အာဆင်နယ်ဟာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်အဖြစ် စက်တင်ဘာ ၂၃ရက် ဗုဒ္ဓဟူးည ကင်းပါဝါကွင်းမှာ လက်စတာနဲ့ တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။ မနှစ်ကပြိုင်ပွဲမှာ လက်စတာက ဆီမီးဖိုင်နယ်အထိ ရောက်ခဲ့ပေမယ့် အာဆင်နယ်ကတော့ စတုတ္တအဆင့်မှာပဲ လီဗာပူးကို ပင်နယ်တီနဲ့ရှုံးပြီး ထွက်ခွာခဲ့ရတာပါ။
အာဆင်နယ်ဟာ လိုင်ယွန် ကွင်းလယ်လူ အာဝါကို ပေါင်၃၆.၅သန်းနဲ့ ကမ်းလှမ်းဖို့ပြင်နေပါတယ်။ တရားဝင်ချဉ်းကပ်မှုမရှိသေးဘူးလို့ လိုင်ယွန်ဘက်က ပြောဆိုခဲ့ပေမယ့် မာတီနက်နဲ့ တော်ရဲရားတို့ကို ရောင်းချခဲ့တဲ့ အာဆင်နယ်က သူ့အတွက် အသုံးစရိတ်ရှိနေပြီပဲဖြစ်ပါတယ်။
ဒဏ်ရာကနေ ပြန်ကောင်းလာတဲ့ ပက်ဘလိုမာရီအနေနဲ့ လကုန်မှာ အသင်းနဲ့ လေ့ကျင့်ရေးပြန်ဆင်းနိုင်ဖို့ မျှော်လင့်ရပေမယ့် ဝက်စ်ဟမ်းနဲ့ပွဲအတွက်တော့ သူနဲ့အတူ ရှာကာ၊ ဒေးဗစ်လူးဝစ်၊ ဆိုကရေးတစ်၊ ကလန်ချန်ဘားစ်၊ မူစတာဖီ၊ မာတီနယ်လီတို့က ပါဝင်နိုင်ဖွယ် မရှိသေးပါဘူး။
အာဆင်နယ်နဲ့ လီဗာပူးတို့ဟာ စပို့တင်းနောက်ခံလူ နူနိုမန်ဒက်စ်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ အသက်၁၈နှစ်အရွယ် ဘယ်နောက်ခံလူဟာ ဇွန်လမှာ စီနီယာအသင်းအတွက် ပွဲဦးထွက်ခဲ့ပြီး စုစုပေါင်း လိဂ်၉ပွဲ ကစားခဲ့တဲ့နောက် ထိပ်တန်းအသင်းကြီးတွေရဲ့ စောင့်ကြည့်ခြင်းခံနေရတာပါ။
အာဆင်နယ်ဟာ ဒီဂျွန်ဂိုးသမား ရန်နာဆန်ကို ဒီနေ့မှာအပြီးသတ်ခေါ်ယူဖို့ ကြိုးစားနေပါတယ်။ ပြောင်းရွှေ့ကြေး ပေါင်၁.၅သန်းနဲ့ သဘောတူညီမှု ရခဲ့တဲ့ ရန်နာဆန်ကို စနေနေ့ဝက်စ်ဟမ်းနဲ့ပွဲအမီ အသင်းကိုရောက်ရှိလာစေဖို့ အာဆင်နယ်က အလိုရှိနေတာဖြစ်ပါတယ်။
ပထမဦးစားပေး ဂိုးသမား လီနို ကြံ့ခိုင်မှုပြည့်ဝလာတဲ့နောက် အီမီလီယာနို မာတီနက်ဇ်ကို အက်စ်တွန်ဗီလာထံ ထွက်ခွာခွင့်ပေးခဲ့တဲ့ အာဆင်နယ်ရဲ့ ဆုံးဖြတ်ချက်ကို ဒေးဗစ်ဆီးမန်းက မေးခွန်းထုတ်ခဲ့ပြီး အမ်းမရိတ်စ်မှာ ဂိုးသမား၂ယောက်လုံးကို ထိန်းသိမ်းထားခဲ့သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့လုပ်ခလစာ အမြင့်ဆုံး ထိပ်တန်း ကစားသမား၅ယောက်စာရင်းမှာ အာဆင်နယ်က ၂ယောက်တောင်ပါဝင်ခဲ့ပြီး တစ်ပတ်လုပ်ခ ပေါင်၃သိန်း၇သောင်းခွဲနဲ့ အူဘာမီးယန်းက အဆင့်၁၊ တစ်ပတ်လုပ်ခ ပေါင်၃သိန်းခွဲနဲ့ အိုဇေးက အဆင့်၃ ရရှိထားတာပဲဖြစ်ပါတယ်။
အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေတဲ့ တော်ရဲရားကို ပေါင်၂၂သန်းနဲ့ ရောင်းချပြီး ပေါင်၄၅သန်း ကုန်ကျမယ့် သောမတ်စ်ပါတေးအတွက် အာဆင်နယ်က အသုံးချလိုနေပေမယ့် တိုရီနိုက အပြီးသတ် ဝယ်ယူခွင့်နဲ့အတူ အငှားခေါ်ယူလိုနေပါတယ်။
Zawgyi – အာဆင္နယ္ဟာ ကာရာေဘာင္းဖလား တတိယအဆင့္ပြဲစဥ္အျဖစ္ စက္တင္ဘာ ၂၃ရက္ ဗုဒၶဟူးည ကင္းပါဝါကြင္းမွာ လက္စတာနဲ႔ ေတြ႕ဆုံရေတာ့မွာျဖစ္ပါတယ္။ မႏွစ္ကၿပိဳင္ပြဲမွာ လက္စတာက ဆီမီးဖိုင္နယ္အထိ ေရာက္ခဲ့ေပမယ့္ အာဆင္နယ္ကေတာ့ စတုတၱအဆင့္မွာပဲ လီဗာပူးကို ပင္နယ္တီနဲ႔ရႈံးၿပီး ထြက္ခြာခဲ့ရတာပါ။
အာဆင္နယ္ဟာ လိုင္ယြန္ ကြင္းလယ္လူ အာဝါကို ေပါင္၃၆.၅သန္းနဲ႔ ကမ္းလွမ္းဖို႔ျပင္ေနပါတယ္။ တရားဝင္ခ်ဥ္းကပ္မႈမရွိေသးဘူးလို႔ လိုင္ယြန္ဘက္က ေျပာဆိုခဲ့ေပမယ့္ မာတီနက္နဲ႔ ေတာ္ရဲရားတို႔ကို ေရာင္းခ်ခဲ့တဲ့ အာဆင္နယ္က သူ႔အတြက္ အသုံးစရိတ္ရွိေနၿပီပဲျဖစ္ပါတယ္။
ဒဏ္ရာကေန ျပန္ေကာင္းလာတဲ့ ပက္ဘလိုမာရီအေနနဲ႔ လကုန္မွာ အသင္းနဲ႔ ေလ့က်င့္ေရးျပန္ဆင္းႏိုင္ဖို႔ ေမွ်ာ္လင့္ရေပမယ့္ ဝက္စ္ဟမ္းနဲ႔ပြဲအတြက္ေတာ့ သူနဲ႔အတူ ရွာကာ၊ ေဒးဗစ္လူး၀စ္၊ ဆိုကေရးတစ္၊ ကလန္ခ်န္ဘားစ္၊ မူစတာဖီ၊ မာတီနယ္လီတို႔က ပါဝင္ႏိုင္ဖြယ္ မရွိေသးပါဘူး။
အာဆင္နယ္နဲ႔ လီဗာပူးတို႔ဟာ စပို႔တင္းေနာက္ခံလူ ႏူႏိုမန္ဒက္စ္ကို ေခၚယူဖို႔စိတ္ဝင္စားေနပါတယ္။ အသက္၁၈ႏွစ္အ႐ြယ္ ဘယ္ေနာက္ခံလူဟာ ဇြန္လမွာ စီနီယာအသင္းအတြက္ ပြဲဦးထြက္ခဲ့ၿပီး စုစုေပါင္း လိဂ္၉ပြဲ ကစားခဲ့တဲ့ေနာက္ ထိပ္တန္းအသင္းႀကီးေတြရဲ႕ ေစာင့္ၾကည့္ျခင္းခံေနရတာပါ။
အာဆင္နယ္ဟာ ဒီဂြၽန္ဂိုးသမား ရန္နာဆန္ကို ဒီေန႔မွာ အၿပီးသတ္ေခၚယူဖို႔ ႀကိဳးစားေနပါတယ္။ ေျပာင္းေ႐ႊ႕ေၾကး ေပါင္၁.၅သန္းနဲ႔ သေဘာတူညီမႈ ရခဲ့တဲ့ ရန္နာဆန္ကို စေနေန႔ဝက္စ္ဟမ္းနဲ႔ပြဲအမီ အသင္းကိုေရာက္ရွိလာေစဖို႔ အာဆင္နယ္က အလိုရွိေနတာျဖစ္ပါတယ္။
ပထမဦးစားေပး ဂိုးသမား လီႏို ႀကံ့ခိုင္မႈျပည့္ဝလာတဲ့ေနာက္ အီမီလီယာႏို မာတီနက္ဇ္ကို အက္စ္တြန္ဗီလာထံ ထြက္ခြာခြင့္ေပးခဲ့တဲ့ အာဆင္နယ္ရဲ႕ ဆုံးျဖတ္ခ်က္ကို ေဒးဗစ္ဆီးမန္းက ေမးခြန္းထုတ္ခဲ့ၿပီး အမ္းမရိတ္စ္မွာ ဂိုးသမား၂ေယာက္လုံးကို ထိန္းသိမ္းထားခဲ့သင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ပရီးမီးယားလိဂ္ရဲ႕လုပ္ခလစာ အျမင့္ဆုံး ထိပ္တန္း ကစားသမား၅ေယာက္စာရင္းမွာ အာဆင္နယ္က ၂ေယာက္ေတာင္ ပါဝင္ခဲ့ၿပီး တစ္ပတ္လုပ္ခ ေပါင္၃သိန္း၇ေသာင္းခြဲနဲ႔ အူဘာမီးယန္းက အဆင့္၁၊ တစ္ပတ္လုပ္ခ ေပါင္၃သိန္းခြဲနဲ႔ အိုေဇးက အဆင့္၃ ရရွိထားတာပဲျဖစ္ပါတယ္။
အသင္းကေန ထြက္ခြာဖို႔ နီးစပ္ေနတဲ့ ေတာ္ရဲရားကို ေပါင္၂၂သန္းနဲ႔ ေရာင္းခ်ၿပီး ေပါင္၄၅သန္း ကုန္က်မယ့္ ေသာမတ္စ္ပါေတးအတြက္ အာဆင္နယ္က အသုံးခ်လိုေနေပမယ့္ တိုရီႏိုက အၿပီးသတ္ ဝယ္ယူခြင့္နဲ႔အတူ အငွားေခၚယူလိုေနပါတယ္။