ယနေ့ နံနက်ခင်း မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (16/09/20)

ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့ဆုံရမယ့် ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမား ၁၁ ယောက် လောက်ဟာ ပါဝင်နိုင်ဖို့ မရေမရာ ဖြစ်နေတာကြောင့် နည်းပြ ဆိုးလ်ရှားအတွက် လူစာရင်း ရွေးချယ်ရာမှာ အခက်ကြုံ ရနိုင်ပါတယ်။

ရိုးမားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ဆွေးနွေးညှိနှိုင်းမှု ဗျူဟာတွေကို စိတ်ပျက်နေခဲ့ပြီးနောက် စမောလင်းကို အပြီးသတ် ခေါ်ယူနိုင်ရေးကို လက်လျှော့လိုက်ဖို့စဉ်းစားနေပါတယ်။ စမောလင်းကိုယ်တိုင်လဲ အပြီးပြောင်းရွှေ့လိုနေပေမယ့် ကလပ်နှစ်ခုက ပြောင်းရွှေ့ကြေး သဘောတူညီမှု မရနိုင်ခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်ဟာ ရက်ဂီလွန်အတွက် စပါးရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့တဲ့နောက် ယူနိုက်တက်က ရက်ဂီလွန်ကို လက်လွှတ် ရနိုင်ဖွယ်ရှိပါတယ်။ မြောက်လန်ဒန်ကလပ်ဟာ လူငယ်နောက်ခံလူရဲ့ အိုးလ်ထရက်ဖို့ဒ်ကလပ်နဲ့ အပြောင်းအရွှေ့ကို ဝင်နှောက်ပြီး ယူရိုသန်း ၃၀နဲ့ ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဗလင်စီယာ ဗဟိုကွင်းလယ်လူ ရာစစ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ၎င်းရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင်၉၂သန်း ရှိပေမယ့် ယူနိုက်တက်က ကမ်းလှမ်းမှုမလုပ်ရသေးသည့်တိုင် စပိန်ကလပ်က သူ့ကို ပေါင်၂၈သန်းလောက်နဲ့ ထွက်ခွာခွင့် ပေးနိုင်နေတာပါ။

လူတန်အသင်းဟာ ကာရာဘောင်းဖလား ဒုတိယအဆင့်မှာ ၎င်းတို့ရဲ့ ချန်ပီယံရှစ်ပြိုင်ဘက် ရီးဒင်းကို ၁-ဝနဲ့ အနိုင် ရခဲ့ပြီးနောက် နောက်တစ်ပတ် တတိယအဆင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ တွေ့ဆုံရတော့မှာပဲဖြစ်ပါတယ်။

ဇီဒန်းလက်အောက်မှာ နေရာမရတဲ့ ဂါရတ်ဘေးဟာ ယူနိုက်တက်ထံ ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဒီနွေမှာ စပါးထံ ပြန်သွားဖို့အတွက် အပြောင်းအရွှေ့ကိစ္စ ပြောဆိုဆွေးနွေးမှုတွေ လုပ်နေတယ်လို့ ဘေးရဲ့ အေးဂျင့်ဖြစ်တဲ့ ဂျွန်နသန် ဘားနတ်က အတည်ပြုပြောကြားခဲ့ပါတယ်။

Zawgyi – ခရစၥတယ္ပဲေလ့စ္နဲ႔ ေတြ႕ဆုံရမယ့္ ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာ မန္ခ်က္စတာ ယူႏိုက္တက္ ကစားသမား ၁၁ ေယာက္ ေလာက္ဟာ ပါဝင္ႏိုင္ဖို႔ မေရမရာ ျဖစ္ေနတာေၾကာင့္ နည္းျပ ဆိုးလ္ရွားအတြက္ လူစာရင္း ေ႐ြးခ်ယ္ရာမွာ အခက္ႀကဳံ ရႏိုင္ပါတယ္။

႐ိုးမားဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ေဆြးေႏြးညႇိႏႈိင္းမႈ ဗ်ဴဟာေတြကို စိတ္ပ်က္ေနခဲ့ၿပီးေနာက္ စေမာလင္းကို အၿပီးသတ္ ေခၚယူႏိုင္ေရးကို လက္ေလွ်ာ့လိုက္ဖို႔စဥ္းစားေနပါတယ္။ စေမာလင္းကိုယ္တိုင္လဲ အၿပီးေျပာင္းေ႐ႊ႕လိုေနေပမယ့္ ကလပ္ႏွစ္ခုက ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ မရႏိုင္ခဲ့တာပါ။

ရီးရဲလ္မက္ဒရစ္ဟာ ရက္ဂီလြန္အတြက္ စပါးရဲ႕ ကမ္းလွမ္းခ်က္ကို လက္ခံခဲ့တဲ့ေနာက္ ယူႏိုက္တက္က ရက္ဂီလြန္ကို လက္လႊတ္ ရႏိုင္ဖြယ္ရွိပါတယ္။ ေျမာက္လန္ဒန္ကလပ္ဟာ လူငယ္ေနာက္ခံလူရဲ႕ အိုးလ္ထရက္ဖို႔ဒ္ကလပ္နဲ႔ အေျပာင္းအေ႐ႊ႕ကို ဝင္ေႏွာက္ၿပီး ယူ႐ိုသန္း ၃၀နဲ႔ ကမ္းလွမ္းခဲ့တာပဲျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ဗလင္စီယာ ဗဟိုကြင္းလယ္လူ ရာစစ္ကို ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။ ၎ရဲ႕စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္၉၂သန္း ရွိေပမယ့္ ယူႏိုက္တက္က ကမ္းလွမ္းမႈမလုပ္ရေသးသည့္တိုင္ စပိန္ကလပ္က သူ႔ကို ေပါင္၂၈သန္းေလာက္နဲ႔ ထြက္ခြာခြင့္ ေပးႏိုင္ေနတာပါ။

လူတန္အသင္းဟာ ကာရာေဘာင္းဖလား ဒုတိယအဆင့္မွာ ၎တို႔ရဲ႕ ခ်န္ပီယံရွစ္ၿပိဳင္ဘက္ ရီးဒင္းကို ၁-၀နဲ႔ အႏိုင္ ရခဲ့ၿပီးေနာက္ ေနာက္တစ္ပတ္ တတိယအဆင့္ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ေတြ႕ဆုံရေတာ့မွာပဲျဖစ္ပါတယ္။

ဇီဒန္းလက္ေအာက္မွာ ေနရာမရတဲ့ ဂါရတ္ေဘးဟာ ယူႏိုက္တက္ထံ ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ ဒီေႏြမွာ စပါးထံ ျပန္သြားဖို႔အတြက္ အေျပာင္းအေ႐ႊ႕ကိစၥ ေျပာဆိုေဆြးေႏြးမႈေတြ လုပ္ေနတယ္လို႔ ေဘးရဲ႕ ေအးဂ်င့္ျဖစ္တဲ့ ဂြၽန္နသန္ ဘားနတ္က အတည္ျပဳေျပာၾကားခဲ့ပါတယ္။