လမ်းပတ် ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ တစ်ဦး ဖြစ်လာမယ်လို့ ထောက်ခံမှု ထွက်ပေါ်

ချယ်ဆီးအသင်း နည်းပြဟောင်း တစ်ဦး ဖြစ်တဲ့ အန်တိုနီယို ကွန်တီက လက်ရှိ ချယ်ဆီးနည်းပြ လမ်းပတ်ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းမန်နေဂျာတွေထဲ က တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ထောက်ခံ ပြောဆိုလိုက်ပါတယ်။

ချယ်ဆီး အသင်းသားဟောင်း လမ်းပတ်ဟာ ပြီးခဲ့တဲ့နွေကမှ စတန်းဖို့ဘရစ်ချ်ထံ နည်းပြ အဖြစ် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ချယ်ဆီး မတိုင်ခင်က ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းကို ကိုင်တွယ်ခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ပိတ်ပင်ခံရမှုများ ခံထားရပြီး အားထားရတဲ့ ဟာဇက်ကို လက်လွှတ်ရသည့်တိုင် ဒီရာသီ လမ်းပတ် နည်းပြမှုနဲ့ အစွမ်းထက်တဲ့ အသင်း ဖြစ်ခဲ့ပါတယ်။

ကွန်တီကတော့ ချယ်ဆီးအသင်းထံ ၂၀၁၆ မှာ နည်းပြ အဖြစ် ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ထိုမတိုင်ခင်က စီးရီးအေမှာ ၃ ကြိမ် ဗိုလ်စွဲခဲ့တဲ့ နည်းပြကောင်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အင်တာမီလန်အသင်းမှာ နည်းပြ ဖြစ်ပါတယ်။

” ဒါက ဒါဘီပြီးတဲ့နောက် ဖရန့်ရဲ့ ဒုတိယ အတွေ့အကြုံပါ။ ထိပ်သီးအသင်းတစ်သင်းကို နည်းပြလုပ်ရတာ စီမံရတာ မလွယ်ကူပါဘူး။ ဒါပေမယ့် သူ့မှာ ကမ္ဘာ့အကောင်းဆုံး မန်နေဂျာ တစ်ဦး ဖြစ်လာဖို့ အရည်အချင်းတွေ ကျွမ်းကျင်မှုတွေ အပြည့်အစုံ ရှိတယ်။ သူ့အနေနဲ့ ဒီတိုင်းသာ ဆက် အလုပ်လုပ်သွားဖို့ လိုတာပါ။ ကျနော့်က သူ အကောင်းဆုံး လုပ်ပြနိုင်ပါစေ ဆန္ဒပြုပါတယ်။ ” လို့ ကွန်တီက ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ လက်ရှိ အချိန်မှာ ပရီးမီးယားလိဂ် အဆင့် ၄ နေရာမှာ ရှိနေတဲ့ အပြင် ချန်ပီယံလိဂ်မှာလည်း ၁၆ သင်း ရှုံးထွက် အဆင့်မှာ ရောက်ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း နည္းျပေဟာင္း တစ္ဦး ျဖစ္တဲ့ အန္တိုနီယို ကြန္တီက လက္ရွိ ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ ကမၻာ့အေကာင္းဆံုး အသင္းမန္ေနဂ်ာေတြထဲ က တစ္ေယာက္ ျဖစ္လာလိမ့္မယ္လို႔ ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

ခ်ယ္ဆီး အသင္းသားေဟာင္း လမ္းပတ္ဟာ ျပီးခဲ့တဲ့ေႏြကမွ စတန္းဖို႔ဘရစ္ခ်္ထံ နည္းျပ အျဖစ္ ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး ခ်ယ္ဆီး မတိုင္ခင္က ခ်န္ပီယံရွစ္ကလပ္ ဒါဘီေကာင္တီအသင္းကို ကိုင္တြယ္ခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ အေျပာင္းအေရႊ႕ ပိတ္ပင္ခံရမႈမ်ား ခံထားရျပီး အားထားရတဲ့ ဟာဇက္ကို လက္လႊတ္ရသည့္တိုင္ ဒီရာသီ လမ္းပတ္ နည္းျပမႈနဲ႕ အစြမ္းထက္တဲ့ အသင္း ျဖစ္ခဲ့ပါတယ္။

ကြန္တီကေတာ့ ခ်ယ္ဆီးအသင္းထံ ၂၀၁၆ မွာ နည္းျပ အျဖစ္ ကိုင္တြယ္ခဲ့တာ ျဖစ္ျပီး ထိုမတိုင္ခင္က စီးရီးေအမွာ ၃ ၾကိမ္ ဗိုလ္စြဲခဲ့တဲ့ နည္းျပေကာင္း ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ အင္တာမီလန္အသင္းမွာ နည္းျပ ျဖစ္ပါတယ္။

” ဒါက ဒါဘီျပီးတဲ့ေနာက္ ဖရန္႔ရဲ႕ ဒုတိယ အေတြ႔အၾကံဳပါ။ ထိပ္သီးအသင္းတစ္သင္းကို နည္းျပလုပ္ရတာ စီမံရတာ မလြယ္ကူပါဘူး။ ဒါေပမယ့္ သူ႔မွာ ကမၻာ့အေကာင္းဆံုး မန္ေနဂ်ာ တစ္ဦး ျဖစ္လာဖို႔ အရည္အခ်င္းေတြ ကၽြမ္းက်င္မႈေတြ အျပည့္အစံု ရွိတယ္။ သူ႔အေနနဲ႕ ဒီတိုင္းသာ ဆက္ အလုပ္လုပ္သြားဖို႔ လိုတာပါ။ က်ေနာ့္က သူ အေကာင္းဆံုး လုပ္ျပနုိင္ပါေစ ဆႏၵျပဳပါတယ္။ ” လို႔ ကြန္တီက ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ လက္ရွိ အခ်ိန္မွာ ပရီးမီးယားလိဂ္ အဆင့္ ၄ ေနရာမွာ ရွိေနတဲ့ အျပင္ ခ်န္ပီယံလိဂ္မွာလည္း ၁၆ သင္း ရွံဳးထြက္ အဆင့္မွာ ေရာက္ရွိေနပါတယ္။