မနက်ပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (17/09/20)

မေဆန်ဂရင်းဝုဒ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရှိနေစဉ်အတွင်း သူလုပ်ခဲ့တဲ့ အပြုအမူအတွက် ယူနိုက်တက် နည်းပြ အိုလီဂန်နာဆိုးလ်ရှားက အပြစ်ပေးတဲ့အနေနဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ တွေ့ဆုံရမယ့် ပရီးမီးယားလိဂ်ရာသီသစ် ပထမဆုံးပွဲကို လွဲချော်ရနိုင်ခြေ ရှိပါတယ်။

ဘီလျံနာကြီး ပရိုခိုရော့ဗ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ရုရှားမီဒီယာတွေက ဖော်ပြနေကြပါတယ်။ အသက် ၅၅နှစ်အရွယ် သူဌေးကြီးဟာ ၉နှစ်ခွဲကြာ NBA ကလပ်တစ်ခုမှာ အဓိက ရှယ်ယာဝင်ခဲ့ပြီးနောက် ပရော်ဖက်ရှင်နယ် အားကစားအသင်းတစ်သင်းကို ဝယ်ယူဖို့ အလိုရှိနေတာပါ။

မန်ချက်စတာယူနိုက်တက်ဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရနိုင်ဖွယ်ရှိတဲ့ ဂျူဗင်တပ်ကြယ်ပွင့် ခီဒီရာကို ဆက်လက်စောင့်ကြည့်နေပါတယ်။ ဂျူဗင်တပ်ဟာ သူ့ရဲ့စာချုပ်ကို ဖျက်သိမ်းဖို့ နီးစပ်နေပြီဖြစ်တာကြောင့် ဖရီးအေးဂျင့်ဖြစ်တော့မယ့် ကွင်းလယ်လူကိုယူနိုက်တက်က ခေါ်ယူနိုင်တာပဲဖြစ်ပါတယ်။

ဂါရတ်ဘေးဟာ စပါးကိုပြန်ဖို့ နီးစပ်နေပြီဖြစ်ကြောင်း အေးဂျင့် ဂျွန်နသန်ဘားနတ်က ပြောဆိုခဲ့ပေမယ့်လဲ မန်ချက်စတာယူနိုက်တက်က သူ့ကိုခေါ်ယူနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာ နေရာပျောက်နေတဲ့ ဝေးလ်ကြယ်ပွင့်ဟာ အောက်တိုလာ ၁ ရက်မတိုင်ခင် အသင်းပြောင်းရွှေ့ဖို့ ရှိနေတာဖြစ်ပါတယ်။

ဒွန်နီဗန်ဒီဘိခ်ကို ခေါ်ယူခဲ့ပြီးတာတောင်မှ ယူနိုက်တက်ဟာ နောက်ထပ် ကွင်းလယ်လူတစ်ယောက်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ နီမန်ဂျာမာတစ်လက်သစ်အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ရာစစ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ မာတစ်ရဲ့နေရာကို အစားထိုးနိုင်တဲ့ ခံစစ်စွမ်းရည်ရှိသူဖြစ်ပါတယ်။

ဒီနွေမှာ ချဲလ်ဆီးက ပေါင်သန်း ၂၀၀ ကျော်သုံးစွဲပြီး ကစားသမားသစ်တွေ ခေါ်ယူခဲ့ပေမယ့် ယူနိုက်တက်ကတော့ ဗန်ဒီဘိခ် တစ်ယောက်ကိုသာ ပေါင်သန်း ၄၀ နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်သလို သရဲနီပရိသတ်တွေက ကလပ်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှု ကင်းမဲ့မှုအတွက် စိတ်ပျက်နေကြတယ်လို့ ရီယိုဖာဒီနန်က ဆိုပါတယ်။

မေဆန်ဂရင်းဝုဒ်ဟာ မနှစ်က ယူနိုက်တက်အတွက် ၁၇ ဂိုးသွင်းယူပေးခဲ့တဲ့နောက် ဥရောပ Golden Boy ဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ မူလရွေးချယ်ထားတဲ့ အယောက်၁၀၀ထဲကနေ အယောက် ၄၀ စာရင်းကို ထပ်မံထုတ်ပြန်ခဲ့တာဖြစ်ပြီး ဆန်ချို၊ ဖိုဒန်၊ အိုဒွိုင်း၊ ဟာလန်း၊ ဘူကာယိုဆာကာ၊ နီကိုဝီလီယံတို့လဲ ပါဝင်လာခဲ့တာပါ။

ZAWGYI

ေမဆန္ဂရင္းဝုဒ္ဟာ အဂၤလန္လက္ေ႐ြးစင္အသင္းမွာ ရွိေနစဥ္အတြင္း သူလုပ္ခဲ့တဲ့ အျပဳအမူအတြက္ ယူႏိုက္တက္ နည္းျပ အိုလီဂန္နာဆိုးလ္ရွားက အျပစ္ေပးတဲ့အေနနဲ႔ ခရစၥတယ္ပဲေလ့စ္နဲ႔ ေတြ႕ဆုံရမယ့္ ပရီးမီးယားလိဂ္ရာသီသစ္ ပထမဆုံးပြဲကို လြဲေခ်ာ္ရႏိုင္ေျခ ရွိပါတယ္။

ဘီလ်ံနာႀကီး ပ႐ိုခိုေရာ့ဗ္ဟာ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဝယ္ယူဖို႔ စိတ္ဝင္စားေနတယ္လို႔ ႐ုရွားမီဒီယာေတြက ေဖာ္ျပေနၾကပါတယ္။ အသက္ ၅၅ႏွစ္အ႐ြယ္ သူေဌးႀကီးဟာ ၉ႏွစ္ခြဲၾကာ NBA ကလပ္တစ္ခုမွာ အဓိက ရွယ္ယာဝင္ခဲ့ၿပီးေနာက္ ပေရာ္ဖက္ရွင္နယ္ အားကစားအသင္းတစ္သင္းကို ဝယ္ယူဖို႔ အလိုရွိေနတာပါ။

မန္ခ်က္စတာယူႏိုက္တက္ဟာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရႏိုင္ဖြယ္ရွိတဲ့ ဂ်ဴဗင္တပ္ၾကယ္ပြင့္ ခီဒီရာကို ဆက္လက္ေစာင့္ၾကည့္ေနပါတယ္။ ဂ်ဴဗင္တပ္ဟာ သူ႔ရဲ႕စာခ်ဳပ္ကို ဖ်က္သိမ္းဖို႔ နီးစပ္ေနၿပီျဖစ္တာေၾကာင့္ ဖရီးေအးဂ်င့္ျဖစ္ေတာ့မယ့္ ကြင္းလယ္လူကိုယူႏိုက္တက္က ေခၚယူႏိုင္တာပဲျဖစ္ပါတယ္။

ဂါရတ္ေဘးဟာ စပါးကိုျပန္ဖို႔ နီးစပ္ေနၿပီျဖစ္ေၾကာင္း ေအးဂ်င့္ ဂြၽန္နသန္ဘားနတ္က ေျပာဆိုခဲ့ေပမယ့္လဲ မန္ခ်က္စတာယူႏိုက္တက္က သူ႔ကိုေခၚယူႏိုင္ဖို႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္မွာ ေနရာေပ်ာက္ေနတဲ့ ေဝးလ္ၾကယ္ပြင့္ဟာ ေအာက္တိုလာ ၁ ရက္မတိုင္ခင္ အသင္းေျပာင္းေ႐ႊ႕ဖို႔ ရွိေနတာျဖစ္ပါတယ္။

ဒြန္နီဗန္ဒီဘိခ္ကို ေခၚယူခဲ့ၿပီးတာေတာင္မွ ယူႏိုက္တက္ဟာ ေနာက္ထပ္ ကြင္းလယ္လူတစ္ေယာက္ကိုေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ နီမန္ဂ်ာမာတစ္လက္သစ္အျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ ရာစစ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ မာတစ္ရဲ႕ေနရာကို အစားထိုးႏိုင္တဲ့ ခံစစ္စြမ္းရည္ရွိသူျဖစ္ပါတယ္။

ဒီေႏြမွာ ခ်ဲလ္ဆီးက ေပါင္သန္း ၂၀၀ ေက်ာ္သုံးစြဲၿပီး ကစားသမားသစ္ေတြ ေခၚယူခဲ့ေပမယ့္ ယူႏိုက္တက္ကေတာ့ ဗန္ဒီဘိခ္ တစ္ေယာက္ကိုသာ ေပါင္သန္း ၄၀ နဲ႔ ေခၚယူႏိုင္ခဲ့တာျဖစ္သလို သရဲနီပရိသတ္ေတြက ကလပ္ရဲ႕ အေျပာင္းအေ႐ႊ႕ လႈပ္ရွားမႈ ကင္းမဲ့မႈအတြက္ စိတ္ပ်က္ေနၾကတယ္လို႔ ရီယိုဖာဒီနန္က ဆိုပါတယ္။

ေမဆန္ဂရင္းဝုဒ္ဟာ မႏွစ္က ယူႏိုက္တက္အတြက္ ၁၇ ဂိုးသြင္းယူေပးခဲ့တဲ့ေနာက္ ဥေရာပ Golden Boy ဆုအတြက္ ဆန္ကာတင္စာရင္းမွာ ပါဝင္ခဲ့ပါတယ္။ မူလေ႐ြးခ်ယ္ထားတဲ့ အေယာက္၁၀၀ထဲကေန အေယာက္ ၄၀ စာရင္းကို ထပ္မံထုတ္ျပန္ခဲ့တာျဖစ္ၿပီး ဆန္ခ်ိဳ၊ ဖိုဒန္၊ အိုဒြိဳင္း၊ ဟာလန္း၊ ဘူကာယိုဆာကာ၊ နီကိုဝီလီယံတို႔လဲ ပါဝင္လာခဲ့တာပါ။