ချယ်ဆီး ရဲ့ ပင်တိုင် ပင်နယ်တီကန်သွင်းသူ ဂျော်ဂျင်ဟိုဟာ လီဗာပူးနဲ့ပွဲကို လွဲချော်နိုင်ခြေရှိတာကြောင့် လမ်းပတ်အနေနဲ့ ကန်တေနဲ့ ကိုဗာဆစ်ကို တွဲဖက်ကစားစေပြီး တီမိုဗာနာကို ပင်နယ်တီ ကန်ခိုင်းရဖို့ ရှိနေပါတယ်။
ချယ်ဆီး ရဲ့ ငွေသုံးကြမ်းမှုကို ဝေဖန်ခဲ့တဲ့ ကလော့ပ်ရဲ့ လီဗာပူးဟာ ပေါင်၂၇သန်းနဲ့ သီယာဂို အယ်ကန်တာရာကို ခေါ်ယူခဲ့တဲ့နောက် အန်ဖီးမှာ စုစုပေါင်း ပေါင် ၄၃၂သန်း ထိ သုံးစွဲခဲ့တဲ့ ဂျာမနီနည်းပြကို ကြောင်သူတော် ကြွက်သူခိုးအဖြစ် ချယ်ဆီး ပရိသတ်တွေက လှောင်ပြောင်ပြောဆိုနေကြပါတယ်။
ပရီးမီးယားလိဂ်ရဲ့ လစာအမြင့်ဆုံးရတဲ့ ထိပ်တန်း ၅ယောက်ထဲမှာ ပေါင် သန်း ၇၀ တန် ချယ်ဆီး ကစားသမားသစ် ကိုင်ဟားဗတ်က တစ်ပတ်လုပ်ခ ပေါင် ၃သိန်း၁သောင်းနဲ့ အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။
အေစီမီလန်ဟာ ဘန်နာစာ၊ ကက်ဆီ၊ တိုနာလီတို့နဲ့ ကွင်းလယ်ပိုင်းကို အားဖြည့်ခဲ့ပေမယ့် ဘာကာယိုကို ကိုလဲ အလွတ်မပေးသေးပဲ ယူရို ၂၅သန်းလောက်နဲ့ ခေါ်ယူနိုင်ဖို့ ချယ်ဆီး နဲ့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။
ချယ်ဆီး ကစားသမားသစ် ကိုင်ဟားဗတ်ကတော့ သူ့ရဲ့ပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်း ဟာ ယနေ့ခေတ် ဘောလုံးလောကမှာ သိပ်အများကြီး မဟုတ်ပဲ သာမန်လောက်သာ ဖြစ်တာကြောင့် ဒီအတွက် ဖိအားတွေ အများကြီး ခံစားရမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
ကိုင်ဟားဗတ်က သူဟာ လေဗာကူဆင်အတွက် တိုက်စစ်နေရာတိုင်းမှာ ကစားခဲ့သလို လမ်းပတ်အလိုရှိတဲ့အတိုင်း နံပါတ် ၁၀၊ နံပါတ် ၆၊ နံပါတ် ၈ နဲ့ အထောင် တိုက်စစ် နေရာမှာပါ ကစားနိုင်ပေမယ့် သူအကြိုက်ဆုံးနေရာကတော့ နံပါတ်၁၀ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
တန်းတက် ဝက်စ်ဘရွန်းအသင်းဟာ ချယ်ဆီး ရဲ့ ကော်နာဂယ်လာဂါကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ လိဒ်၊ ဗီလာ၊ ပဲလေ့စ်၊ နယူးကာဆယ်တို့က စိတ်ဝင်စားခဲ့တဲ့ အသက်၂၀ အရွယ် ကစားသမားဟာ ချယ်ဆီးနဲ့ စာချုပ်သစ် ချုပ်ဆိုပြီးနောက် ဝက်စ်ဘရွန်း ကစားသမား ဖြစ်လာခဲ့တာပါ။
ဟာကင် ဇီယက်ခ်ျဟာ ဘရိုက်တန်နဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဒူးခေါင်းဒဏ်ရာ ရရှိခဲ့တာကြောင့် ရာသီအဖွင့်ပွဲကို လွဲချော်ခဲ့သလို လီဗာပူးနဲ့ပွဲမှာလဲ ပါဝင်နိုင်ဖို့ မသေချာသေးပေမယ့် တိုက်စစ် အင်အား တောင့်တင်းတဲ့ ချယ်ဆီး အတွက် စိုးရိမ်စရာတော့ မရှိပါဘူး။
Zawgyi – ခ်ယ္ဆီး ရဲ႕ ပင္တိုင္ ပင္နယ္တီကန္သြင္းသူ ေဂ်ာ္ဂ်င္ဟိုဟာ လီဗာပူးနဲ႔ပြဲကို လြဲေခ်ာ္ႏိုင္ေျခရွိတာေၾကာင့္ လမ္းပတ္အေနနဲ့ ကန္ေတနဲ႔ ကိုဗာဆစ္ကို တြဲဖက္ကစားေစၿပီး တီမိုဗာနာကို ပင္နယ္တီ ကန္ခိုင္းရဖို႔ ရွိေနပါတယ္။
ခ်ယ္ဆီး ရဲ႕ ေငြသုံးၾကမ္းမႈကို ေဝဖန္ခဲ့တဲ့ ကေလာ့ပ္ရဲ႕ လီဗာပူးဟာ ေပါင္၂၇သန္းနဲ႔ သီယာဂို အယ္ကန္တာရာကို ေခၚယူခဲ့တဲ့ေနာက္ အန္ဖီးမွာ စုစုေပါင္း ေပါင္ ၄၃၂သန္း ထိ သုံးစြဲခဲ့တဲ့ ဂ်ာမနီနည္းျပကို ေၾကာင္သူေတာ္ ႂကြက္သူခိုးအျဖစ္ ခ်ယ္ဆီး ပရိသတ္ေတြက ေလွာင္ေျပာင္ေျပာဆိုေနၾကပါတယ္။
ပရီးမီးယားလိဂ္ရဲ႕ လစာအျမင့္ဆုံးရတဲ့ ထိပ္တန္း ၅ေယာက္ထဲမွာ ေပါင္ သန္း ၇၀ တန္ ခ်ယ္ဆီး ကစားသမားသစ္ ကိုင္ဟားဗတ္က တစ္ပတ္လုပ္ခ ေပါင္ ၃သိန္း၁ေသာင္းနဲ႔ အဆင့္ ၅ ေနရာမွာ ရပ္တည္ေနပါတယ္။
ေအစီမီလန္ဟာ ဘန္နာစာ၊ ကက္ဆီ၊ တိုနာလီတို႔နဲ႔ ကြင္းလယ္ပိုင္းကို အားျဖည့္ခဲ့ေပမယ့္ ဘာကာယိုကို ကိုလဲ အလြတ္မေပးေသးပဲ ယူ႐ို ၂၅သန္းေလာက္နဲ႔ ေခၚယူႏိုင္ဖို႔ ခ်ယ္ဆီး နဲ႔ ေဆြးေႏြးမႈေတြ လုပ္ေနပါတယ္။
ခ်ယ္ဆီး ကစားသမားသစ္ ကိုင္ဟားဗတ္ကေတာ့ သူ႔ရဲ႕ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၁ သန္း ဟာ ယေန႔ေခတ္ ေဘာလုံးေလာကမွာ သိပ္အမ်ားႀကီး မဟုတ္ပဲ သာမန္ေလာက္သာ ျဖစ္တာေၾကာင့္ ဒီအတြက္ ဖိအားေတြ အမ်ားႀကီး ခံစားရမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
ကိုင္ဟားဗတ္က သူဟာ ေလဗာကူဆင္အတြက္ တိုက္စစ္ေနရာတိုင္းမွာ ကစားခဲ့သလို လမ္းပတ္အလိုရွိတဲ့အတိုင္း နံပါတ္ ၁၀၊ နံပါတ္ ၆၊ နံပါတ္ ၈ နဲ႔ အေထာင္ တိုက္စစ္ ေနရာမွာပါ ကစားႏိုင္ေပမယ့္ သူအႀကိဳက္ဆုံးေနရာကေတာ့ နံပါတ္၁၀ ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
တန္းတက္ ဝက္စ္ဘ႐ြန္းအသင္းဟာ ခ်ယ္ဆီး ရဲ႕ ေကာ္နာဂယ္လာဂါကို အငွားနဲ႔ ေခၚယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ လိဒ္၊ ဗီလာ၊ ပဲေလ့စ္၊ နယူးကာဆယ္တို႔က စိတ္ဝင္စားခဲ့တဲ့ အသက္၂၀ အ႐ြယ္ ကစားသမားဟာ ခ်ယ္ဆီးနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီးေနာက္ ဝက္စ္ဘ႐ြန္း ကစားသမား ျဖစ္လာခဲ့တာပါ။
ဟာကင္ ဇီယက္ခ္်ဟာ ဘ႐ိုက္တန္နဲ႔ ရာသီႀကိဳေျခစမ္းပြဲမွာ ဒူးေခါင္းဒဏ္ရာ ရရွိခဲ့တာေၾကာင့္ ရာသီအဖြင့္ပြဲကို လြဲေခ်ာ္ခဲ့သလို လီဗာပူးနဲ႔ပြဲမွာလဲ ပါဝင္ႏိုင္ဖို႔ မေသခ်ာေသးေပမယ့္ တိုက္စစ္ အင္အား ေတာင့္တင္းတဲ့ ခ်ယ္ဆီး အတြက္ စိုးရိမ္စရာေတာ့ မရွိပါဘူး။