ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (16/09/20)

ချယ်ဆီး အသင်း ဟာ ဒီနွေမှာ အီဒူရတ်မန်ဒီကို ခေါ်ယူမယ့်အပြောင်းအရွှေ့ထဲမှာ ဂျီရူးကို အလိုက်ပေးဖို့ တောင်းဆိုမှုကို ငြင်းပယ်ခဲ့ပါတယ်။ မန်ဒီဟာ အနောက်လန်ဒန်ကို ရောက်ရှိလာဖို့ နီးစပ်နေပြီဖြစ်သလို ရန်းနက်စ်ဟာ ပေါင်၃၇သန်းနဲ့အတူ ဂျီရူးကို တစ်ရာသီအငှားနဲ့ ခေါ်ယူချင်နေတာပါ။

အသင်းမှာ ပူလီဆစ်၊ မေဆန်မောင့်တို့အပြင် တီမိုဗာနာ၊ ကိုင်ဟားဗတ်နဲ့ ဇီယက်ခ်ျတို့ ထပ်ရောက်လာတာကြောင့် နေရာရဖို့ ပိုရုန်းကန်ရတော့မယ့် အိုဒွိုင်းကို ခေါ်ယူဖို့အတွက် ဘိုင်ယန်မြူးနစ်က နောက်တစ်ကြိမ် ကြိုးစားဖို့ အဆင်သင့်ဖြစ်နေသလို ဂျူဗင်တပ်ကလဲ စောင့်ကြည့်နေပါတယ်။

ဝက်စ်ဟမ်းဟာ ချယ်ဆီး ကစားသမား အီမာဆန်အတွက် အင်တာမီလန်နဲ့ အပြိုင်ကြိုးစားရဖို့ ရှိနေပါတယ်။ ချယ်ဆီး က သူတို့ အလိုရှိနေတဲ့ ဒီကလန်ရိုက်စ်အတွက် အပြောင်းအရွှေ့မှာ အီမာဆန်ကို ထည့်သွင်းပေးနိုင်ပေမယ့် ဝက်စ်ဟမ်းကတော့ ရိုက်စ်ကို လက်လွှတ်ဖို့ ငြင်းဆန်နေတာဖြစ်ပါတယ်။

ချယ်ဆီး ရဲ့ အမေ့လျော့ခံကစားသမားတွေဖြစ်တဲ့ ဗစ်တာမော့ဆက်၊ ဇာပါကော်စတာ၊ ဒရင့်ဝါးတား၊ လီဝစ်ဘိတ်ကာတို့ဟာ ကော့ဘမ်းမှာ တံခါးပိတ်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပါဝင်ခဲ့ပြီး ဝင်ဘလီဒန်အသင်းနဲ့ ၁ဂိုးစီ သရေကျခဲ့ရာမှာ မော့ဆက်က ပင်နယ်တီကနေ တစ်ဆင့် ချယ်ဆီးအတွက် ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

ဘန်စလေဟာ ကာရာဘောင်းဖလား ဒုတိယအဆင့်မှာ ချန်ပီယံရှစ်ပြိုင်ဘက်ဖြစ်တဲ့ မစ်ဒယ်ဘရော့ကို ပက်ထရစ် ရှမစ်၊ ဂျော်ဒန် ဝီလီယံတို့ရဲ့ ဂိုးတွေနဲ့အတူ ၂-ဝနဲ့အနိုင်ရခဲ့တဲ့နောက် တတိယအဆင့်ပွဲစဉ်မှာတော့ ချယ်ဆီး နဲ့ အဝေးကွင်းမှာ တွေ့ဆုံ ယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။

ချယ်ဆီးဟာ ဒီနွေမှာ အသင်းအင်အားဖြည့်တင်းဖို့ ပေါင် သန်း၂ ၀၀ကျော် သုံးစွဲခဲ့ပြီးဖြစ်ပေမယ့် နောက်ထပ် ခေါ်ယူမှုတွေ လုပ်ဖို့ စဉ်းစားနေဆဲဖြစ်ပြီး ဝက်စ်ဟမ်းရဲ့ ဒီကလန်ရိုက်စ်၊ ရန်းနက်စ် ဂိုးသမား အီဒူရတ်မန်ဒီတို့ကို ခေါ်ယူဖို့ စိတ်အား ထက်သန်နေတာဖြစ်ပါတယ်။

တောရက်စ်ဟာ အန်ဖီးကနေ စတန်းဖို့ဒ်ဘရစ်ခ်ျကို ပြောင်းလာတဲ့နောက် ပုံစံကောင်းတွေပြသဖို့ရုန်းကန်ခဲ့ရပြီး ၃နှစ်ခွဲအတွင်း ၁၇၂ပွဲမှာ ၄၅ဂိုးသာ သွင်းယူခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ကျရှုံးမှုအတွက် ဘယ်သူ့ကိုမှ အပြစ်မဖို့ခဲ့ပဲ မိမိ အမှားသာဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။

အိုလီဗီယာ ဂျီရူးက သူဟာ ဒီနှစ်အစောပိုင်းမှာ စတန်းဖို့ဒ်ဘရစ်ခ်ျကို စွန့်ခွာဖို့ စိတ်အားထက်သန်နေခဲ့သလို ချယ်ဆီး ရဲ့ လန်ဒန်ပြိုင်ဘက် စပါးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ဖူးတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ တန်မီအေဗရာဟမ်ကြောင့် ကစားချိန်မရခဲ့တဲ့ ဂျီရူးဟာ အသင်းပြောင်းဖို့စဉ်းစားတဲ့အချိန်မှာ အင်တာနဲ့လဲ ချိတ်ဆက်မှုရှိခဲ့ဖူးတာပါ။

Zawgyi – ခ်ယ္ဆီး အသင္း ဟာ ဒီေႏြမွာ အီဒူရတ္မန္ဒီကို ေခၚယူမယ့္အေျပာင္းအေ႐ႊ႕ထဲမွာ ဂ်ီ႐ူးကို အလိုက္ေပးဖို႔ ေတာင္းဆိုမႈကို ျငင္းပယ္ခဲ့ပါတယ္။ မန္ဒီဟာ အေနာက္လန္ဒန္ကို ေရာက္ရွိလာဖို႔ နီးစပ္ေနၿပီျဖစ္သလို ရန္းနက္စ္ဟာ ေပါင္၃၇သန္းနဲ႔အတူ ဂ်ီ႐ူးကို တစ္ရာသီအငွားနဲ႔ ေခၚယူခ်င္ေနတာပါ။

အသင္းမွာ ပူလီဆစ္၊ ေမဆန္ေမာင့္တို႔အျပင္ တီမိုဗာနာ၊ ကိုင္ဟားဗတ္နဲ႔ ဇီယက္ခ္်တို႔ ထပ္ေရာက္လာတာေၾကာင့္ ေနရာရဖို႔ ပို႐ုန္းကန္ရေတာ့မယ့္ အိုဒြိဳင္းကို ေခၚယူဖို႔အတြက္ ဘိုင္ယန္ျမဴးနစ္က ေနာက္တစ္ႀကိမ္ ႀကိဳးစားဖို႔ အဆင္သင့္ျဖစ္ေနသလို ဂ်ဴဗင္တပ္ကလဲ ေစာင့္ၾကည့္ေနပါတယ္။

ဝက္စ္ဟမ္းဟာ ခ်ယ္ဆီး ကစားသမား အီမာဆန္အတြက္ အင္တာမီလန္နဲ႔ အၿပိဳင္ႀကိဳးစားရဖို႔ ရွိေနပါတယ္။ ခ်ယ္ဆီး က သူတို႔ အလိုရွိေနတဲ့ ဒီကလန္႐ိုက္စ္အတြက္ အေျပာင္းအေ႐ႊ႕မွာ အီမာဆန္ကို ထည့္သြင္းေပးႏိုင္ေပမယ့္ ဝက္စ္ဟမ္းကေတာ့ ႐ိုက္စ္ကို လက္လႊတ္ဖို႔ ျငင္းဆန္ေနတာျဖစ္ပါတယ္။

ခ်ယ္ဆီး ရဲ႕ အေမ့ေလ်ာ့ခံကစားသမားေတြျဖစ္တဲ့ ဗစ္တာေမာ့ဆက္၊ ဇာပါေကာ္စတာ၊ ဒရင့္ဝါးတား၊ လီဝစ္ဘိတ္ကာတို႔ဟာ ေကာ့ဘမ္းမွာ တံခါးပိတ္ကစားခဲ့တဲ့ ေျခစမ္းပြဲမွာ ပါဝင္ခဲ့ၿပီး ဝင္ဘလီဒန္အသင္းနဲ႔ ၁ဂိုးစီ သေရက်ခဲ့ရာမွာ ေမာ့ဆက္က ပင္နယ္တီကေန တစ္ဆင့္ ခ်ယ္ဆီးအတြက္ ဂိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။

ဘန္စေလဟာ ကာရာေဘာင္းဖလား ဒုတိယအဆင့္မွာ ခ်န္ပီယံရွစ္ၿပိဳင္ဘက္ျဖစ္တဲ့ မစ္ဒယ္ဘေရာ့ကို ပက္ထရစ္ ရွမစ္၊ ေဂ်ာ္ဒန္ ဝီလီယံတို႔ရဲ႕ ဂိုးေတြနဲ႔အတူ ၂-၀နဲ႔အႏိုင္ရခဲ့တဲ့ေနာက္ တတိယအဆင့္ပြဲစဥ္မွာေတာ့ ခ်ယ္ဆီး နဲ႔ အေဝးကြင္းမွာ ေတြ႕ဆုံ ယွဥ္ၿပိဳင္ရမွာပဲျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ဒီေႏြမွာ အသင္းအင္အားျဖည့္တင္းဖို႔ ေပါင္ သန္း၂ ၀၀ေက်ာ္ သုံးစြဲခဲ့ၿပီးျဖစ္ေပမယ့္ ေနာက္ထပ္ ေခၚယူမႈေတြ လုပ္ဖို႔ စဥ္းစားေနဆဲျဖစ္ၿပီး ဝက္စ္ဟမ္းရဲ႕ ဒီကလန္႐ိုက္စ္၊ ရန္းနက္စ္ ဂိုးသမား အီဒူရတ္မန္ဒီတို႔ကို ေခၚယူဖို႔ စိတ္အား ထက္သန္ေနတာျဖစ္ပါတယ္။

ေတာရက္စ္ဟာ အန္ဖီးကေန စတန္းဖို႔ဒ္ဘရစ္ခ္်ကို ေျပာင္းလာတဲ့ေနာက္ ပုံစံေကာင္းေတြျပသဖို႔႐ုန္းကန္ခဲ့ရၿပီး ၃ႏွစ္ခြဲအတြင္း ၁၇၂ပြဲမွာ ၄၅ဂိုးသာ သြင္းယူခဲ့တာျဖစ္ေပမယ့္ သူ႔ရဲ႕က်ရႈံးမႈအတြက္ ဘယ္သူ႔ကိုမွ အျပစ္မဖို႔ခဲ့ပဲ မိမိ အမွားသာျဖစ္ေၾကာင္း ဝန္ခံခဲ့ပါတယ္။

အိုလီဗီယာ ဂ်ီ႐ူးက သူဟာ ဒီႏွစ္အေစာပိုင္းမွာ စတန္းဖို႔ဒ္ဘရစ္ခ္်ကို စြန႔္ခြာဖို႔ စိတ္အားထက္သန္ေနခဲ့သလို ခ်ယ္ဆီး ရဲ႕ လန္ဒန္ၿပိဳင္ဘက္ စပါးကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့ဖူးတယ္လို႔ ဖြင့္ဟခဲ့ပါတယ္။ တန္မီေအဗရာဟမ္ေၾကာင့္ ကစားခ်ိန္မရခဲ့တဲ့ ဂ်ီ႐ူးဟာ အသင္းေျပာင္းဖို႔စဥ္းစားတဲ့အခ်ိန္မွာ အင္တာနဲ႔လဲ ခ်ိတ္ဆက္မႈရွိခဲ့ဖူးတာပါ။