ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (16/09/20)

ယူနိုက်တက်ဟာ အတ္တလန္တာ အသင်းမှ အသက် ၁၈ နှစ်အရွယ် လူငယ် ညာတောင်ပံ တိုက်စစ်သမား အာမက် ထရာအိုရေး ကို စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမယ့် ထရာအိုရေးဟာ ဆန်ချို နေရာ အစားထိုး ပစ်မှတ် အဖြစ် ယူနိုက်တက် ရည်ရွယ်တာ မဟုတ်ေ်ကြာင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဆိုပါတယ်။

နောက်နှစ်နွေမှာ အသင်းပြောင်းခွင့် တောင်းဆိုထားတဲ့ ပီအက်စ်ဂျီ ကြယ်ပွင့် အမ်ဘတ်ပီဟာ သူနဲ့ ရင်းနှီးတဲ့ မိတ်ဆွေ သူငယ်ချင်းတွေအား မန်ချက်စတာ ယူနိုက်တက်မှာ သွားရောက် ကစားလိုကြောင်း ဆိုထားတယ်လို့ သိရပါတယ်။ အမ်ဘတ်ပီကို ယူနိုက်တက်၊ လီဗာပူးတို့က စိတ်ဝင်စားပေမယ့် ရီးရဲလ်မက်ဒရစ်ကသာ ခေါ်ယူဖြစ်ဖို့ ရေပန်းစား နေပါတယ်။

မန်ချက်စတာယူနိုက်တက် ကြယ်ပွင့် ဆာဂျီယို ရိုမဲရိုးဟာ ၂၀၁၅မှာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာပြီးကတည်းက ဒီဂီယာရဲ့ အရန် ဖြစ်ခဲ့ပေမယ့် ရှက်ဖီးမှာ အောင်မြင်ခဲ့တဲ့ ဒင်း ဟန်ဒါဆန် ပြန်ရောက်လာတဲ့နောက် တတိယဦးစားပေး ဂိုးသမား ဖြစ်သွားတဲ့အတွက် ၎င်းရဲ့အသင်းဟောင်း ရေးဆင်းကလပ်ကို ပြန်သွားနိုင်ခြေရှိနေပါတယ်။

ယူနိုက်တက်ဟာ ဘေးလ်ကို စိတ်ဝင်စားဟန် ပြသပေမယ့် ဆန်ချို နေရာ အစားထိုး ပစ်မှတ် ကစားသမားတွေထဲက တစ်ဦး အဖြစ်သာ ရှှုမြင်ထားပြီး အက်ဝုဒ်ဝပ် ဟာ ဘေးလ် ကို ခေါ်ယူဖို့ ညှိနှိုင်းမှုတွေ မပြုလုပ်ခဲ့ဘူးလို့ သိရပါတယ်။ ဘေးလ်ဟာ အသင်းဟောင်း စပါးထံ ပြန်သွားဖို့ အလားအလာ များနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ ကံအကောင်းဆုံးအသင်းအဖြစ် လီဗာပူးကိုကျော်ပြီး မဲပေးခံခဲ့ရပါတယ်။ သူတို့ဟာ လွယ်လွယ်နဲ့ ဖလားရခဲ့တာကြောင့် သရဲနီတွေကို ကံကောင်းတဲ့ အသင်းအဖြစ် မြင်နေကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ရာသီမှာ ပင်နယ်တီ ၂၂ကြိမ်အထိ စံချိန်တင်ရရှိခဲ့တာကလဲ မဲပေးသူတွေရဲ့စိတ်ထဲမှာ လွှမ်းမိုးမှု ရှိတယ် ယူဆရပါတယ်။

ပဲလေ့စ်နဲ့ ပွဲမတိုင်ခင် ပွဲကြို လေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့ ဗုဒ္ဓဟူးနေ့ နံနက်မှာ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ စုရုံး ရောက်ရှိခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရာသီက အငှား ထွက် ကစားသမားတွေ ဖြစ်တဲ့ စမောလင်းနဲ့ မားကို့စ် ရိုဂျို တို့ကတော့ အခြား အသင်းဖော်တွေထက် စောစီးစွာ မနက် ၈ နာရီ မတိုင်ခင်တည်းက ရောက်ခဲ့ကြပါတယ်။

Zawgyi – ယူနိုက္တက္ဟာ အတၱလႏၱာ အသင္းမွ အသက္ ၁၈ နွစ္အရြယ္ လူငယ္ ညာေတာင္ပံ တိုက္စစ္သမား အာမက္ ထရာအိုေရး ကို ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနပါတယ္။ ဒါေပမယ့္ ထရာအိုေရးဟာ ဆန္ခ်ိဳ ေနရာ အစားထိုး ပစ္မွတ္ အျဖစ္ ယူနိုက္တက္ ရည္ရြယ္တာ မဟုတ္ေ္ၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ဆိုပါတယ္။

ေနာက္နွစ္ေႏြမွာ အသင္းေျပာင္းခြင့္ ေတာင္းဆိုထားတဲ့ ပီအက္စ္ဂ်ီ ၾကယ္ပြင့္ အမ္ဘတ္ပီဟာ သူနဲ႕ ရင္းႏွီးတဲ့ မိတ္ေဆြ သူငယ္ခ်င္းေတြအား မန္ခ်က္စတာ ယူနိုက္တက္မွာ သြားေရာက္ ကစားလိုေၾကာင္း ဆိုထားတယ္လို႔ သိရပါတယ္။ အမ္ဘတ္ပီကို ယူနိုက္တက္၊ လီဗာပူးတို႔က စိတ္၀င္စားေပမယ့္ ရီးရဲလ္မက္ဒရစ္ကသာ ေခၚယူျဖစ္ဖို႔ ေရပန္းစား ေနပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ ၾကယ္ပြင့္ ဆာဂ်ီယို ႐ိုမဲရိုးဟာ ၂၀၁၅မွာ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္လာၿပီးကတည္းက ဒီဂီယာရဲ႕ အရန္ ျဖစ္ခဲ့ေပမယ့္ ရွက္ဖီးမွာ ေအာင္ျမင္ခဲ့တဲ့ ဒင္း ဟန္ဒါဆန္ ျပန္ေရာက္လာတဲ့ေနာက္ တတိယဦးစားေပး ဂိုးသမား ျဖစ္သြားတဲ့အတြက္ ၎ရဲ႕အသင္းေဟာင္း ေရးဆင္းကလပ္ကို ျပန္သြားႏိုင္ေျခရွိေနပါတယ္။

ယူနိုက္တက္ဟာ ေဘးလ္ကို စိတ္၀င္စားဟန္ ျပသေပမယ့္ ဆန္ခ်ိဳ ေနရာ အစားထိုး ပစ္မွတ္ ကစားသမားေတြထဲက တစ္ဦး အျဖစ္သာ ရွႈျမင္ထားျပီး အက္၀ုဒ္၀ပ္ ဟာ ေဘးလ္ ကို ေခၚယူဖို႔ ညွိနိႈင္းမႈေတြ မျပဳလုပ္ခဲ့ဘူးလို႔ သိရပါတယ္။ ေဘးလ္ဟာ အသင္းေဟာင္း စပါးထံ ျပန္သြားဖို႔ အလားအလာ မ်ားေနပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ဟာ ပရီးမီးယားလိဂ္မွာ ကံအေကာင္းဆုံးအသင္းအျဖစ္ လီဗာပူးကိုေက်ာ္ၿပီး မဲေပးခံခဲ့ရပါတယ္။ သူတို႔ဟာ လြယ္လြယ္နဲ႔ ဖလားရခဲ့တာေၾကာင့္ သရဲနီေတြကို ကံေကာင္းတဲ့ အသင္းအျဖစ္ ျမင္ေနၾကတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ရာသီမွာ ပင္နယ္တီ ၂၂ႀကိမ္အထိ စံခ်ိန္တင္ရရွိခဲ့တာကလဲ မဲေပးသူေတြရဲ႕စိတ္ထဲမွာ လႊမ္းမိုးမႈ ရွိတယ္ ယူဆရပါတယ္။

ပဲေလ့စ္နဲ႕ ပြဲမတိုင္ခင္ ပြဲၾကိဳ ေလ့က်င့္မႈေတြ လုပ္ေဆာင္ဖို႔ ဗုဒၶဟူးေန႔ နံနက္မွာ ကာရင္တန္ေလ့က်င့္ေရးကြင္းမွာ စုရံုး ေရာက္ရွိခဲ့ၾကပါတယ္။ ျပီးခဲ့တဲ့ ရာသီက အငွား ထြက္ ကစားသမားေတြ ျဖစ္တဲ့ စေမာလင္းနဲ႕ မားကို႔စ္ ရိုဂ်ိဳ တို႔ကေတာ့ အျခား အသင္းေဖာ္ေတြထက္ ေစာစီးစြာ မနက္ ၈ နာရီ မတိုင္ခင္တည္းက ေရာက္ခဲ့ၾကပါတယ္။