တနင်္ဂနွေနေ့ညပွဲအဖြစ် ဝုဗ် ၁-၂ မန်စီးတီး ပွဲအတွင်း ဂျွန်စတုန်းရဲ့ နောက်ကျဂိုးကို ဘာကြောင်း ပေးခဲ့လဲအတွက် ပရီးမီးယားလိဂ်ဘက်က ထုတ်ပြန်ချက် ပြုလုပ်ထားပါတယ်။
ပွဲချိန် မိနစ် ၉၀ အကျော်မှာ ရခဲ့တဲ့ ထောင့်ကန်ဘောကနေ ဂျွန်စတုန်းက သွင်းယူခဲ့ပေမယ့် အသင်းဖော် ဘာနာဒို လူကျွံနေကြောင်းနဲ့ ဝုဗ်ဂိုးသမားရဲ့ မြင်ကွင်းကို ပိတ်ထားခဲ့ကြောင်းတွေကြောင့် ကွင်းလယ်ဒိုင်က ဂိုးမပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဒီဖြစ်ရပ်ကို VAR က ပြန်ကြည့်ရာမှာ ဘာနာဒိုဟာ သွင်းဂိုးနဲ့ လုံးဝ သက်ဆိုင်ခဲ့ခြင်း မရှိဘူးလို့ ယုံကြည်တာကြောင့် ကွင်းလယ်ဒိုင်ကို ပြန်ကြည့်စေပြီး အဆုံးအဖြတ် ခံယူခဲ့တာ ဖြစ်ပါတယ်။ အဲ့ကတစ်ဆင့် မန်စီးတီးက အနိုင်ဂိုး ပြန်ရခဲ့ပါတယ်။
ပရီးမီးယားလိဂ် Match Centre ဘက်ကတော့ ” ဘာနာဒိုဆေးဗားက လူကျွံအနေအထားမှာ ရောက်ရှိနေတာရယ်၊ ဂိုးသမားရဲ့ မြင်ကွင်းကို ပိတ်နေတာရယ်အတွက် ကွင်းတွင်းမှာ ဒိုင်လူကြီးက ဂျွန်စတုန်းရဲ့ သွင်းဂိုးကို ခွင့်ပြုခဲ့ခြင်း မရှိပါဘူး။
VAR ဘက်က ဘာနာဒိုဟာ ဂိုးသမားမြင်ကွင်းကို ပိတ်နေတဲ့ လိုင်းထဲမှာ ရှိမနေသလို ဂိုးသမားအပေါ် ဘာသက်ရောက်မှုမှ မရှိခဲ့ကြောင်း ကွင်းတွင်းထင်မြင်ချက် အပေါ် ပြန်သုံးသပ်ကာ အကြံပြုမှုပေးခဲ့တာဖြစ်ပါတယ်။
ကွင်းလယ်ဒိုင်ဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ခဲ့ပြီး သွင်းဂိုး ပြန်ပေးခဲ့ပါတယ် ” လို့ ထုတ်ပြန်ထားပါတယ်။