မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းမှာ နံပါတ် ၉ တိုက်စစ်မှူး အဖြစ် မာရှယ် ကိုသာ ထားနေသမျှတော့ ပရီးမီးယားလိဂ် ဖလား ရနိုင်ဦးမှာ မဟုတ်ကြောင်း တိုက်စစ်မှူးဟောင်း ရှာရင်ဟမ်က သတိပေးလိုက်ပါတယ်။
လီဗာပူူးနဲ့ အန်းဖီးမှာသာ မန်ချက်စတာယူနိုက်တက် ကစားသမား တစ်ဦးကို ဂုဏ်ပြု အသိအမှတ်ပြုရမယ် ဆိုရင် မားကပ် ရက်ဖို့ဒ်ပဲ ဖြစ်လိမ့်မယ်လို့ အန်ဒီရော်ဘတ်ဆန်က ချီးကျူးစကား ဆိုလိုက်ပါတယ်။ ရက်ဖို့ဒ်ဟာ အင်္ဂလန်က နွမ်းပါးတဲ့ ကလေးငယ်တွေနဲ့ မိသားစုတွေကို စားရေရိက္ခာအတွက် ထောက်ပံ့တောင်းဆိုမှုတွေ ဦးဆောင် ပြုလုပ်ပေးထားပါတယ်။
ယူနိုက်တက်ရဲ့ ရာသီသစ်ဟာ စတင်တော့မှာဖြစ်ပြီး အသင်းအင်အားကို ပရိသတ်တွေက အားမရနေဆဲဖြစ်တာနဲ့အတူ သူတို့ဟာ ကစားသမားသစ်တွေ ခေါ်ယူဖို့ ကြိုးစား လုပ်ဆောင်နေတယ်လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ အပြောင်းအရွှေ့ လှုပ်ရှားမှုမရှိတာက ယူနိုက်တက်အတွက် မနှစ်ကထက် တိုးတက်မယ့် အခွင့်အရေးကို အတားအဆီးဖြစ်နေတာပါ။
ပရီးမီးယားလိဂ်မှာ ယူနိုက်တက် လုပ်ဆောင်ရမယ့် ဦးစားပေး ကိစ္စကတော့ လိဂ်မှာ ကြီးစိုးနေတဲ့ လီဗာပူး၊ မန်စီးတီး အသင်းတွေနဲ့ ကလပ်ကြားက ကွာဟချက်ကို လျှော့ချဖို့ ဖြစ်ကြောင်း ဆိုးရှားက ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက် ကွင်းလယ် ကစားသမားသစ် ဗန်ဒီဘိခ်ကတော့ ၎င်းဟာ တွဲဖက် ကစားရမယ့် အသင်းဖော် ပေါ့ဘာ၊ ဖာနန်ဒက်စ် တို့နဲ့ ကစားပေါက် ဆင်နေသော်လည်း ကွင်းလယ်မှာ ဘယ်နေရာက မဆို ပါဝင် ဖြည့် ကစားနိုင်ကြောင်း ယုံကြည်မှု ရှိစွာ ဆိုခဲ့ပါတယ်။
ခံစစ်မှူး ဝမ် ဘစ်ဆာကာ အနေနဲ့ ပြိုင်ဘက်အသင်းတွေမှ အစွန်ခံစစ်သမားများ ဖြစ်တဲ့ အလက်ဇန်းဒါး အာနိုးနဲ့ ဝေါ်ကာ တို့လို တိုက်စစ် လိုက်ပါဖို့ သိပ် ဇောမသန်စေလိုကြောင်း နဗီးလ်က ပြောဆိုခဲ့ပါတယ်။
Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ အသင္းမွာ နံပါတ္ ၉ တိုက္စစ္မွဴး အျဖစ္ မာရွယ္ ကိုသာ ထားေနသမွ်ေတာ့ ပရီးမီးယားလိဂ္ ဖလား ရနုိင္ဦးမွာ မဟုတ္ေၾကာင္း တိုက္စစ္မွဴးေဟာင္း ရွာရင္ဟမ္က သတိေပးလိုက္ပါတယ္။
လီဗာပူူးနဲ႕ အန္းဖီးမွာသာ မန္ခ်က္စတာယူနိုက္တက္ ကစားသမား တစ္ဦးကို ဂုဏ္ျပဳ အသိအမွတ္ျပဳရမယ္ ဆိုရင္ မားကပ္ ရက္ဖို႔ဒ္ပဲ ျဖစ္လိမ့္မယ္လို႔ အန္ဒီေရာ္ဘတ္ဆန္က ခ်ီးက်ဴးစကား ဆိုလိုက္ပါတယ္။ ရက္ဖို႕ဒ္ဟာ အဂၤလန္က ႏြမ္းပါးတဲ့ ကေလးငယ္ေတြနဲ႕ မိသားစုေတြကို စားေရရိကၡာအတြက္ ေထာက္ပံ့ေတာင္းဆိုမႈေတြ ဦးေဆာင္ ျပဳလုပ္ေပးထားပါတယ္။
ယူႏိုက္တက္ရဲ႕ ရာသီသစ္ဟာ စတင္ေတာ့မွာျဖစ္ၿပီး အသင္းအင္အားကို ပရိသတ္ေတြက အားမရေနဆဲျဖစ္တာနဲ႔အတူ သူတို႔ဟာ ကစားသမားသစ္ေတြ ေခၚယူဖို႔ ႀကိဳးစား လုပ္ေဆာင္ေနတယ္လို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့ပါတယ္။ အေျပာင္းအေ႐ႊ႕ လႈပ္ရွားမႈမရွိတာက ယူႏိုက္တက္အတြက္ မႏွစ္ကထက္ တိုးတက္မယ့္ အခြင့္အေရးကို အတားအဆီးျဖစ္ေနတာပါ။
ပရီးမီးယားလိဂ္မွာ ယူနိုက္တက္ လုပ္ေဆာင္ရမယ့္ ဦးစားေပး ကိစၥကေတာ့ လိဂ္မွာ ၾကီးစိုးေနတဲ့ လီဗာပူး၊ မန္စီးတီး အသင္းေတြနဲ႕ ကလပ္ၾကားက ကြာဟခ်က္ကို ေလွ်ာ့ခ်ဖို႔ ျဖစ္ေၾကာင္း ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။
ယူနိုက္တက္ ကြင္းလယ္ ကစားသမားသစ္ ဗန္ဒီဘိခ္ကေတာ့ ၄င္းဟာ တြဲဖက္ ကစားရမယ့္ အသင္းေဖာ္ ေပါ့ဘာ၊ ဖာနန္ဒက္စ္ တို႔နဲ႕ ကစားေပါက္ ဆင္ေနေသာ္လည္း ကြင္းလယ္မွာ ဘယ္ေနရာက မဆို ပါ၀င္ ျဖည့္ ကစားနုိင္ေၾကာင္း ယံုၾကည္မႈ ရွိစြာ ဆိုခဲ့ပါတယ္။
ခံစစ္မွဴး ၀မ္ ဘစ္ဆာကာ အေနနဲ႕ ျပိဳင္ဘက္အသင္းေတြမွ အစြန္ခံစစ္သမားမ်ား ျဖစ္တဲ့ အလက္ဇန္းဒါး အာနိုးနဲ႕ ေ၀ၚကာ တို႔လို တိုက္စစ္ လိုက္ပါဖို႔ သိပ္ ေဇာမသန္ေစလိုေၾကာင္း နဗီးလ္က ေျပာဆိုခဲ့ပါတယ္။