ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (18/09/20)

ယူနိုက်တက်မှာ ပေါလ်စခိုးနဲ့ ၆ရာသီ တွဲကစားခဲ့သလို အေဂျက်မှာ ဗန်ဒီဘိခ်ရဲ့တောက်ပလာမှုကို အနီးကပ်မြင်ခဲ့ရတဲ့ ဗန်ဒါဆားက ဗန်ဒီဘိခ်ဟာ ပေါလ် စခိုးလို တူညီတဲ့ အရည်အချင်း ရှိသူဖြစ်ကြောင်း နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။

အိုလီဂန်နာဆိုးလ်ရှားဟာ အလားအလာရှိတဲ့ အကယ်ဒမီမှ ခံစစ်မှူးလေး တီဒင် မန်ဂီကို ကလပ်ရဲ့ ဂျူနီယာအသင်းကနေ ပထမအသင်းထံ ခေါ်ယူခဲ့ပါတယ်။ မန်ဒီဟာ ဩဂုတ်လ တုန်းက LASK ကို ၂-၁နဲ့ နိူင်ခဲ့တဲ့ပွဲမှာ အသင်းကြီးအတွက် ပထမဆုံး ကစားပေးခဲ့ဖူးတာပါ။

လိဂ်ဝမ်းကလပ် ကိုဗန်ထရီဟာ ယူနိုက်တက် ကွင်းလယ်လူ ဂျိမ်းစ်ဂါနာကို ခေါ်ယူဖို့ ချိတ်ဆက်မှု ရှိခဲ့ပေမယ့် ဟက်ဒါဖီးတောင်း အသင်းကလဲ စိတ်ဝင်စားနေတဲ့ သူ့ကို ဘယ်အသင်းထံ အငှားချရမလဲဆိုတာ ယူနိုက်တက်က ဝေခွဲမရ ဖြစ်နေပါတယ်။

ဒင်းဟန်ဒါဆန် ရောက်လာတာက အိုးလ်ထရက်ဖို့ဒ်မှာ အသင်းလိုက် အဆင့်အတန်းကို မြှင့်တင်နိုင်ဖို့ မျှော်လင့်ရတာနဲ့အတူ နှစ်များစွာ အကောင်းဆုံး ဖြစ်ခဲ့တဲ့ ဒီဂီယာက တဖန်ပြန် လက်စွမ်းပြလိမ့်မယ်လို့ ဂိုးသမားဟောင်း ဗန်ဒါဆားက ပြောဆိုခဲ့ပါတယ်။

မနှစ်က ယူနိူက်တက်အတွက် ၄၄ပွဲမှာ ၂၂ဂိုး သွင်းယူခဲ့တဲ့ မားကပ်ရက်ရှ်ဖို့ဒ်ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ ချယ်ဆီးနဲ့ကစားခဲ့တဲ့ ကာရာဘောင်းပွဲတုန်းက ဖရီးကစ်ဂိုးအတွက် ယူနိုက်တက်ရဲ့ တစ်ရာသီအတွင်း အကောင်းဆုံးဂိုးဆုကို ရရှိခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လစာအမြင့်ဆုံးရတဲ့ ထိပ်တန်း၅ယောက်ထဲမှာ မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒေးဗစ်ဒီဂီယာက တစ်ပတ်လုပ်ခ ပေါင် ၃သိန်း၇သောင်းခွဲနဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။

Zawgyi – ယူႏိုက္တက္မွာ ေပါလ္စခိုးနဲ႔ ၆ရာသီ တြဲကစားခဲ့သလို ေအဂ်က္မွာ ဗန္ဒီဘိခ္ရဲ႕ေတာက္ပလာမႈကို ​အနီးကပ္ျမင္ခဲ့ရတဲ့ ဗန္ဒါဆားက ဗန္ဒီဘိခ္ဟာ ေပါလ္ စခိုးလို တူညီတဲ့ အရည္အခ်င္း ရွိသူျဖစ္ေၾကာင္း ႏႈိင္းယွဥ္ေျပာဆိုခဲ့ပါတယ္။

အိုလီဂန္နာဆိုးလ္ရွားဟာ အလားအလာရွိတဲ့ အကယ္ဒမီမွ ခံစစ္မွဴးေလး တီဒင္ မန္ဂီကို ကလပ္ရဲ႕ ဂ်ဴနီယာအသင္းကေန ပထမအသင္းထံ ေခၚယူခဲ့ပါတယ္။ မန္ဒီဟာ ဩဂုတ္လ တုန္းက LASK ကို ၂-၁နဲ႔ ႏိူင္ခဲ့တဲ့ပြဲမွာ အသင္းႀကီးအတြက္ ပထမဆုံး ကစားေပးခဲ့ဖူးတာပါ။

လိဂ္ဝမ္းကလပ္ ကိုဗန္ထရီဟာ ယူႏိုက္တက္ ကြင္းလယ္လူ ဂ်ိမ္းစ္ဂါနာကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈ ရွိခဲ့ေပမယ့္ ဟက္ဒါဖီးေတာင္း အသင္းကလဲ စိတ္ဝင္စားေနတဲ့ သူ႔ကို ဘယ္အသင္းထံ အငွားခ်ရမလဲဆိုတာ ယူႏိုက္တက္က ေဝခြဲမရ ျဖစ္ေနပါတယ္။

ဒင္းဟန္ဒါဆန္ ေရာက္လာတာက အိုးလ္ထရက္ဖို႔ဒ္မွာ အသင္းလိုက္ အဆင့္အတန္းကို ျမႇင့္တင္ႏိုင္ဖို႔ ေမွ်ာ္လင့္ရတာနဲ႔အတူ ႏွစ္မ်ားစြာ အေကာင္းဆုံး ျဖစ္ခဲ့တဲ့ ဒီဂီယာက တဖန္ျပန္ လက္စြမ္းျပလိမ့္မယ္လို႔ ဂိုးသမားေဟာင္း ဗန္ဒါဆားက ​ေျပာဆိုခဲ့ပါတယ္။

မႏွစ္က ယူႏိူက္တက္အတြက္ ၄၄ပြဲမွာ ၂၂ဂိုး သြင္းယူခဲ့တဲ့ မားကပ္ရက္ရွ္ဖို႔ဒ္ဟာ စတန္းဖို႔ဒ္ဘရစ္ခ်္မွာ ခ်ယ္ဆီးနဲ႔ကစားခဲ့တဲ့ ကာရာေဘာင္းပြဲတုန္းက ဖရီးကစ္ဂိုးအတြက္ ယူႏိုက္တက္ရဲ႕ တစ္ရာသီအတြင္း အေကာင္းဆုံးဂိုးဆုကို ရရွိခဲ့ပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ လစာအျမင့္ဆုံးရတဲ့ ထိပ္တန္း၅ေယာက္ထဲမွာ မန္ခ်က္စတာယူႏိုက္တက္ ဂိုးသမား ေဒးဗစ္ဒီဂီယာက တစ္ပတ္လုပ္ခ ေပါင္ ၃သိန္း၇ေသာင္းခြဲနဲ႔ အဆင့္ ၂ ေနရာမွာ ရပ္တည္ေနပါတယ္။