ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (17/09/20)
ဝက်စ်ဟမ်းဟာ အာဆင်နယ် နောက်ခံလူ ကိုလာဆီနက်အပေါ် သူတို့ရဲ့ စိတ်ဝင်စားမှုကို ပြသခဲ့ပါတယ်။ အာဆင်နယ်ဟာ ဘယ် နောက်တန်းနေရာအတွက် တီရာနေးကို ပိုမိုနှစ်သက်နေတာကြောင့် အသက်၂၇နှစ် အရွယ် ကစားသမားကို အမ်းမရိတ်စ်ကနေ ခေါ်ထုတ်ဖို့ ဝက်စ်ဟမ်းက အလိုရှိနေတာပါ။
အာဆင်နယ်က ပစ်မှတ်ထားနေတဲ့ တူလု့စ် ကွင်းလယ်လူ အီဗရာဟင် ဆန်ဂါရီကို အေစီမီလန်ကလဲ စိတ်ဝင်စားနေပါတယ်။ ဂန်းနားတွေဟာ အူရာနဲ့ သောမတ်ပါတေးတို့ကို အလိုရှိခဲ့ပေမယ့် သူတို့ရဲ့တန်ကြေးက မသေးလှတာကြောင့် ဆန်ဂါရီဘက်ကို မြှားဦးလှည့်ခဲ့တာပဲဖြစ်ပါတယ်။
ရော့ဘ်ဟိုးဒင်းဟာ ဝက်စ်ဟမ်းရဲ့ စိတ်ဝင်စားမှုကိုရ ရှိနေပေမယ့်လဲ တစ်ရာသီ အငှားနဲ့ အာဆင်နယ်ကို စွန့်ခွာဖို့ အခွင့်အရေးကို ပယ်ချဖို့ ရှိနေပါတယ်။ ဟမ်းမားတွေက သူ့ကို ပေါင်၅သန်းနဲ့ ကမ်းလှမ်းဖို့ဆန္ဒရှိခဲ့ပေမယ့်လဲ နောက်ခံလူက ဂန်းနားတွေဆီမှာ ပွဲထွက်နေရာတစ်နေရာရဖို့ အလိုရှိနေတာပါ။
ရိုးမားတိုက်စစ်ကစားသမားဟောင်း စတီဖန် အယ်ရှာရာဝေးဟာ တရုတ်ကနေ ဥရောပကို ပြန်လာဖို့ အလိုရှိနေသလို အာဆင်နယ်က သူ့ကို ခေါ်ယူလိုနေတယ်လို့သိရပါတယ်။ မီလန်နဲ့ မိုနာကိုတို့မှာ ကစားခဲ့ပြီး ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ အတွေ့အကြုံရှိခဲ့တာက အာဆင်နယ်ရဲ့ လူငယ်ကစားသမားတွေအတွက် ကောင်းမွန်တဲ့ အားဖြည့်မှု ဖြစ်စေမှာပါ။
ဂန်းနားတွေနဲ့ ချိတ်ဆက်မှုရှိခဲ့တဲ့ လိုင်ယွန်ကွင်းလယ်လူ အာဝါ အတွက် ဘာကမ်းလှမ်းမှု မရှိထားဘူးလို့ အားကစားဒါရိုက်တာ ဂျူနင်ဟိုက အတည်ပြုခဲ့ပေမယ့် အာဆင်နယ်က သူ့အတွက် ယူရိုသန်း၄၀ ဝန်းကျင်နဲ့ ကမ်းလှမ်းမှုလုပ်ဖို့ ပြင်ဆင်ထားတယ်လို့ ပြင်သစ်သတင်းတွေက ဆိုပါတယ်။
အာဆင်နယ်ဟာ ဒီဂျွန်အသင်းရဲ့ ရူနာဆန်ကို ခေါ်ယူဖို့ ကြိုးစားနေတာနဲ့အတူ မတ်မာစီက အမ်းမရိတ်စ်ကနေ စွန့်ခွာဖို့ ပြင်နေပါတယ်။ သူဟာ အီမီလီယာနို မာတီနက်ဇ် မရှိတဲ့အတွက် ဖူလ်ဟမ်နဲ့ပွဲမှာ ဂိုးပေါက်တာဝန်ယူခဲ့ရပေမယ့် ရူနာဆန် ရောက်လာဖို့ရှိတဲ့နောက် ကစားခွင့်ပိုရဖို့ အသင်းပြောင်းလိုနေတာပါ။
ကိုလာဆီနက်ဟာ လေဗာကူဆင်ထံက စိတ်ဝင်စားမှုကို ရရှိနေပြီး ကလပ်နှစ်ခုကြား ခိုင်မာတဲ့ ပြောဆို ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။ ပြောင်းရွှေ့ကြေးက ယူရို ၁၀ သန်း သာရှိပေမယ့် တစ်နှစ် လုပ်ခ ပေါင် ၉သန်း ကုန်ကျနိုင်တဲ့ ကစားသမားရဲ့လစာက ဂျာမန်ကလပ်အတွက် ဝန်လေးနေစေပါတယ်။
အူဘာမီးယန်းက အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဆိုမှုမှာ နည်းပြက အဓိက တိုက်တွန်းခဲ့သူဖြစ်တယ်လို့ ဆိုပြီး သူ့အနေနဲ့ အာဆင်နယ် မှာ ဂန္တဝင်ကစားသမား ဖြစ်နိုင်တယ်ဆိုတဲ့ အာတီတာရဲ့ ပြောဆိုမှုကြောင့် အသင်းကနေ မထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်။