မန်ချက်စတာ ယူနိုက်တက် ဟာ ဒီရာသီ ဆိုးဝါးတဲ့ ရာသီအစကို ကြုံလိုက်ရပြီးနောက် နည်းပြ အဲရစ်တန်ဟက်ကို မနေ့ကပဲ ရာထူးကနေ ထုတ်ပယ်လိုက်ပြီ ဖြစ်ကာ မကြာခင် အမြဲတမ်း နည်းပြတစ်ဦး ခန့်အပ်တော့မှာပါ။
တန်ဟက် မရှိတော့ပေမယ့် လက်ရှိ နည်းပြအဖွဲ့မှ အဖွဲ့သား အားလုံးကို ဆက်ထိန်းသွားမည်ဖြစ်ကာ ယာယီနည်းပြအဖြစ် လက်တလောမှာ နစ္စတယ်ရွိုင်းက တာဝန်ယူရမည်ဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးအသင်းအား ၇-၀ ဖြင့် ရှုံးနိမ့်ခြင်း အပါအဝင် ယူနိုက်တက်အသင်းမှာ များစွာသော ရလဒ်ဆိုးတွေ ယူဆောင်ပေးခဲ့တဲ့ နည်းပြတန်ဟက် နေရာ အစားထိုးရေးဆိုတာထက် ယူနိုက်တက်ဟာ အနာဂတ်ကာလမှာ ကလပ်ကို အောင်မြင်မှုတွေ ယူဆောင်ပေးနိုင်မည့် နည်းပြကို စတင် ရှာဖွေနေတာပါ။
မကြာသေးခင်က ဘာစီလိုနာနည်းပြဟောင်း ဇာဗီနှင့် ဆက်သွယ်မှု ရှိထားသလို စပို့တင်းနည်းပြအမ်မိုရင်း၊ အင်္ဂလန်နည်းပြဟောင်း ဆောက်ဂိတ်တို့နှင့်လည်း သတင်းအချို့ ထွက်ပေါ်နေပါတယ်။
ယူနိုက်တက်သည် အသင်းတည်ထောင်ခြင်း နှစ်ပေါင်း ၁၅၀ ပြည့်မယ့် ၂၀၂၈ ခုနှစ်တွင် ဆုဖလားကြီး အောင်မြင်ဖို့ ရည်မှန်းချက်လည်း ရှိနေပါတယ်။
မန်ချက်စတာ ယူနိုက်တက်ရဲ့ အမြဲတမ်း မန်နေဂျာဖြစ်လာဖို့ ရေပန်းစားသူများ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
- နစ္စတယ်ရွိုင်း 1/2
- ဇာဗီ ဟာနန်ဒက်စ် 2/1
- ရူဘင် အာမိုရင် 3/1
- နာဂယ်စမန်း 9/2
- ဆောက်ဂိတ် 5/1
နောက်ဆုံးထွက်လာတဲ့ သတင်း အရ ယူနိုက်တက်ဟာ အမ်မိုရင်းကို ခန့်အပ်ရေး စပို့တင်းနဲ့ ဆွေးနွေးနေပြီ လို့လည်း သိရပါတယ်။