ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (19/09/20)

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ်တို နောက်ခံလူ အဲလက်စ်တဲလက်စ်ကို အပြီးသတ် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။ စာချုပ်သက်တမ်း ၁၂လအောက်သာကျန်တော့တဲ့ ကစားသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၅နှစ်စာချုပ်ချုပ်ဆိုပြီး သဘောတူညီမှုရခဲ့ပြီး ပြောင်းရွှေ့ကြေးက ပေါင်၂၅သန်း ကုန်ကျနိုင်ပါတယ်။

ဝမ်ဘစ်ဆာကာ ဟာ အာနိုးလို တိုက်စစ်ကို ခြိမ်းခြောက်နိုင်တဲ့သူမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်တာကြောင့် ပေါင် သန်း ၅၀ တန် ညာနောက်ခံလူအနေနဲ့ အကောင်းဆုံးခံစစ် ဖြစ်ဖို့နဲ့ ဂိုးမပေးရဖို့ကိုသာ အဓိက အာရုံစိုက်သင့်တယ် လို့ ဂယ်ရီနဗီးက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ ကစားသမားသစ်တွေ မဝယ်နိုင်တာဟာ အသင်းကို တိုးတက်စေနိုင်တဲ့ ကစားသမားရရှိဖို့ ရွေးချယ်စရာ နည်းပါးခြင်းနဲ့ ကိုဗစ်ရဲ့ အကျိုး သက်ရောက်မှုတွေ ကြောင့်သာ ဖြစ်တယ်လို့ နည်းပြ ဆိုးလ်ရှားက အကြောင်းပြခဲ့ပါတယ်။

ဂါရတ်ဘေးဟာ ရီးရဲလ်ကနေ စပါးကို ပြန်လာတော့မှာဖြစ်ပေမယ့် ယူနိုက်တက်ဟာလဲ တချိန်က သူ့ကို ခေါ်ယူဖို့ အလိုရှိခဲ့ဖူးပြီး ခေါ်ယူနိုင်ဖို့လဲ နီးစပ်ခဲ့သလို အိုးလ်ထရက်ဖို့ဒ်ထံ ခေါ်ဆောင်ဖို့ ဟယ်လီကော်ပတာတောင် အသင့်ပြင်ထားခဲ့တာပါလို့ နည်းပြဟောင်း ဒေးဗစ်မိုယက်စ်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပေါ်တိုနောက်ခံလူ အဲလက်စ်တဲလက်စ်အတွက် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်နေပြီး ကစားသမားနဲ့ အဆင်ပြေခဲ့ပေမယ့် ကလပ်၂ခုကြား သဘောတူညီမှု မရသေးတာကြောင့် ပီအက်စ်ဂျီက လက်မလျှော့ဘဲ သူ့ကိုကြားဖြတ်ခေါ်ယူနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ မနှစ်က ဖလားလက်မဲ့ဖြစ်ခဲ့တဲ့နောက် ဒီရာသီမှာ ဖလားစိန်ခေါ်ဖို့ ရည်ရွယ်ထားတာနဲ့အတူ ယနေ့ည သူတို့ရဲ့ ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ယူပြီး အကောင်းဆုံးစတင်လိမ့်မယ်လို့ ဘာဘာတော့ဗ်က ယုံကြည်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္အသင္းဟာ ေပၚတို ေနာက္ခံလူ အဲလက္စ္တဲလက္စ္ကို အၿပီးသတ္ ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။ စာခ်ဳပ္သက္တမ္း ၁၂လေအာက္သာက်န္ေတာ့တဲ့ ကစားသမားဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး သေဘာတူညီမႈရခဲ့ၿပီး ေျပာင္းေ႐ႊ႕ေၾကးက ေပါင္၂၅သန္း ကုန္က်ႏိုင္ပါတယ္။

ဝမ္ဘစ္ဆာကာ ဟာ အာႏိုးလို တိုက္စစ္ကို ၿခိမ္းေျခာက္ႏိုင္တဲ့သူမ်ိဳး ဘယ္ေတာ့မွ ျဖစ္လာမွာမဟုတ္တာေၾကာင့္ ေပါင္ သန္း ၅၀ တန္ ညာေနာက္ခံလူအေနနဲ႔ အေကာင္းဆုံးခံစစ္ ျဖစ္ဖို႔နဲ႔ ဂိုးမေပးရဖို႔ကိုသာ အဓိက အာ႐ုံစိုက္သင့္တယ္ လို႔ ဂယ္ရီနဗီးက ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္အေနနဲ႔ ကစားသမားသစ္ေတြ မဝယ္ႏိုင္တာဟာ အသင္းကို တိုးတက္ေစႏိုင္တဲ့ ကစားသမားရရွိဖို႔ ေ႐ြးခ်ယ္စရာ နည္းပါးျခင္းနဲ႔ ကိုဗစ္ရဲ႕ အက်ိဳး သက္ေရာက္မႈေတြ ေၾကာင့္သာ ျဖစ္တယ္လို႔ နည္းျပ ဆိုးလ္ရွားက အေၾကာင္းျပခဲ့ပါတယ္။

ဂါရတ္ေဘးဟာ ရီးရဲလ္ကေန စပါးကို ျပန္လာေတာ့မွာျဖစ္ေပမယ့္ ယူႏိုက္တက္ဟာလဲ တခ်ိန္က သူ႔ကို ေခၚယူဖို႔ အလိုရွိခဲ့ဖူးၿပီး ေခၚယူႏိုင္ဖို႔လဲ နီးစပ္ခဲ့သလို အိုးလ္ထရက္ဖို႔ဒ္ထံ ေခၚေဆာင္ဖို႔ ဟယ္လီေကာ္ပတာေတာင္ အသင့္ျပင္ထားခဲ့တာပါလို႔ နည္းျပေဟာင္း ေဒးဗစ္မိုယက္စ္က ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ေပၚတိုေနာက္ခံလူ အဲလက္စ္တဲလက္စ္အတြက္ ေဆြးေႏြးညႇိႏႈိင္းမႈေတြလုပ္ေနၿပီး ကစားသမားနဲ႔ အဆင္ေျပခဲ့ေပမယ့္ ကလပ္၂ခုၾကား သေဘာတူညီမႈ မရေသးတာေၾကာင့္ ပီအက္စ္ဂ်ီက လက္မေလွ်ာ့ဘဲ သူ႔ကိုၾကားျဖတ္ေခၚယူႏိုင္ဖို႔ ႀကိဳးစားေနဆဲ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ မႏွစ္က ဖလားလက္မဲ့ျဖစ္ခဲ့တဲ့ေနာက္ ဒီရာသီမွာ ဖလားစိန္ေခၚဖို႔ ရည္႐ြယ္ထားတာနဲ႔အတူ ယေန႔ည သူတို႔ရဲ႕ ပရီးမီးယားလိဂ္ ရာသီ အဖြင့္ပြဲမွာ ခရစၥတယ္ပဲေလ့စ္ကို အႏိုင္ယူၿပီး အေကာင္းဆုံးစတင္လိမ့္မယ္လို႔ ဘာဘာေတာ့ဗ္က ယုံၾကည္ေနပါတယ္။