လမ်းပတ် လက်သစ် ဗန်ဒါဘိကို ချယ်ဆီးအသင်းထံ သွားဖို့ တိုက်တွန်းချက် ထွက်ပေါ်

ဥရောပ ထိပ်သီးကလပ်တွေ ဝိုင်းဝိုင်းလည်နေတဲ့ အေဂျက်ကြယ်ပွင့် ဗန်ဒါဘိကို ချယ်ဆီး ဂန္တဝင် လမ်းပတ်နဲ့ နှိုင်းယှဉ်လိုက်ပြီး ချယ်ဆီးအသင်းထံ သွားရောက် ကစားသင့်ကြောင်း လမ်းပတ်နဲ့ အတူ တွဲကစားဖူးတဲ့ အသင်းဖော်ဟောင်း ဂရွန်ဂျာက သုံးသပ် တိုက်တွန်းလိုက်ပါတယ်။

ဗန်ဒါဘိကို ပရီးမီးယားလိဂ်မှ ယူနိုက်တက်က ခေါ်ယူဖို့ ကာလရှည် စောင့်ကြည့်နေပြီး ဟော်လန်သား ကွင်းလယ်သမားဟာ ဒီနွေမှာ အသင်းပြောင်းရွှေ့ ဖြစ်ဖွယ် ရှိနေပါတယ်။ အေဂျက်ကလည်း အသက် ၂၃ နှစ် အရွယ် ကစားသမား အတွက် ထိုက်သင့်တဲ့ ကမ်းလှမ်းမှုတွေ ရရင် လက်ခံ စဉ်းစားမယ် ထုတ်ပြောထားပါတယ်။

လမ်းပတ်နဲ့ အတူ အနောက်လန်ဒန်မှာ တွဲကစားဖူးတဲ့ အသင်းဖော်ဟောင်း ဒိန်းမတ်သားကြီး ဂရွန်ဂျာက လက်ရှိ အေဂျက်ကြယ်ပွင့်ရဲ့ ကစားဟန်ဟာ လမ်းပတ်နဲ့ ဆင်တူပြီး တခြားအသင်းတွေထက် ချယ်ဆီးမှာ သွားရောက်ကစားသင့်တယ်လို့ အကြံပြု တိုက်တွန်းခဲ့ပါတယ်။

” ဗန်ဒါဘိကို ရီးရဲလ်မက်ဒရစ်တို့ ဘာစီလိုနာတို့မှာ မြင်ရရင်လည်း ကျနော် အံ့သြမိမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျနော် သူ့ကို မြင်ချင်တဲ့ တခြား ကလပ်အသင်း ရှိတယ်။ သူ ကစားပုံက ချယ်ဆီး ဒါမှမဟုတ် စပါး အသင်းတွေမှာ ပိုပြီး အံဝင် ခြေပေါ်မှာပါ။

အဲဒီအသင်းတွေကလည်း ထိပ်သီးကလပ်အသင်းတွေပဲ ဖြစ်တယ်။ ဗန်ဒါဘိက ဖရန့်လမ်းပတ် ကစားတာနဲ့ တူတယ်။ တကယ့် လူကောင်းကြီးကြီါ်နဲ့ box to box ကောင်းကောင်း ကစားတယ်။ အဝေးကန်ချက်တွေ ကောင်းတယ်။ အေဂျက်မှာ ရှိတဲ့ တခြား ကစားသမားတွေလောက်တော့ သူက နည်းစနစ်ပိုင်း ကြေညက်တာ မရှိသေးဘူး။ ဒါပေမယ့် ဒီကနေ သေချာပေါက် အဆင့် ပိုမြင့်တဲ့ဆီထိ သူ တိုးတက်လာနိုင်ပါတယ်။ ” လို့ ဂရွန်ဂျာက သုံးသပ် ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့နှစ်က ဗန်ဒါဘိ အသင်းဖော်တွေထဲက ဒီလစ်က ဂျူဗင်တပ်၊ ဒီဂျောင်က ဘာစီလိုနာ အသင်းထံ အသီးသီး ပြောင်းရွှေ့ခဲ့ပေမယ့် နှစ်ဦးလုံး အကောင်းဆုံး အနေအထား ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကိုလည်း ဂရွန်ဂျာက ထောက်ပြခဲ့ပါသေးတယ်။ ဗန်ဒါဘိ အနေနဲ့ ဒါတွေက သတိပေးချက်လို့ ခံယူပြီး ထိပ်တန်း အရောက်ဆုံး ကလပ်အသင်းတွေထက် ပို အံဝင်မယ့် အသင်းကို ရွေးချယ်သင့်တယ်လို့ ၎င်းက ဆိုခဲ့ပါတယ်။

Zawgyi – ဥေရာပ ထိပ္သီးကလပ္ေတြ ၀ိုင္း၀ိုင္းလည္ေနတဲ့ ေအဂ်က္ၾကယ္ပြင့္ ဗန္ဒါဘိကို ခ်ယ္ဆီး ဂႏၱ၀င္ လမ္းပတ္နဲ႕ နိႈင္းယွဥ္လိုက္ျပီး ခ်ယ္ဆီး အသင္းထံ သြားေရာက္ ကစားသင့္ေၾကာင္း လမ္းပတ္နဲ႕ အတူ တြဲကစားဖူးတဲ့ အသင္းေဖာ္ေဟာင္း ဂရြန္ဂ်ာက သံုးသပ္ တိုက္တြန္းလိုက္ပါတယ္။

ဗန္ဒါဘိကို ပရီးမီးယားလိဂ္မွ ယူနိုက္တက္က ေခၚယူဖို႔ ကာလရွည္ ေစာင့္ၾကည့္ေနျပီး ေဟာ္လန္သား ကြင္းလယ္သမားဟာ ဒီေႏြမွာ အသင္းေျပာင္းေရႊ႕ ျဖစ္ဖြယ္ ရွိေနပါတယ္။ ေအဂ်က္ကလည္း အသက္ ၂၃ နွစ္ အရြယ္ ကစားသမား အတြက္ ထိုက္သင့္တဲ့ ကမ္းလွမ္းမႈေတြ ရရင္ လက္ခံ စဥ္းစားမယ္ ထုတ္ေျပာထားပါတယ္။

လမ္းပတ္နဲ႕ အတူ အေနာက္လန္ဒန္မွာ တြဲကစားဖူးတဲ့ အသင္းေဖာ္ေဟာင္း ဒိန္းမတ္သားၾကီး ဂရြန္ဂ်ာက လက္ရွိ ေအဂ်က္ၾကယ္ပြင့္ရဲ႕ ကစားဟန္ဟာ လမး္ပတ္နဲ႕ ဆင္တူျပီး တျခားအသင္းေတြထက္ ခ်ယ္ဆီးမွာ သြားေရာက္ကစားသင့္တယ္လို႔ အၾကံျပဳ တိုက္တြန္းခဲ့ပါတယ္။

” ဗန္ဒါဘိကို ရီးရဲလ္မက္ဒရစ္တို႔ ဘာစီလိုနာတို႔မွာ ျမင္ရရင္လည္း က်ေနာ္ အံ့ၾသမိမွာ မဟုတ္ဘူး။ ဒါေပမယ့္ က်ေနာ္ သူ႔ကို ျမင္ခ်င္တဲ့ တျခား ကလပ္အသင္း ရွိတယ္။ သူ ကစားပံုက ခ်ယ္ဆီး ဒါမွမဟုတ္ စပါး အသင္းေတြမွာ ပိုျပီး အံ၀င္ ေျခေပၚမွာပါ။

အဲဒီအသင္းေတြကလည္း ထိပ္သီးကလပ္အသင္းေတြပဲ ျဖစ္တယ္။ ဗန္ဒါဘိက ဖရန္႔လမ္းပတ္ ကစားတာနဲ႕ တူတယ္။ တကယ့္ လူေကာင္းၾကီးၾကီၚနဲ႕ box to box ေကာင္းေကာင္း ကစားတယ္။ အေ၀းကန္ခ်က္ေတြ ေကာင္းတယ္။ ေအဂ်က္မွာ ရွိတဲ့ တျခား ကစားသမားေတြေလာက္ေတာ့ သူက နည္းစနစ္ပိုင္း ေၾကညက္တာ မရွိေသးဘူး။ ဒါေပမယ့္ ဒီကေန ေသခ်ာေပါက္ အဆင့္ ပိုျမင့္တဲ့ဆီထိ သူ တိုးတက္လာနုိင္ပါတယ္။ ” လို႔ ဂရြန္ဂ်ာက သံုးသပ္ ေျပာဆိုသြားပါတယ္။

ျပီးခဲ့တဲ့နွစ္က ဗန္ဒါဘိ အသင္းေဖာ္ေတြထဲက ဒီလစ္က ဂ်ဴဗင္တပ္၊ ဒီေဂ်ာင္က ဘာစီလိုနာ အသင္းထံ အသီးသီး ေျပာင္းေရႊ႕ခဲ့ေပမယ့္ နွစ္ဦးလံုး အေကာင္းဆံုး အေနအထား ေျခစြမ္းျပဖို႔ ရုန္းကန္ေနရတာကိုလည္း ဂရြန္ဂ်ာက ေထာက္ျပခဲ့ပါေသးတယ္။ ဗန္ဒါဘိ အေနနဲ႕ ဒါေတြက သတိေပးခ်က္လို႔ ခံယူျပီး ထိပ္တန္း အေရာက္ဆံုး ကလပ္အသင္းေတြထက္ ပို အံ၀င္မယ့္ အသင္းကို ေရြးခ်ယ္သင့္တယ္လို႔ ၄င္းက ဆိုခဲ့ပါတယ္။