အာဆင်နယ်နဲ့ လီဗာပူးတို့ သရေပွဲမှာ ဘယ်သူ အမြတ်ထွက်သွားလဲ သုံးသပ် ထောက်ပြသွားတဲ့ နဗီး

ပြီးခဲ့တဲ့ စူပါဆန်းဒေး အာဆင်နယ်နဲ့ လီဗာပူးအသင်းတို့ရဲ့ ၂-၂ သရေ ပွဲ အပြီးမှာ ဒီရာသီ ချန်ပီယံ ဖြစ်ဖို့ အခြေအနေ အကောင်းဆုံးက မန်စီးတီး ဖြစ်သွားပြီ လို့ ဂယ်ရီနဗီးက သုံးသပ်လိုက်ပါတယ်။

အမ်းမရိတ်က ရလဒ် အတွက် အာဆင်နယ်နဲ့ လီဗာပူးတို့ နှစ်သင်းလုံး ကျေနပ်နိုင်လောက်တယ် ဆိုပေမယ့် တဖက်မှာ စီးတီးက ဆောက်သမ်တန်ကို နိုင်ပြီး အမှတ်ပေးဇယား ထိပ်မှာ ရောက်ရှိသွားပြီ ဖြစ်ပါတယ်။

သရဲနီဟောင်းကြီး ဂယ်ရီနဗီးကတော့ ချန်ပီယံလုဘက် နှစ်သင်းရဲ့ သရေ ရလဒ်ကို အကျေနပ်ဆုံးက မန်စီးတီး ဖြစ်မယ် လို့ ယူဆနေပါတယ်။

” မန်စီးတီးကလည်း ဘောလုံး ရာသီ တလျောက် အမှတ်လျော့တဲ့ အချိန်တွေ ရှိပါဦးမယ်။ ဒီသီတင်းပတ်ကတော့ သူတို့ အတွက် ကောင်းတဲ့ အနေအထား ဖြစ်သွားတယ်။ သူတို့ လိုချင်တဲ့ရလဒ် ထွက်သွားတယ်။

လောလောဆယ်မှာတော့ စီးတီးက ချန်ပီယံ ဖြစ်ဖို့ ရေပန်း အစားဆုံးပဲ။ ခရီးရှည်ကြီး သွားရဦးမှာ ဆိုပေမယ့် သူတို့က လိဂ်ကို ဦးဆောင်ထားလိုက်ပြီ။

ကျွန်တော်က ဒီရာသီ စီးတီးနဲ့ ပက်မှာ လျော့ရဲနေတာ တချို့ ရှိတယ် ထင်ခဲ့ပေမယ့် သူတို့ကတော့ အခြေအနေ ကောင်းနေပြီ။ ” လို့ နဗီးက သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အမှတ်ပေးဇယားမှာ စီးတီးက ၂၃ မှတ်နဲ့ ပထမ၊ လီဗာပူးက ၂၂ မှတ်နဲ့ ဒုတိယ နေရာမှာ ရှိနေပြီး အာဆင်နယ်က ၁၈ မှတ်နဲ့ တတိယ နေရာမှာ ရပ်တည်နေပါတယ်။