ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (16/09/20)

အာဆင်နယ်ဟာ ဖိုလာရင် ဘာလိုဂန် အတွက် ရှက်ဖီး ယူနိုက်တက်ရဲ့ ပေါင်၃သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။ ဒီနှစ် အစောပိုင်းက ဘရန့်ဖို့ဒ် ရဲ့ ပေါင် ၅သန်း ကမ်းလှမ်းမှုကိုတောင် ဂရုမစိုက်ခဲ့တဲ့ အာဆင်နယ်ဟာ အသက် ၁၉နှစ် အရွယ် ကစားသမား အတွက် အနည်းဆုံး ၈သန်းကနေ ၁၅သိန်းထိ ရရှိလိုနေတာပါ။

အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီးယန်းဟာ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ပြီး ၃ရက် အကြာမှာ ကလပ်နဲ့ တစ်ပတ်လုပ်ခ ပေါင်၃သိန်းခွဲတန် ၃နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး အာတီတာ လက်အောက် တိုးတက်လာမှု တွေက သူ့အတွက် အသင်းမှာ ဆက်ရှိနေဖို့ ဆွဲဆောင်ခဲ့ပါတယ်။

အူဘာမီးယန်း စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့နောက် အသင်းဖော် လာကာဇက်တီက သူ့ရဲ့ဝမ်းမြောက်မှုကို ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။ ပြင်သစ်သားဟာ အမ်းမရိတ်စ်မှာ အူဘာမီးယန်းရဲ့ စီနီယာအကျဆုံး တိုက်စစ် တွဲဖက်ဖြစ်ခဲ့ပြီး ဂါဘွန် တိုက်စစ်မှူးက ဘယ်တောင်ပံကို ပြောင်းလဲခဲ့တာကြောင့်သူ့အနေနဲ့ ဗဟိုတိုက်စစ်မှူး ဖြစ်လာနိုင်ဖွယ် ရှိပါတယ်။

ရူနာအဲလက်စ် ဟာ အာဆင်နယ်ထံ အပြောင်းအရွှေ့ ပြီးမြောက်ဖို့ နီးစပ်နေပြီဖြစ်ပြီး တနင်္လာနေ့မှာ ဆေးစစ်မှု ပြီးမြောက် ခဲ့ပါတယ်။ ဒီဂျွန် ဂိုးသမားဟာ ပြောင်းရွှေ့ကြေး ပေါင် ၁.၅သန်း ဝန်းကျင်နဲ့ ၅နှစ် စာချုုပ်ချုပ်ဆိုမှာဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၄သောင်း ရရှိမှာပါ။

အာဆင်နယ်ဟာ ကွင်းလယ် ခံစစ်ကစားသမား အီဗရာဟင် ဆန်ဂါရီကိုခေါ်ယူနိုင်ဖို့အတွက် စပါး၊ အေစီမီလန်တို့နဲ့အပြိုင် ကြိုးစားနေပါတယ်။ အသက်၂၂နှစ်အရွယ် လီဂူးတူး ကစားသမားဟာ နောက်နွေရာသီမှာ စာချုပ်သက်တမ်းကုန်မှာဖြစ်သလို သူ့ကို ယူရို ၁၀သန်း ဝန်းကျင်နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

အာဆင်နယ်ဟာ အူဘာမီးယန်းကို စာချုပ်သစ်ချုပ်ဆိုပြီးနောက် ကွင်းလယ်လူ ၂ယောက် ခေါ်ယူဖို့ အလိုရှိနေဆဲ ဖြစ်ပါတယ်။ သောမတ်စ် ပါတေးက သူတို့ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်ပေမယ့် သူ့ကိုခေါ်ယူနိုင်ဖို့အတွက် ကစားသမားအချို့ ထုတ်ရောင်းရမှာ ဖြစ်ပြီး အေအူရာ အတွက်လဲ ပေါင် သန်း ၄၀ ကျော် ကုန်ကျနိုင်ဖွယ် ရှိနေတာပါ။

အာဆင်နယ် အရန် ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ မြောက်လန်ဒန်မှာ ၁၀နှစ်ကြာခဲ့ပြီးနောက် ဂန်းနားတွေကို စွန့်ခွာတော့မှာ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ကလပ်အတွက် ကွန်မြူနတီဒိုင်း ရရှိအောင် ကူညီပေးခဲ့သလို ဒါဟာ အက်စ်တွန်ဗီလာထံ မပြောင်းခင် သူ့ရဲ့နောက်ဆုံးပွဲလဲဖြစ်ပါတယ်။

အာတီတာ လက်အောက် အာဆင်နယ်ဟာ အများကြီးတိုးတက်လာပြီး အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ရရှိခဲ့ပေမယ့် သူတို့နဲ့ တခြား ထိပ်သီး ကလပ်တွေကြား ကွာဟချက်ကြီးမားတာကြောင့် အခုရာသီမှာ ထိပ်ဆုံးလေးသင်းထဲ ဝင်မှာ မဟုတ်ဘူး လို့ ပေါလ်မာဆန်က ဆိုပါတယ်။

Zawgyi – အာဆင္နယ္ဟာ ဖိုလာရင္ ဘာလိုဂန္ အတြက္ ရွက္ဖီး ယူႏိုက္တက္ရဲ႕ ေပါင္၃သန္းနဲ႔ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ပါတယ္။ ဒီႏွစ္ အေစာပိုင္းက ဘရန္႔ဖို႕ဒ္ ရဲ႕ ေပါင္ ၅သန္း ကမ္းလွမ္းမႈကိုေတာင္ ဂ႐ုမစိုက္ခဲ့တဲ့ အာဆင္နယ္ဟာ အသက္ ၁၉ႏွစ္ အ႐ြယ္ ကစားသမား အတြက္ အနည္းဆုံး ၈သန္းကေန ၁၅သိန္းထိ ရရွိလိုေနတာပါ။

အာဆင္နယ္ အသင္းေခါင္းေဆာင္ အူဘာမီးယန္းဟာ ဖူလ္ဟမ္နဲ႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့ၿပီး ၃ရက္ အၾကာမွာ ကလပ္နဲ႔ တစ္ပတ္လုပ္ခ ေပါင္၃သိန္းခြဲတန္ ၃ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ၿပီး အာတီတာ လက္ေအာက္ တိုးတက္လာမႈ ေတြက သူ႔အတြက္ အသင္းမွာ ဆက္ရွိေနဖို႔ ဆြဲေဆာင္ခဲ့ပါတယ္။

အူဘာမီးယန္း စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့တဲ့ေနာက္ အသင္းေဖာ္ လာကာဇက္တီက သူ႔ရဲ႕ဝမ္းေျမာက္မႈကို ထုတ္ေဖာ္ ေျပာဆို ခဲ့ပါတယ္။ ျပင္သစ္သားဟာ အမ္းမရိတ္စ္မွာ အူဘာမီးယန္းရဲ႕ စီနီယာအက်ဆုံး တိုက္စစ္ တြဲဖက္ျဖစ္ခဲ့ၿပီး ဂါဘြန္ တိုက္စစ္မႉးက ဘယ္ေတာင္ပံကို ေျပာင္းလဲခဲ့တာေၾကာင့္သူ႔အေနနဲ႔ ဗဟိုတိုက္စစ္မႉး ျဖစ္လာႏိုင္ဖြယ္ ရွိပါတယ္။

႐ူနာအဲလက္စ္ ဟာ အာဆင္နယ္ထံ အေျပာင္းအေ႐ႊ႕ ၿပီးေျမာက္ဖို႔ နီးစပ္ေနၿပီျဖစ္ၿပီး တနလၤာေန႔မွာ ေဆးစစ္မႈ ျပီးေျမာက္ ခဲ့ပါတယ္။ ဒီဂြၽန္ ဂိုးသမားဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁.၅သန္း ဝန္းက်င္နဲ႔ ၅ႏွစ္ စာခ်ဳုပ္ခ်ဳပ္ဆိုမွာျဖစ္ၿပီး တစ္ပတ္လုပ္ခ ေပါင္ ၄ေသာင္း ရရွိမွာပါ။

အာဆင္နယ္ဟာ ကြင္းလယ္ ခံစစ္ကစားသမား အီဗရာဟင္ ဆန္ဂါရီကိုေခၚယူႏိုင္ဖို႔အတြက္ စပါး၊ ေအစီမီလန္တို႔နဲ႔အၿပိဳင္ ႀကိဳးစားေနပါတယ္။ အသက္၂၂ႏွစ္အ႐ြယ္ လီဂူးတူး ကစားသမားဟာ ေနာက္ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္မွာျဖစ္သလို သူ႔ကို ယူ႐ို ၁၀သန္း ဝန္းက်င္နဲ႔ ရရွိႏိုင္မွာျဖစ္ပါတယ္။

အာဆင္နယ္ဟာ အူဘာမီးယန္းကို စာခ်ဳပ္သစ္ခ်ဳပ္ဆိုၿပီးေနာက္ ကြင္းလယ္လူ ၂ေယာက္ ေခၚယူဖို႔ အလိုရွိေနဆဲ ျဖစ္ပါတယ္။ ေသာမတ္စ္ ပါေတးက သူတို႔ရဲ႕ ထိပ္တန္းပစ္မွတ္ျဖစ္ေပမယ့္ သူ႔ကိုေခၚယူႏိုင္ဖို႔အတြက္ ကစားသမားအခ်ိဳ႕ ထုတ္ေရာင္းရမွာ ျဖစ္ၿပီး ေအအူရာ အတြက္လဲ ေပါင္ သန္း ၄၀ ေက်ာ္ ကုန္က်ႏိုင္ဖြယ္ ရွိေနတာပါ။

အာဆင္နယ္ အရန္ ဂိုးသမား အီမီလီယာႏို မာတီနက္ဇ္ဟာ ေျမာက္လန္ဒန္မွာ ၁၀ႏွစ္ၾကာခဲ့ၿပီးေနာက္ ဂန္းနားေတြကို စြန္႕ခြာေတာ့မွာ ျဖစ္ေၾကာင္း တရား၀င္ ေၾကညာခဲ့ပါတယ္။ မာတီနက္ဇ္ဟာ ကလပ္အတြက္ ကြန္ျမဴနတီဒိုင္း ရရွိေအာင္ ကူညီေပးခဲ့သလို ဒါဟာ အက္စ္တြန္ဗီလာထံ မေျပာင္းခင္ သူ႔ရဲ႕ေနာက္ဆုံးပြဲလဲျဖစ္ပါတယ္။

အာတီတာ လက္ေအာက္ အာဆင္နယ္ဟာ အမ်ားႀကီးတိုးတက္လာၿပီး အက္ဖ္ေအဖလားနဲ႔ ကြန္ျမဴနတီဒိုင္းတို႔ကို ရရွိခဲ့ေပမယ့္ သူတို႔နဲ႔ တျခား ထိပ္သီး ကလပ္ေတြၾကား ကြာဟခ်က္ႀကီးမားတာေၾကာင့္ အခုရာသီမွာ ထိပ္ဆုံးေလးသင္းထဲ ဝင္မွာ မဟုတ္ဘူး လို႔ ေပါလ္မာဆန္က ဆိုပါတယ္။