ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (17/09/20)

အေစီမီလန်ဟာ ချဲလ်ဆီးနဲ့ အပြောင်းအရွှေ့ သဘောတူညီမှုရရှိခဲ့ပြီးနောက် ဘာကာယိုကိုကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ ယူရို သန်း ၃၀ နဲ့ အပြီးသတ်ဝယ်ယူခွင့် ပါဝင်တဲ့ ကနဦး အငှားအပြောင်းအရွှေ့ တန်ဖိုးက ယူရို ၃ သန်း ရှိမှာဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးဟာ ရန်းနက်စ် ဂိုးသမား မန်ဒီအတွက် ဆွေးနွေးညှိနှိုင်းမှုကို အပြီးသတ်နိုင်ဖို့ အခက်အခဲဖြစ်နေပါတယ်။ နှစ်သင်းလုံးဟာ ပြောင်းရွှေ့ကြေးနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပေမယ့်လဲ ရန်းနက်စ်က တိုမိုရီကို အငှားခေါ်ယူလိုနေတာဖြစ်ပြီး တိုမိုရီကတော့ ချဲလ်ဆီးကနေ ထွက်ခွာဖို့ စိတ်မဝင်စားတာဖြစ်ပါတယ်။

လီဗာပူးဟာ ဒီနွေရာသီမတိုင်ခင်အထိ အင်္ဂလန်ရဲ့ ဂျာစီရောင်းရနှုန်း အမြင့်ဆုံးကလပ်ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အိမ်ကွင်းဂျာစီ ရောင်းရနှုန်းက ၁၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ချဲလ်ဆီးက အံ့အားသင့်ဖွယ် ၈၄ ရာခိုင်နှုန်းထိ တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်း အကြီးအကဲတွေက ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန်ရိုက်စ်ရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၇၃ သန်းဟာ မတန်တဆ များလွန်းတယ်လို့ ယုံကြည်နေပေမယ့် လမ်းပတ်က သူ့ကို အလိုရှိနေတာကြောင့် အသင်းမှာ အငြင်းပွားမှုတွေ ရှိနေပါတယ်။

ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ တိုးတက်လာမှုတွေကြောင့် အာဆင်နယ်နဲ့ စပါးအသင်းဟာ ရာသီကုန်မှာ ထိပ်ဆုံးလေးနေရာနဲ့ လွဲချော်ရလိမ့်မယ်လို့ ယူနိုက်တက် ဂန္တဝင် ရီယိုဖာဒီနန်က ယုံကြည်နေပါတယ်။

လီဗာပူးအသင်းအနေနဲ့ ဖာမီနိုအတွက် အပြိုင်ဖြစ်အောင် နောက်ထပ် တိုက်စစ်မှူးတစ်ယောက် ခေါ်ယူဖို့ လိုအပ်နေသလို အဲ့ဒီ့အတွက် တီမိုဗာနာက အသင့်တော်ဆုံး ကစားသမားဖြစ်ခဲ့ပေမယ့် သူ ချဲလ်ဆီးကို ပြောင်းရွှေ့သွားတာကြောင့် နစ်နာခဲ့ရတယ်လို့ ဂျွန်အယ်ဒရစ်က ယုံကြည်နေပါတယ်။

အဲဗာတန်ဟာ ချဲလ်ဆီးဗဟိုနောက်ခံလူ ဖီကာယို တိုမိုရီကို စိတ်ဝင်စားနေပြီး အငှားခေါ်ယူနိုင်ဖို့ သဘောတူညီမှုရဖို့ နီးစပ်နေပါတယ်။ မေဆန်ဟိုးလ်ဂိတ် ဒဏ်ရာရခဲ့တဲ့နောက် ရွေးချယ်စရာနည်းပါးတဲ့ ဗဟိုခံစစ်ကို တိုမိုရီနဲ့ အားဖြည့်ဖို့ အန်ဆယ်လော့တီက အလိုရှိနေတာဖြစ်ပါတယ်။

ချဲလ်ဆီးကစားသမားသစ် တီမိုဗာနာဟာ လန်ဒန်မှာ အသွားအလာ မကျွမ်းကျင်သေးတာနဲ့ ဘာသာစကား အခက်အခဲကလွဲရင် အားလုံးအဆင်ပြေကြောင်း ပြောဆိုခဲ့ပြီး ချဲလ်ဆီးအသင်းနဲ့အတူ ဆုဖလားတွေ အောင်မြင်ဖို့က အဓိက ရည်ရွယ်ချက်ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ZAWGYI

ေအစီမီလန္ဟာ ခ်ဲလ္ဆီးနဲ႔ အေျပာင္းအေ႐ႊ႕ သေဘာတူညီမႈရရွိခဲ့ၿပီးေနာက္ ဘာကာယိုကိုကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။ ယူ႐ို သန္း ၃၀ နဲ႔ အၿပီးသတ္ဝယ္ယူခြင့္ ပါဝင္တဲ့ ကနဦး အငွားအေျပာင္းအေ႐ႊ႕ တန္ဖိုးက ယူ႐ို ၃ သန္း ရွိမွာျဖစ္တယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးဟာ ရန္းနက္စ္ ဂိုးသမား မန္ဒီအတြက္ ေဆြးေႏြးညႇိႏႈိင္းမႈကို အၿပီးသတ္ႏိုင္ဖို႔ အခက္အခဲျဖစ္ေနပါတယ္။ ႏွစ္သင္းလုံးဟာ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရခဲ့ေပမယ့္လဲ ရန္းနက္စ္က တိုမိုရီကို အငွားေခၚယူလိုေနတာျဖစ္ၿပီး တိုမိုရီကေတာ့ ခ်ဲလ္ဆီးကေန ထြက္ခြာဖို႔ စိတ္မဝင္စားတာျဖစ္ပါတယ္။

လီဗာပူးဟာ ဒီေႏြရာသီမတိုင္ခင္အထိ အဂၤလန္ရဲ႕ ဂ်ာစီေရာင္းရႏႈန္း အျမင့္ဆုံးကလပ္ျဖစ္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ အိမ္ကြင္းဂ်ာစီ ေရာင္းရႏႈန္းက ၁၂ ရာခိုင္ႏႈန္း က်ဆင္းခဲ့ၿပီး ခ်ဲလ္ဆီးက အံ့အားသင့္ဖြယ္ ၈၄ ရာခိုင္ႏႈန္းထိ တိုးတက္လာခဲ့တယ္လို႔ သိရပါတယ္။

ခ်ဲလ္ဆီးအသင္း အႀကီးအကဲေတြက ဝက္စ္ဟမ္းၾကယ္ပြင့္ ဒီကလန္႐ိုက္စ္ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၃ သန္းဟာ မတန္တဆ မ်ားလြန္းတယ္လို႔ ယုံၾကည္ေနေပမယ့္ လမ္းပတ္က သူ႔ကို အလိုရွိေနတာေၾကာင့္ အသင္းမွာ အျငင္းပြားမႈေတြ ရွိေနပါတယ္။

ယခုရာသီမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ တိုးတက္လာမႈေတြေၾကာင့္ အာဆင္နယ္နဲ႔ စပါးအသင္းဟာ ရာသီကုန္မွာ ထိပ္ဆုံးေလးေနရာနဲ႔ လြဲေခ်ာ္ရလိမ့္မယ္လို႔ ယူႏိုက္တက္ ဂႏၲဝင္ ရီယိုဖာဒီနန္က ယုံၾကည္ေနပါတယ္။

လီဗာပူးအသင္းအေနနဲ႔ ဖာမီႏိုအတြက္ အၿပိဳင္ျဖစ္ေအာင္ ေနာက္ထပ္ တိုက္စစ္မႉးတစ္ေယာက္ ေခၚယူဖို႔ လိုအပ္ေနသလို အဲ့ဒီ့အတြက္ တီမိုဗာနာက အသင့္ေတာ္ဆုံး ကစားသမားျဖစ္ခဲ့ေပမယ့္ သူ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕သြားတာေၾကာင့္ နစ္နာခဲ့ရတယ္လို႔ ဂြၽန္အယ္ဒရစ္က ယုံၾကည္ေနပါတယ္။

အဲဗာတန္ဟာ ခ်ဲလ္ဆီးဗဟိုေနာက္ခံလူ ဖီကာယို တိုမိုရီကို စိတ္ဝင္စားေနၿပီး အငွားေခၚယူႏိုင္ဖို႔ သေဘာတူညီမႈရဖို႔ နီးစပ္ေနပါတယ္။ ေမဆန္ဟိုးလ္ဂိတ္ ဒဏ္ရာရခဲ့တဲ့ေနာက္ ေ႐ြးခ်ယ္စရာနည္းပါးတဲ့ ဗဟိုခံစစ္ကို တိုမိုရီနဲ႔ အားျဖည့္ဖို႔ အန္ဆယ္ေလာ့တီက အလိုရွိေနတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးကစားသမားသစ္ တီမိုဗာနာဟာ လန္ဒန္မွာ အသြားအလာ မကြၽမ္းက်င္ေသးတာနဲ႔ ဘာသာစကား အခက္အခဲကလြဲရင္ အားလုံးအဆင္ေျပေၾကာင္း ေျပာဆိုခဲ့ၿပီး ခ်ဲလ္ဆီးအသင္းနဲ႔အတူ ဆုဖလားေတြ ေအာင္ျမင္ဖို႔က အဓိက ရည္႐ြယ္ခ်က္ျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။