အာဆင်နယ်ဟာ လိုင်ယွန် ကွင်းလယ်လူ ဟောက်ဆမ် အာဝါကို ခေါ်ယူဖို့မတတ်နိုင်ဘူးလို့ လိုင်ယွန်ဥက္ကဌ ဂျင်းမစ်ချယ် အော်လက်စ်က တွစ်တာမှာ ပြောဆိုခဲ့ပါတယ်။ ဂန်းနားတွေ အနေနဲ့ သူ့ကို မခေါ်ယူနိုင်ခင် အသင်းရဲ့ အရန်ကစားသမားများစွာကို ရောင်းချဖို့လိုလိမ့်မယ်လို့ ဂျိမ်းစ်အော်လီက ပြောဆိုခဲ့သေးတာပါ။
ဖူလ်ဟမ်နဲ့ ပွဲ မတိုင်ခင် အန်ကတ်တီရာနဲ့ ဆီဘယ်လော့တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အချင်းများခဲ့ပြီး ရန်ဖြစ်ဖို့ နီးစပ်ခဲ့သလို အသင်းဖော်တွေက လူခွဲပေးခဲ့ရတာကို မြင်ရတဲ့ အခါ တုန်လှုပ်ခဲ့ကြောင်း အာတီတာက ဝန်ခံခဲ့ပြီး သူတို့ရဲ့ ကစားချင်စိတ် ပြင်းပြမှုကို နားလည်ကြောင်း ပြောဆိုခဲ့ပါတယ်။
ယနေ့ည ဝက်စ်ဟမ်းနဲ့ပွဲမတိုင်ခင် လန်ဒန် ကော်လ်နီက အာဆင်နယ်ရဲ့ ပထမအသင်းလေ့ကျင့်ရေးမှာ လူငယ်ကစားသမား ဟယ်ရီကလက်ခ် ပါဝင်ခဲ့ပြီး နောက်ခံလူ မက်ခ် ဂင်းနက်စ်၊ ဂိုးသမား ကားလ်ဟိန်းတို့ကလဲ အသင်းကြီးနဲ့တအတူ လေ့ကျင့်ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ဒီဂျွန် ဂိုးသမား ရန်နာဆန်ဟာ အာဆင်နယ်နဲ့ အပြောင်းအရွှေ့ကိစ္စကို အပြီးသတ်ဖို့အတွက် လန်ဒန်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဂန်းနားတွေဟာ အက်စ်တွန်ဗီလာထံ အီမီလီယာနို မာတီနက်ဇ်ကို ရောင်းချခဲ့တဲ့နောက် အိုက်စလန်သားက အသင်းရဲ့ ဒုတိယဂိုးသမားအသစ် ဖြစ်လာတော့မှာပါ။
တော်ရဲရားကို ရိုးမားနဲ့ အေစီမီလန်တို့က စိတ်ဝင်စားနေပေမယ့်လဲ သူ့ကို ဆုံးရှုံးရမှာကို တိုရီနိုက မစိုးရိမ်နေပါဘူး။ တော်ရဲရားက သူတို့ထံပဲ လာမှာလို့ တိုရီနိုက ယုံကြည်နေတာ ဖြစ်ပေမယ့် ငွေသားချက်ချင်း လိုချင်တဲ့ အာဆင်နယ်နဲ့တော့ အပြောင်းအရွှေ့ သဘောတူညီမှု မရရှိသေးဘဲ ရှိပါတယ်။
အာဆင်နယ်ဟာ ဘရန့်ဖို့ဒ် ဂိုးသမား ဒေးဗစ် ရာယာအတွက် ပေါင် ၁၀သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ မာတီနက်ကို ရောင်းချခဲ့တဲ့နောက် လီနိုနဲ့ ပြိုင်ဆိုင်ဖို့အတွက် အရန် ဂိုးသမား အသစ်ခေါ်ယူဖို့ ဂန်းနားတွေကအလိုရှိနေပေမယ့် ဘရန့်ဖို့ဒ်ကတော့ သူတို့ထံ အငှားပြန်မချဘူးဆိုရင် ရာယာကို မရောင်းချလိုနေတာဖြစ်ပါတယ်။
အာတီတာဟာ ကလပ်ကို စစရောက်လာချင်းမှာ အူဘာမီးယန်းအနေနဲ့ စာချုပ်သစ် ချုပ်လိမ့်မယ်လို့ မထင်ခဲ့ပဲ ဘာစီလိုနာထံ သူ့ကို ဆုံးရှုံးရဖို့ နီးစပ်ခဲ့ပေမယ့် နှစ်ယောက်သား ပြောဆို ဆွေးနွေးမှုတွေ လုပ်ခဲ့တဲ့နောက်မှာ နားလည်မှုရခဲ့ပြီး အားလုံး အဆင်ပြေခဲ့တာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီမှာ ချယ်ဆီးအတွက် စိတ်ချရတဲ့ ပင်နယ်တီကန်သွင်းသူ ဖြစ်ခဲ့တဲ့ ဝီလီယံ ရောက်ရှိလာတာက အာဆင်နယ်မှာ အူဘာမီးယန်းရဲ့ ပင်နယ်တီတာဝန်အပေါ် အပြောင်းအလဲ ဖြစ်စေမလားဆိုတဲ့ သံသယတွေရှိခဲ့ပေမယ့် အူဘာမီးယန်းကပဲ ပင်နယ်တီကို အဓိက တာဝန်ယူရမှာဖြစ်ကြောင်း အာတီတာက အတည်ပြုခဲ့ပါတယ်။
Zawgyi – အာဆင္နယ္ဟာ လိုင္ယြန္ ကြင္းလယ္လူ ေဟာက္ဆမ္ အာဝါကို ေခၚယူဖို႔မတတ္ႏိုင္ဘူးလို႔ လိုင္ယြန္ဥကၠဌ ဂ်င္းမစ္ခ်ယ္ ေအာ္လက္စ္က တြစ္တာမွာ ေျပာဆိုခဲ့ပါတယ္။ ဂန္းနားေတြ အေနနဲ႔ သူ႔ကို မေခၚယူႏိုင္ခင္ အသင္းရဲ႕ အရန္ကစားသမားမ်ားစြာကို ေရာင္းခ်ဖို႔လိုလိမ့္မယ္လို႔ ဂ်ိမ္းစ္ေအာ္လီက ေျပာဆိုခဲ့ေသးတာပါ။
ဖူလ္ဟမ္နဲ႔ ပြဲ မတိုင္ခင္ အန္ကတ္တီရာနဲ႔ ဆီဘယ္ေလာ့တို႔ဟာ တစ္ေယာက္နဲ႔တစ္ေယာက္ အခ်င္းမ်ားခဲ့ၿပီး ရန္ျဖစ္ဖို႔ နီးစပ္ခဲ့သလို အသင္းေဖာ္ေတြက လူခြဲေပးခဲ့ရတာကို ျမင္ရတဲ့ အခါ တုန္လႈပ္ခဲ့ေၾကာင္း အာတီတာက ဝန္ခံခဲ့ၿပီး သူတို႔ရဲ႕ ကစားခ်င္စိတ္ ျပင္းျပမႈကို နားလည္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ယေန႔ည ဝက္စ္ဟမ္းနဲ႔ပြဲမတိုင္ခင္ လန္ဒန္ ေကာ္လ္နီက အာဆင္နယ္ရဲ႕ ပထမအသင္းေလ့က်င့္ေရးမွာ လူငယ္ကစားသမား ဟယ္ရီကလက္ခ္ ပါဝင္ခဲ့ၿပီး ေနာက္ခံလူ မက္ခ္ ဂင္းနက္စ္၊ ဂိုးသမား ကားလ္ဟိန္းတို႔ကလဲ အသင္းႀကီးနဲ႔တအတူ ေလ့က်င့္ခဲ့ၾကတာပဲ ျဖစ္ပါတယ္။
ဒီဂြၽန္ ဂိုးသမား ရန္နာဆန္ဟာ အာဆင္နယ္နဲ႔ အေျပာင္းအေ႐ႊ႕ကိစၥကို အၿပီးသတ္ဖို႔အတြက္ လန္ဒန္ကိုေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ ဂန္းနားေတြဟာ အက္စ္တြန္ဗီလာထံ အီမီလီယာႏို မာတီနက္ဇ္ကို ေရာင္းခ်ခဲ့တဲ့ေနာက္ အိုက္စလန္သားက အသင္းရဲ႕ ဒုတိယဂိုးသမားအသစ္ ျဖစ္လာေတာ့မွာပါ။
ေတာ္ရဲရားကို ႐ိုးမားနဲ႔ ေအစီမီလန္တို႔က စိတ္ဝင္စားေနေပမယ့္လဲ သူ႔ကို ဆုံးရႈံးရမွာကို တိုရီႏိုက မစိုးရိမ္ေနပါဘူး။ ေတာ္ရဲရားက သူတို႔ထံပဲ လာမွာလို႔ တိုရီႏိုက ယုံၾကည္ေနတာ ျဖစ္ေပမယ့္ ေငြသားခ်က္ခ်င္း လိုခ်င္တဲ့ အာဆင္နယ္နဲ႔ေတာ့ အေျပာင္းအေ႐ႊ႕ သေဘာတူညီမႈ မရရွိေသးဘဲ ရွိပါတယ္။
အာဆင္နယ္ဟာ ဘရန္႔ဖို႔ဒ္ ဂိုးသမား ေဒးဗစ္ ရာယာအတြက္ ေပါင္ ၁၀သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ ပယ္ခ်ခံခဲ့ရပါတယ္။ မာတီနက္ကို ေရာင္းခ်ခဲ့တဲ့ေနာက္ လီႏိုနဲ႔ ၿပိဳင္ဆိုင္ဖို႔အတြက္ အရန္ ဂိုးသမား အသစ္ေခၚယူဖို႔ ဂန္းနားေတြကအလိုရွိေနေပမယ့္ ဘရန႔္ဖို႔ဒ္ကေတာ့ သူတို႔ထံ အငွားျပန္မခ်ဘူးဆိုရင္ ရာယာကို မေရာင္းခ်လိုေနတာျဖစ္ပါတယ္။
အာတီတာဟာ ကလပ္ကို စစေရာက္လာခ်င္းမွာ အူဘာမီးယန္းအေနနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္လိမ့္မယ္လို႔ မထင္ခဲ့ပဲ ဘာစီလိုနာထံ သူ႔ကို ဆုံးရႈံးရဖို႔ နီးစပ္ခဲ့ေပမယ့္ ႏွစ္ေယာက္သား ေျပာဆို ေဆြးေႏြးမႈေတြ လုပ္ခဲ့တဲ့ေနာက္မွာ နားလည္မႈရခဲ့ၿပီး အားလုံး အဆင္ေျပခဲ့တာျဖစ္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ရာသီမွာ ခ်ယ္ဆီးအတြက္ စိတ္ခ်ရတဲ့ ပင္နယ္တီကန္သြင္းသူ ျဖစ္ခဲ့တဲ့ ဝီလီယံ ေရာက္ရွိလာတာက အာဆင္နယ္မွာ အူဘာမီးယန္းရဲ႕ ပင္နယ္တီတာဝန္အေပၚ အေျပာင္းအလဲ ျဖစ္ေစမလားဆိုတဲ့ သံသယေတြရွိခဲ့ေပမယ့္ အူဘာမီးယန္းကပဲ ပင္နယ္တီကို အဓိက တာဝန္ယူရမွာျဖစ္ေၾကာင္း အာတီတာက အတည္ျပဳခဲ့ပါတယ္။