ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (19/09/20)

ချယ်ဆီးနည်းပြ လမ်းပတ်က သူ့ရဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျ ပြုပြင်ပြောင်းလဲမှုမှာ အက်ဇ်ပီလီ ကွီတာကို ကြီးမားတဲ့ အထောက်အကူအဖြစ် ချီးကျူးပြောဆိုခဲ့ပြီး စပိန်နောက်ခံလူဟာ အသင်းခေါင်းဆောင် အဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ ကော်လမ်ဟဒ်ဆန် အိုဒွိုင်းအပေါ် သူတို့ရဲ့စိတ်ဝင်စားမှုကို တစ်ဖန် ပြန်အသက်သွင်းခဲ့တဲ့နောက် တောင်ပံကစားသမားအနေနဲ့ ချယ်ဆီး အသင်းရဲ့ ပွဲထွက် လူစာရင်းမှာ နေရာတစ်နေရာရဖို့ဆိုရင် လေ့ကျင့်ရေးမှာ ဒီထက်ပိုကြိုးစားဖို့ လိုတယ်လို့ နည်းပြ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

လီဗာပူးနဲ့ ချယ်ဆီးပွဲမှာ တိုက်စစ် တီမိုဗာနာဟာ ပရီးမီးယားလိဂ်ရဲ့ ခံစစ်ဘီလူးတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီး သူ့ကိုကာလရှည်ကြာ သဘောကျခဲ့ဖူးတဲ့ ကလပ်အတွက် သူတို့ ဘာကို လက်လွှတ်ခဲ့ရတာလဲ ဆိုတာကို ပြသနိုင်ဖို့ အလိုရှိနေပါတယ်။

ကာရာဘောင်းဖလား တတိယအဆင့်မှာ ချယ်ဆီး ဟာ ဘန်စလေကို အနိုင်ရပြီး စပါးကလဲ လိုင်တန် အိုရီးယန့်ကို ကျော်ဖြတ်နိုင်ခဲ့ရင် စတုတ္ထအဆင့်မှာ ဒီနှစ်သင်းက ထိပ်တိုက် တွေ့ဆုံရဖို့ရှိနေပြီး နွေအပြောင်းအရွှေ့မှာ လှုပ်ရှားမှုများစွာ လုပ်ခေါ်တဲ့အသင်း၂သင်းကြား မော်ရင်ညိုနဲ့ လမ်းပတ်တို့ရဲ့ ဆရာနဲ့တပည့် အားပြိုင်မှုကိုလဲ မြင်တွေ့ရဦးမှာပါ။

ဘရိုက်တန်နဲ့ပွဲမှာ မပါဝင်ခဲ့တဲ့ ပူလီဆစ်၊ ဘင်ချီဝဲနဲ့ ဟာကင်ဇီယက်ခ်ျတို့ဟာ ပွဲကစားဖို့အတွက် လုံလောက်တဲ့ ကြံခိုင်မှုမရှိသေးတာနဲ့အတူ တနင်္ဂနွေနေ့ လီဗာပူးနဲ့ ပွဲကိုလဲ ထပ်မံ လွဲချော်ဦးမှာဖြစ်ကြောင်း နည်းပြ လမ်းပတ်က အတည်ပြုပြောဆိုခဲ့ပါတယ်။

အင်တာမီလန်ဟာ သူတို့ ကစားသမားတွေကိုရောင်းချပြီး ငွေရှာနိုင်မှသာ ကန်တေကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးရရှိမှာပါ။ ဒီအတွက် မာဆယ်လို ဘရိုဇိုဗစ်နဲ့ မီလန် စကရီနီရာတို့က ရောင်းချခံရနိုင်ပေမယ့် ချယ်ဆီး ကတော့ ဒီကလန်ရိုက်စ်ကိုမရရင် ကန်တေကို ထွက်ခွာခွင့်ပေးဖို့ မရှိပါဘူး။

ပီအက်စ်ဂျီဟာ ဒီနွေမှာ စတန်းဖို့ဒ်ဘရစ်ခ်ျကို စွန့်ခွာဖို့ ရှိနေတဲ့ ချယ်ဆီး နောက်ခံလူ အီမာဆန်ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ယူရို သန်း၂၀နဲ့ ရိုးမားကနေ ချယ်ဆီး ထံ ရောက်ခဲ့တဲ့ အီမာဆန်ဟာ ဘင်ချီဝဲ ရောက်ရှိလာတဲ့နောက် နေရာပျောက်တော့မှာကို သိနေတာကြောင့် အသင်းကနေ ထွက်ခွာလိုနေပါတယ်။

ချယ်ဆီး အသင်းဟာ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ချင်ပေမယ့် သူဟာ နည်းစနစ်ပိုင်းအရ လုံလောက်တဲ့ တိုးတက်မှုမရှိလာဘူးလို့ သံသယဖြစ်နေတဲ့အပြင် ဝက်စ်ဟမ်းရဲ့ ပေါင် သန်း ၇၀ တောင်းဆိုမှုကြောင့် သူ့ကို လက်လွှတ်လိုက်ဖို့ ဆုံးဖြတ်နိုင်ဖွယ် ရှိနေပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ လမ္းပတ္က သူ႔ရဲ႕ စတန္းဖို႔ဒ္ဘရစ္ခ္် ျပဳျပင္ေျပာင္းလဲမႈမွာ အက္ဇ္ပီလီ ကြီတာကို ႀကီးမားတဲ့ အေထာက္အကူအျဖစ္ ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး စပိန္ေနာက္ခံလူဟာ အသင္းေခါင္းေဆာင္ အျဖစ္ ဆက္ရွိေနမွာျဖစ္ေၾကာင္း အတည္ျပဳေျပာၾကားခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္ဟာ ေကာ္လမ္ဟဒ္ဆန္ အိုဒြိဳင္းအေပၚ သူတို႔ရဲ႕စိတ္ဝင္စားမႈကို တစ္ဖန္ ျပန္အသက္သြင္းခဲ့တဲ့ေနာက္ ေတာင္ပံကစားသမားအေနနဲ႔ ခ်ယ္ဆီး အသင္းရဲ႕ ပြဲထြက္ လူစာရင္းမွာ ေနရာတစ္ေနရာရဖို႔ဆိုရင္ ေလ့က်င့္ေရးမွာ ဒီထက္ပိုႀကိဳးစားဖို႔ လိုတယ္လို႔ နည္းျပ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

လီဗာပူးနဲ႔ ခ်ယ္ဆီးပြဲမွာ တိုက္စစ္ တီမိုဗာနာဟာ ပရီးမီးယားလိဂ္ရဲ႕ ခံစစ္ဘီလူးေတြကို ရင္ဆိုင္ဖို႔ အဆင္သင့္ျဖစ္ေနၿပီး သူ႔ကိုကာလရွည္ၾကာ သေဘာက်ခဲ့ဖူးတဲ့ ကလပ္အတြက္ သူတို႔ ဘာကို လက္လႊတ္ခဲ့ရတာလဲ ဆိုတာကို ျပသႏိုင္ဖို႔ အလိုရွိေနပါတယ္။

ကာရာေဘာင္းဖလား တတိယအဆင့္မွာ ခ်ယ္ဆီး ဟာ ဘန္စေလကို အႏိုင္ရၿပီး စပါးကလဲ လိုင္တန္ အိုရီးယန႔္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ရင္ စတုတၳအဆင့္မွာ ဒီႏွစ္သင္းက ထိပ္တိုက္ ေတြ႕ဆုံရဖို႔ရွိေနၿပီး ေႏြအေျပာင္းအေ႐ႊ႕မွာ လႈပ္ရွားမႈမ်ားစြာ လုပ္ေခၚတဲ့အသင္း၂သင္းၾကား ေမာ္ရင္ညိဳနဲ႔ လမ္းပတ္တို႔ရဲ႕ ဆရာနဲ႔တပည့္ အားၿပိဳင္မႈကိုလဲ ျမင္ေတြ႕ရဦးမွာပါ။

ဘ႐ိုက္တန္နဲ႔ပြဲမွာ မပါဝင္ခဲ့တဲ့ ပူလီဆစ္၊ ဘင္ခ်ီဝဲနဲ႔ ဟာကင္ဇီယက္ခ္်တို႔ဟာ ပြဲကစားဖို႔အတြက္ လုံေလာက္တဲ့ ႀကံခိုင္မႈမရွိေသးတာနဲ႔အတူ တနဂၤေႏြေန႔ လီဗာပူးနဲ႔ ပြဲကိုလဲ ထပ္မံ လြဲေခ်ာ္ဦးမွာျဖစ္ေၾကာင္း နည္းျပ လမ္းပတ္က အတည္ျပဳေျပာဆိုခဲ့ပါတယ္။

အင္တာမီလန္ဟာ သူတို႔ ကစားသမားေတြကိုေရာင္းခ်ၿပီး ေငြရွာႏိုင္မွသာ ကန္ေတကို ေခၚယူႏိုင္ဖို႔ အခြင့္အေရးရရွိမွာပါ။ ဒီအတြက္ မာဆယ္လို ဘ႐ိုဇိုဗစ္နဲ႔ မီလန္ စကရီနီရာတို႔က ေရာင္းခ်ခံရႏိုင္ေပမယ့္ ခ်ယ္ဆီး ကေတာ့ ဒီကလန္႐ိုက္စ္ကိုမရရင္ ကန္ေတကို ထြက္ခြာခြင့္ေပးဖို႔ မရွိပါဘူး။

ပီအက္စ္ဂ်ီဟာ ဒီေႏြမွာ စတန္းဖို႔ဒ္ဘရစ္ခ္်ကို စြန႔္ခြာဖို႔ ရွိေနတဲ့ ခ်ယ္ဆီး ေနာက္ခံလူ အီမာဆန္ကို ေခၚယူဖို႔စိတ္ဝင္စားေနပါတယ္။ ယူ႐ို သန္း၂၀နဲ႔ ႐ိုးမားကေန ခ်ယ္ဆီး ထံ ေရာက္ခဲ့တဲ့ အီမာဆန္ဟာ ဘင္ခ်ီဝဲ ေရာက္ရွိလာတဲ့ေနာက္ ေနရာေပ်ာက္ေတာ့မွာကို သိေနတာေၾကာင့္ အသင္းကေန ထြက္ခြာလိုေနပါတယ္။

ခ်ယ္ဆီး အသင္းဟာ ဝက္စ္ဟမ္း ကြင္းလယ္လူ ဒီကလန္႐ိုက္စ္ကို ေခၚခ်င္ေပမယ့္ သူဟာ နည္းစနစ္ပိုင္းအရ လုံေလာက္တဲ့ တိုးတက္မႈမရွိလာဘူးလို႔ သံသယျဖစ္ေနတဲ့အျပင္ ဝက္စ္ဟမ္းရဲ႕ ေပါင္ သန္း ၇၀ ေတာင္းဆိုမႈေၾကာင့္ သူ႔ကို လက္လႊတ္လိုက္ဖို႔ ဆုံးျဖတ္ႏိုင္ဖြယ္ ရွိေနပါတယ္။