပသခဲ့ေပမယ့္ အက္၀ုဒ္၀ပ္ကေတာ့ ကစားသမား ကို ေခၚယူဖို႔ အမွန္တကယ္ ေဆြးေႏြးမႈ မျပဳလုပ္ျဖစ္ခဲ့ေၾကာင္း သိရပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ အေနနဲ႕ ဒီရာသီ ဆုဖလားေတြ စိန္ေခၚနုိင္ဖို႔ ဆိုရင္ အျခား ကစားသမားေတြ ေခၚဖို႔ ၾကိဳးစားေနတာထက္ ျမိဳ႔ခံ ျပိဳင္ဘက္ မန္စီးတီး ပစ္မွတ္ထားေနတဲ့ နာပိုလီခံစစ္မွဴး ကူလီဘိုင္ေလ ကိုသာ ေခၚသင့္ေၾကာင္း အီယန္ရိုက္က တိုက္တြန္းလိုက္ပါတယ္။
လက္ရွိ လီဗာပူးမွ ဆာလက္၊ မာေနး တိုက္စစ္အတြဲဟာ ယခင္ ယူနိုက္တက္ရဲ႕ ရိုနယ္ဒို၊ ရြန္းနီ တိုက္စစ္ကို သတိရမိေစေၾကာင္း နဗီးလ္က ဆိုခဲ့ကာ မာေနးနဲ႕ ရြန္းနီတို႔က အသင္းအတြက္ၾကည့္ျပီး တကုိယ္ေကာင္း မဆန္တဲ့ ေနရာမွာ တူညီေၾကာင္း သံုးသပ္ခဲ့ပါတယ္။
လိုင္ယြန္ တိုက္စစ္မွဴး ဒီေပးကို မန္ခ်က္စတာ ယူနိုက္တက္က ျပန္လည္ ေခၚယူခြင့္ သေဘာတူညီမႈ စာခ်ဳပ္ထဲမွာ ရွိေနေပမယ့္ မေခၚယူဖို႔ ဆံုးျဖတ္လိုက္တာေၾကာင့္ ဘာစီလိုနာက ဒီေပးကို ေခၚယူဖို႔ နီးစပ္ေနျပီ ျဖစ္ပါတယ္။ ေဟာ္လန္က သတင္းေတြ အရေတာ့ သေဘာတူညီမႈပါ ရရွိျပီး ျဖစ္တယ္လို႔ သိရပါတယ္။
ရီးရဲလ္မက္ဒရစ္ ၾကယ္ပြင့္ ဂါရတ္ေဘးလ္ကို ေခၚယူဖို႔မွာ ယူနုိက္တက္ထက္ ေဘးလ္ရဲ႕ အသင္းေဟာင္း စပါးအသင္းက ပိုျပီး အေရးသာ ေနေၾကာင္း သိရပါတယ္။ ေဘးလ္က စပါးျပန္သြားျပီး ကိန္း တာ၀န္ယူေနတဲ့ တိုက္စစ္ကို ၀န္မွ် ယူေပးလိုေနပါတယ္။