ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (20/09/20)

မန်ချက်စတာယူနိုက်တက်ဟာ ရာသီအဖွင့်ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို ၃-၁နဲ့ စိတ်ပျက်ဖွယ် ရှုံးခဲ့တဲ့နောက် သူတို့အနေနဲ့ ဂျေဒန်ဆန်ချို ထက် ဗဟိုခံစစ် အသစ် တစ်ယောက်ခေါ်ယူဖို့ ပိုမိုလိုအပ်လာပြီလို့ ကလပ်ဂန္တဝင် ဂယ်ရီနဗီးက သတိပေးပြောဆိုခဲ့ပါတယ်။

ခရစ္စတယ်ပဲလေ့စ်ကို ၃-၁နဲ့ရှုံးခဲ့တဲ့ပွဲမှာ ပေးခဲ့ရတဲ့ ဂိုးအားလုံးအတွက် ဗစ်တာလင်ဒီလော့ဖ်ရဲ့ အမှားမကင်းခဲ့တာကြောင့် ဂယ်ရီနဗီးနဲ့ ရိုင်ယန်ဂစ်တို့က ဝေဖန်ခဲ့ပေမယ့်လဲ ဆိုးလ်ရှားကတော့သူ့ကိုအပြစ်မတင်ခဲ့ပဲ တစ်သင်းလုံးက ပုံစံကောင်း ပျောက်ဆုံးနေခဲ့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

လိဒ်ယူနိုက်တက်ဟာ နွေအပြောင်းအရွှေ့ကာလမှာ ယူနိုက်တက်ဆီကနေ ဒန်နီရယ်ဂျိမ်းစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ဇန်နဝါရီ ၂၀၁၉မှာထဲက ဆွမ်ဆီးထံကနေ သူ့ကိုခေါ်ယူဖို့ လိဒ်က အလိုရှိခဲ့တာဖြစ်ပေမယ့် လူငယ်ကစားသမားက နွေရာသီမှာ ပေါင် ၁၅သန်းနဲ့ ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

လက်ရှိအပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက် ဂိုးသမား ရိုမဲရိုးဟာ အိုးလ်ထရက်ဖို့ဒ်ကနေ စွန့်ခွာဖို့ ဦးတည်နေပါတယ်။ ဒင်းဟန်ဒါဆန် ပြန်ရောက်လာတဲ့နောက် တတိယဦးစားပေး ဂိုးသမားဖြစ်သွားတဲ့ ရိုမဲရိုးဟာ ယူနိုက်တက်နဲ့ ၅နှစ်ကာလကို အဆုံးသတ်လိုနေပြီး ဗလင်စီယာက ခေါ်ယူချင်နေတာပါ။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ယူနိုက်တက်ဂန္တဝင် ရိုင်ယန်ဂစ်က ကလပ်ရဲ့ စွမ်းဆောင်ရည်အပေါ် ဝေဖန်ပြစ်တင်ခဲ့ပြီး သူတို့ဟာ တစ်ပွဲလုံး ပဲလေ့စ်ထက် ခြေစွမ်းဆိုးဝါးခဲ့တာဖြစ်သလို အပြောင်းအရွှေ့ကာလ မပိတ်ခင် ကစားသမားသစ်တွေ ခေါ်ယူဖို့ ဘုတ်အဖွဲ့ကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

စပါးဟာ နွေအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ထံကနေ ဂျက်ဆီ လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ စပါးနည်းပြ မော်ရင်ညိုဟာ ယူနိုက်တက်မှာရှိခဲ့တုန်းက လင်ဂတ်နဲ့ တွဲလုပ်ခဲ့ဖူးတာဖြစ်သလို အခု ပေါင်သန်း၃၀နဲ့သူ့ကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

ရာသီအဖွင့်ရှုံးပွဲအတွက် အပြောင်းအရွှေ့ လုပ်ရှားမှု မရှိခဲ့တဲ့အပေါ် ယူနိုက်တက် ပရိသတ်တွေက ဒေါသထွက်ခဲ့ကြပေမယ့်လဲ နည်းပြ ဆိုးလ်ရှားကတော့ လက်ရှိ ကစားသမားတွေအနေနဲ့ မှန်ထဲမှာ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး အပြစ်တင်သင့်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒွန်နီ ဗန်ဒီဘိခ်ဟာ မန်ချက်စတာယူနိုက်တက်နဲ့ ပွဲဦးထွက်မှာ ၆၇မိနစ်မှာ လူစားဝင်ခဲ့ပြီး ၁၃မိနစ်အကြာမှာ ဂိုးသွင်းခဲ့ပေမယ့် လဲ ပဲလေ့စ်ကို ၃-၁နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်သလို အသင်းရဲ့ကစားပုံက သိပ်ကိုနှေးကွေးခဲ့ပြီး လက်မခံနိုင်စရာဖြစ်ခဲ့တယ်လို့ အသင်းဖော်တွေကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာယူႏိုက္တက္ဟာ ရာသီအဖြင့္ပြဲမွာ ခရစၥတယ္ပဲေလ့စ္ကို ၃-၁နဲ႔ စိတ္ပ်က္ဖြယ္ ရႈံးခဲ့တဲ့ေနာက္ သူတို႔အေနနဲ႔ ေဂ်ဒန္ဆန္ခ်ိဳ ထက္ ဗဟိုခံစစ္ အသစ္ တစ္ေယာက္ေခၚယူဖို႔ ပိုမိုလိုအပ္လာၿပီလို႔ ကလပ္ဂႏၲဝင္ ဂယ္ရီနဗီးက သတိေပးေျပာဆိုခဲ့ပါတယ္။

ခရစၥတယ္ပဲေလ့စ္ကို ၃-၁နဲ႔ရႈံးခဲ့တဲ့ပြဲမွာ ေပးခဲ့ရတဲ့ ဂိုးအားလုံးအတြက္ ဗစ္တာလင္ဒီေလာ့ဖ္ရဲ႕ အမွားမကင္းခဲ့တာေၾကာင့္ ဂယ္ရီနဗီးနဲ႔ ႐ိုင္ယန္ဂစ္တို႔က ေဝဖန္ခဲ့ေပမယ့္လဲ ဆိုးလ္ရွားကေတာ့သူ႔ကိုအျပစ္မတင္ခဲ့ပဲ တစ္သင္းလုံးက ပုံစံေကာင္း ေပ်ာက္ဆုံးေနခဲ့တာျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

လိဒ္ယူႏိုက္တက္ဟာ ေႏြအေျပာင္းအေ႐ႊ႕ကာလမွာ ယူႏိုက္တက္ဆီကေန ဒန္နီရယ္ဂ်ိမ္းစ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ ဇန္နဝါရီ ၂၀၁၉မွာထဲက ဆြမ္ဆီးထံကေန သူ႔ကိုေခၚယူဖို႔ လိဒ္က အလိုရွိခဲ့တာျဖစ္ေပမယ့္ လူငယ္ကစားသမားက ေႏြရာသီမွာ ေပါင္ ၁၅သန္းနဲ႔ ယူႏိုက္တက္ထံ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

လက္ရွိအေျပာင္းအေ႐ႊ႕ကာလအတြင္း ယူႏိုက္တက္ ဂိုးသမား ႐ိုမဲ႐ိုးဟာ အိုးလ္ထရက္ဖို႔ဒ္ကေန စြန႔္ခြာဖို႔ ဦးတည္ေနပါတယ္။ ဒင္းဟန္ဒါဆန္ ျပန္ေရာက္လာတဲ့ေနာက္ တတိယဦးစားေပး ဂိုးသမားျဖစ္သြားတဲ့ ႐ိုမဲ႐ိုးဟာ ယူႏိုက္တက္နဲ႔ ၅ႏွစ္ကာလကို အဆုံးသတ္လိုေနၿပီး ဗလင္စီယာက ေခၚယူခ်င္ေနတာပါ။

ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ ယူႏိုက္တက္ဂႏၲဝင္ ႐ိုင္ယန္ဂစ္က ကလပ္ရဲ႕ စြမ္းေဆာင္ရည္အေပၚ ေဝဖန္ျပစ္တင္ခဲ့ၿပီး သူတို႔ဟာ တစ္ပြဲလုံး ပဲေလ့စ္ထက္ ေျခစြမ္းဆိုးဝါးခဲ့တာျဖစ္သလို အေျပာင္းအေ႐ႊ႕ကာလ မပိတ္ခင္ ကစားသမားသစ္ေတြ ေခၚယူဖို႔ ဘုတ္အဖြဲ႕ကို တိုက္တြန္းေျပာဆိုခဲ့ပါတယ္။

စပါးဟာ ေႏြအေျပာင္းအေ႐ႊ႕မွာ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ မန္ခ်က္စတာယူႏိုက္တက္ထံကေန ဂ်က္ဆီ လင္ဂတ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနပါတယ္။ စပါးနည္းျပ ေမာ္ရင္ညိဳဟာ ယူႏိုက္တက္မွာရွိခဲ့တုန္းက လင္ဂတ္နဲ႔ တြဲလုပ္ခဲ့ဖူးတာျဖစ္သလို အခု ေပါင္သန္း၃၀နဲ႔သူ႔ကို ေခၚယူခ်င္ေနတာျဖစ္ပါတယ္။

ရာသီအဖြင့္ရႈံးပြဲအတြက္ အေျပာင္းအေ႐ႊ႕ လုပ္ရွားမႈ မရွိခဲ့တဲ့အေပၚ ယူႏိုက္တက္ ပရိသတ္ေတြက ေဒါသထြက္ခဲ့ၾကေပမယ့္လဲ နည္းျပ ဆိုးလ္ရွားကေတာ့ လက္ရွိ ကစားသမားေတြအေနနဲ႔ မွန္ထဲမွာ ကိုယ့္ကိုယ္ကို ျပန္ၾကည့္ၿပီး အျပစ္တင္သင့္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒြန္နီ ဗန္ဒီဘိခ္ဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ပြဲဦးထြက္မွာ ၆၇မိနစ္မွာ လူစားဝင္ခဲ့ၿပီး ၁၃မိနစ္အၾကာမွာ ဂိုးသြင္းခဲ့ေပမယ့္ လဲ ပဲေလ့စ္ကို ၃-၁နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္သလို အသင္းရဲ႕ကစားပုံက သိပ္ကိုေႏွးေကြးခဲ့ၿပီး လက္မခံႏိုင္စရာျဖစ္ခဲ့တယ္လို႔ အသင္းေဖာ္ေတြကို ေဝဖန္ျပစ္တင္ခဲ့ပါတယ္။