ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (18/09/20)

ယူနိုက်တက် လူငယ် ကွင်းလယ်သမား ဂျိမ်းစ် ဂါနာဟာ ပြီးခဲ့တဲ့ ရာသီအကုန်မှာ တန်းဆင်းသွားခဲ့တဲ့ ချန်ပီယံရှစ်ကလပ် ဝက်ဖို့ဒ် အသင်းထံ အငှား ကစားဖို့ ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ဒီနွေ နံပါတ် တစ် ပစ်မှတ် ဆန်ချို ကို မခေါ်နိုင်တဲ့ အပေါ် ယူနိုက်တက် ပရိသတ်တွေ ဒေါသထွက်နေတာ အတွက် နားလည် စာနာကြောင်း ဆိုခဲ့ပြီး ဈေးကွက်မပိတ်ခင် ကစားသမားသစ်တွေ ခေါ်ယူရန် ဆက်လက် လှုပ်ရှားနေကြောင်း အသိပေးခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဝက်ဖို့ဒ်အသင်းမှ ဆီနီဂေါသား တောင်ပံတိုက်စစ် သမား ဆား ကို စိတ်ဝင်စားနေပြီး လီဗာပူးနဲ့ အပြိုင် ခေါ်ယူရန် စောင့်ကြည့်နေပါတယ်။

ယူနိုက်တက်လို အသင်းကြီးတစ်သင်းက အသင်း အင်အားဖြည့်တင်းဖို့ စောင့်ကြည့်နေတဲ့အခါ နေရာအနှံ့က ကစားသမား များစွာနဲ့ ချိတ်ဆက်နေခဲ့တာက မထူးဆန်းပေမယ့် ဒေါက်ဂလပ် ကော်စတာနဲ့ အိုင်ဗန်ပါရီဆစ်တို့က ကောင်းမွန်တဲ့ ခေါ်ယူမှု ဖြစ်လာမှာ မဟုတ်ဘူးလို့ ဂျူလီယန် လော်ရန်းက ဆိုပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ဖာဒီနန်ကတော့ အပြောင်းအရွှေ့ ကာလမပိတ်ခင် အသက် ၂၀ အရွယ် ဒေါ့မွန် တိုက်စစ်သမား ဆန်ချို ကို ရအောင်ခေါ်ဖို့ ကလပ်ထံ တောင်းဆိုခဲ့ပါတယ်။

ဝေဖန်မှုတွေ အများအပြား ခံနေရတဲ့ ယူနိုက်တက် တိုက်စစ်သမားလေး ဂရင်းဝုဒ်ဟာ အသက် ၁၈ နှစ် အရွယ် လူငယ်လေးသာ ရှိသေးကြောင်း အင်္ဂလန်မီဒီယာများအား ဆိုးရှားက သတိပေးလိုက်ပါတယ်။

ယူနိုက်တက်ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆု ကို ပြီးခဲ့တဲ့ ဇန်နဝါရီကမှ အသင်းထံ ရောက်ခဲ့တဲ့ ပေါ်တူဂီသား ဘရူနို ဖာနန်ဒက်စ်က ရရှိသွားပါတယ်။

Zawgyi – ယူနုိက္တက္ လူငယ္ ကြင္းလယ္သမား ဂ်ိမ္းစ္ ဂါနာဟာ ျပီးခဲ့တဲ့ ရာသီအကုန္မွာ တန္းဆင္းသြားခဲ့တဲ့ ခ်န္ပီယံရွစ္ကလပ္ ၀က္ဖို႔ဒ္ အသင္းထံ အငွား ကစားဖို႔ ထြက္ခြာသြားျပီ ျဖစ္ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ဒီေႏြ နံပါတ္ တစ္ ပစ္မွတ္ ဆန္ခ်ိဳ ကို မေခၚနုိင္တဲ့ အေပၚ ယူနိုက္တက္ ပရိသတ္ေတြ ေဒါသထြက္ေနတာ အတြက္ နားလည္ စာနာေၾကာင္း ဆိုခဲ့ျပီး ေစ်းကြက္မပိတ္ခင္ ကစားသမားသစ္ေတြ ေခၚယူရန္ ဆက္လက္ လႈပ္ရွားေနေၾကာင္း အသိေပးခဲ့ပါတယ္။

ယူနိုက္တက္ဟာ ၀က္ဖို႔ဒ္အသင္းမွ ဆီနီေဂါသား ေတာင္ပံတိုက္စစ္ သမား ဆား ကို စိတ္၀င္စားေနျပီး လီဗာပူးနဲ႕ အျပိဳင္ ေခၚယူရန္ ေစာင့္ၾကည့္ေနပါတယ္။

ယူႏိုက္တက္လို အသင္းႀကီးတစ္သင္းက အသင္း အင္အားျဖည့္တင္းဖို႔ ေစာင့္ၾကည့္ေနတဲ့အခါ ေနရာအႏွံ႔က ကစားသမား မ်ားစြာနဲ႔ ခ်ိတ္ဆက္ေနခဲ့တာက မထူးဆန္းေပမယ့္ ေဒါက္ဂလပ္ ေကာ္စတာနဲ႔ အိုင္ဗန္ပါရီဆစ္တို႔က ေကာင္းမြန္တဲ့ ေခၚယူမႈ ျဖစ္လာမွာ မဟုတ္ဘူးလို႔ ဂ်ဴလီယန္ ေလာ္ရန္းက ဆိုပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ ဂႏၲဝင္ ဖာဒီနန္ကေတာ့ အ​ေျပာင္းအေ႐ႊ႕ ကာလမပိတ္ခင္ အသက္ ၂၀ အ႐ြယ္ ေဒါ့မြန္ တိုက္စစ္သမား ဆန္ခ်ိဳ ကို ရေအာင္ေခၚဖို႔ ကလပ္ထံ ေတာင္းဆိုခဲ့ပါတယ္။

ေ၀ဖန္မႈေတြ အမ်ားအျပား ခံေနရတဲ့ ယူနိုက္တက္ တိုက္စစ္သမားေလး ဂရင္း၀ုဒ္ဟာ အသက္ ၁၈ နွစ္ အရြယ္ လူငယ္ေလးသာ ရွိေသးေၾကာင္း အဂၤလန္မီဒီယာမ်ားအား ဆိုးရွားက သတိေပးလိုက္ပါတယ္။

ယူနိုက္တက္ရဲ႕ တစ္နွစ္တာ အေကာင္းဆံုး ကစားသမား ဆု ကို ျပီးခဲ့တဲ့ ဇန္န၀ါရီကမွ အသင္းထံ ေရာက္ခဲ့တဲ့ ေပၚတူဂီသား ဘရူနို ဖာနန္ဒက္စ္က ရရွိသြားပါတယ္။