ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (17/09/20)

ယူနိုက်တက် ဂိုးသမား ဒေးဗစ် ဒီဂီယာဟာ အမှားတွေ ကျူးလွန်မိခဲ့တာ မှန်ပေမယ့် နှစ်တွေများစွာ လက်စွမ်းပြ သက်သေပြခဲ့သလိုမျိုး တကျော့ပြန် ပြန်အစွမ်းပြလာ လိမ့်မယ် ယုံကြည်ကြောင်း ဂိုးသမားဟောင်းကြီး ဗန်ဒါဆားက ထောက်ခံ ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့အပတ်က ဗီလာနဲ့ ခြေစမ်းပွဲမှာ မပါဝင်နိုင်ခဲ့တဲ့ ယူနိုက်တက် ကွင်းလယ်သမား ပေါ့ဘာဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲ ပဲလေ့စ်နဲ့ ပွဲမှာလည်း ဆက်လက် လွဲချော်ဖွယ် ရှိပါတယ်။ လူငယ် ကစားသမား တူရမ်ဇီဘီကတော့ ဒဏ်ရာ ခွဲစိတ်မှု ခံယူထားတာကြောင့် သေချာပေါက် မပါဝင်နိုင်မယ့် ကစားသမား ဖြစ်ပါတယ်။

အင်္ဂလန်သား တိုက်စစ်သမား ဆန်ချိုဟာ ယူနိုက်တက်ထံ ပြောင်းရွှေ့လိုတာကြောင့် ဒေါ့မွန် ဘုတ်အဖွဲ့ထံ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဂျာမန်ကလပ် အလိုရှိတဲ့ ပြောင်းရွှေ့ကြေးကို ယူနိုက်တက်က မလိုက်လျောခဲ့တာကြောင့် အပြောင်းအရွှေ့ ကိစ္စ ရပ်တန့်သွားတဲ့ အပေါ် နောက်ဆုံးမှာ လက်ခံခဲ့ပြီလို့ သိရပါတယ်။

မန်ချက်စတာ ယူနိုက်တက် စိတ်ဝင်စား စောင့်ကြည့်တယ် သတင်းထွက်ခဲ့ပေမယ့် ကမ်းလှမ်း ညှိနှိုင်းတဲ့အဆင့်ထိ မရောက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ် ကွင်းလယ်ကစားသမား သီယေဂို အယ်ကန်တာရာ ဟာ လီဗာပူးအသင်းထံ ပေါင် သန်း ၂၀ နဲ့ ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။

လူငယ်တိုက်စစ်သမား မေဆန်ဂရင်းဝုဒ်ဟာ အင်္ဂလန် အသင်းထံက ပြန်လာကာစမှာ တစ်ဦးတည်း လေ့ကျင့်ခဲ့ပေမယ့် ဒီတစ်ပတ်ထဲမှာတော့ အသင်းလိုက် လေ့ကျင့်မှုတွေမှာ ပူးပေါင်းခဲ့ပြီ ဖြစ်ပါတယ်။ ပဲလေ့စ်နဲ့ ပွဲမှာ ဂရင်းဝုဒ်ကို ထည့်သုံးဖို့တော့ နည်းပြဆိုးရှားက စောင့်ကြည့်နေဆဲလို့ သိရပါတယ်။

ပေါ်တို ခံစစ်မှူး အဲလက်စ် တဲလက်စ်ရဲ့ အေးဂျင့်ကတော့ ပေါ်တူဂီကလပ်အား တဲလက်စ်အတွက် မန်ချက်စတာ ယူနိုက်တက်ထံ က ကမ်းလှမ်းမှု လာတော့မယ်လို့ ကြိုတင် အသိပေးခဲ့ကြောင်း ဒေသခံ သတင်းများက ဖော်ပြနေပါတယ်။

Zawgyi – ယူနိုက္တက္ ဂိုးသမား ေဒးဗစ္ ဒီဂီယာဟာ အမွားေတြ က်ဴးလြန္မိခဲ့တာ မွန္ေပမယ့္ နွစ္ေတြမ်ားစြာ လက္စြမ္းျပ သက္ေသျပခဲ့သလိုမ်ိဳး တေက်ာ့ျပန္ ျပန္အစြမ္းျပလာ လိမ့္မယ္ ယံုၾကည္ေၾကာင္း ဂိုးသမားေဟာင္းၾကီး ဗန္ဒါဆားက ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

ျပီးခဲ့တဲ့အပတ္က ဗီလာနဲ႕ ေျခစမ္းပြဲမွာ မပါ၀င္နိုင္ခဲ့တဲ့ ယူနိုက္တက္ ကြင္းလယ္သမား ေပါ့ဘာဟာ ပရီးမီးယားလိဂ္ အဖြင့္ပြဲ ပဲေလ့စ္နဲ႕ ပြဲမွာလည္း ဆက္လက္ လြဲေခ်ာ္ဖြယ္ ရွိပါတယ္။ လူငယ္ ကစားသမား တူရမ္ဇီဘီကေတာ့ ဒဏ္ရာ ခြဲစိတ္မႈ ခံယူထားတာေၾကာင့္ ေသခ်ာေပါက္ မပါ၀င္နုိင္မယ့္ ကစားသမား ျဖစ္ပါတယ္။

အဂၤလန္သား တိုက္စစ္သမား ဆန္ခ်ိဳဟာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕လိုတာေၾကာင့္ ေဒါ့မြန္ ဘုတ္အဖြဲ႕ထံ ေတာင္းဆိုမႈေတြ ျပဳလုပ္ခဲ့ေပမယ့္ ဂ်ာမန္ကလပ္ အလိုရွိတဲ့ ေျပာင္းေရႊ႕ေၾကးကို ယူနိုက္တက္က မလိုက္ေလ်ာခဲ့တာေၾကာင့္ အေျပာင္းအေရႊ႕ ကိစၥ ရပ္တန္႔သြားတဲ့ အေပၚ ေနာက္ဆံုးမွာ လက္ခံခဲ့ျပီလို႔ သိရပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ စိတ္၀င္စား ေစာင့္ၾကည့္တယ္ သတင္းထြက္ခဲ့ေပမယ့္ ကမ္းလွမ္း ညွိနိႈင္းတဲ့အဆင့္ထိ မေရာက္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္ကစားသမား သီေယဂို အယ္ကန္တာရာ ဟာ လီဗာပူးအသင္းထံ ေပါင္ သန္း ၂၀ နဲ႕ ေျပာင္းေရႊ႕ေတာ့မွာ ျဖစ္ပါတယ္။

လူငယ္တိုက္စစ္သမား ေမဆန္ဂရင္း၀ုဒ္ဟာ အဂၤလန္ အသင္းထံက ျပန္လာကာစမွာ တစ္ဦးတည္း ေလ့က်င့္ခဲ့ေပမယ့္ ဒီတစ္ပတ္ထဲမွာေတာ့ အသင္းလိုက္ ေလ့က်င့္မႈေတြမွာ ပူးေပါင္းခဲ့ျပီ ျဖစ္ပါတယ္။ ပဲေလ့စ္နဲ႕ ပြဲမွာ ဂရင္း၀ုဒ္ကို ထည့္သံုးဖို႔ေတာ့ နည္းျပဆိုးရွားက ေစာင့္ၾကည့္ေနဆဲလို႔ သိရပါတယ္။

ေပၚတို ခံစစ္မွဴး အဲလက္စ္ တဲလက္စ္ရဲ႕ ေအးဂ်င့္ကေတာ့ ေပၚတူဂီကလပ္အား တဲလက္စ္အတြက္ မန္ခ်က္စတာ ယူနိုက္တက္ထံ က ကမ္းလွမ္းမႈ လာေတာ့မယ္လို႔ ၾကိဳတင္ အသိေပးခဲ့ေၾကာင္း ေဒသခံ သတင္းမ်ားက ေဖာ္ျပေနပါတယ္။