ယနေ့ နံနက်ခင်း ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ (20/09/20)

ကိုင်ဟားဗတ်ဟာ ဒီနွေမှာ ပေါင် ၇၁သန်းနဲ့ ချယ်ဆီးထံ ရောက်ရှိလာခဲ့ကာ ပရိသတ်တွေက အများကြီး မျှော်လင့်ခဲ့ကြပေမယ့် ဘရိုက်တန်နဲ့ပွဲမှာ ဘာမှမလုပ်ပြနိုင်ခဲ့ပဲ ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရတာကြောင့် သူ့ရဲ့ ပွဲဦးထွက်က စိတ်ဝင်စားစရာ မရှိခဲ့ဘူးလို့ ပေါလ်မာဆွန်က ဝေဖန်ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးနောက်ခံလူ ဇာပါကော်စတာဟာ စတန်းဖို့ဒ်ဘရစ်ခ်ျကိုနောက်တစ်ကြိမ် စွန့်ခွာခဲ့ပြီး ဂျီနိုအာထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ မနှစ်က သူဟာ ရိုးမားမှာ အငှားကစားခဲ့ပေမယ့် ဒူးဒဏ်ရာရဲ့ နှောင့်ယှက်မှုခံခဲ့ရသလို လန်ဒန်မှာလဲ ကစားချိန်ရဖို့ မဖြစ်နိုင်တာကြောင့် နောက်ထပ် အငှားထွက်ခဲ့တာ ဖြစ်ပါတယ်။

အီဒူရတ်မန်ဒီဟာ ချယ်ဆီးရဲ့ ၇ယောက်မြောက် ကစားသမားသစ်ဖြစ်ဖို့ နီးစပ်နေပြီဖြစ်သလို ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန် ရိုက်စ်ကို သန်း ၈၀နဲ့ ခေါ်ယူဖို့စဉ်းစားနေတယ်လို့သိရပါတယ်။ ဒါပေမယ့် စတန်းဖို့ဒ်ဘရစ်ခ်ျထံက တရားဝင် ကမ်းလှမ်းမှု မရှိခဲ့ဘူးလို့ ဝက်စ်ဟမ်းက ပြောဆိုခဲ့ပါတယ်။

မိုက်ကယ်ဘောလက်ဟာ လေဗာကူဆင်နဲ့ ဘိုင်ယန်ကနေ ၂၀၀၆မှာ ချဲလ်ဆီးထံရောက်ခဲ့ပြီး ၄နှစ်အတွင်း ပြည်တွင်း ဖလား ၃လုံးနဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ရောက်ခဲ့သလို အခု ကိုင်ဟားဗတ်ကလဲ ဘောလက် လိုမျိုး စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အောင်မြင်မှုရဖို့ ရည်ရွယ်ထားပါတယ်။

ချယ်ဆီးဟာ နာပိုလီ၊ မိုနာကို၊ အေစီမီလန်တို့နဲ့အတူ ဒီနွေမှာရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး လူကာဂျိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှုကို ပြသခဲ့ပေမယ့် ဂျိုဗစ်ဟာ အနောက်လန်ဒန်ရဲ့ ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့တဲ့နောက် ချယ်ဆီးက တီမိုဗာနာကို ခေါ်ယူခဲ့လို့ သိရပါတယ်။

ချယ်ဆီးဟာ ရန်းနက်စ်ဂိုးသမား မန်ဒီကို ပေါင်သန်း၂၀ကျော်နဲ့ ခေါ်ယူဖို့သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး လန်ဒန်ကို ရောက်လာရင် အသင်းနဲ့သက်ဆိုင်တာတွေ အပါအဝင် နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက် ကွာရန်တင်းစည်းမျဉ်းတွေကို လိုက်နာရမှာပဲ ဖြစ်ပါတယ်။

ဖရန့်လမ်းပတ်ဟာ ကိုင်ဟားဗတ်ရဲ့ အရည်အသွေးတွေကို လေ့ကျင့်ရေးမှာ ကောင်းကောင်းသိမြင်ခဲ့ပြီး ဖြစ်တာကြောင့် လေဗာကူဆင် ကြယ်ပွင့်ဟောင်းအနေနဲ့ ပရီးမီးယားလိဂ်မှာ ကြီးမားတဲ့ေ၏ အောင်မြင်မှုရလိမ့်မယ်ဆိုတာသံသယဖြစ်စရာ မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဂျာမန်သား တီမိုဗာနာဟာ ၎င်းရဲ့ဂျာမန်အသင်းဖော် ကိုင်ဟားဗတ်ကို ချယ်ဆီးထံ ခေါ်ဆောင်ဖို့ကိစ္စမှာ အကူအညီပေးခဲ့တယ် လို့ ဖရန့်လမ်းပတ်က ပြောဆိုခဲ့ပါတယ်။ လမ်းပတ်ဟာ ဟားဗတ်နဲ့ပတ်သက်ပြီး ဗာနာနဲ့ ဆွေးနွေးမေးမြန်းခဲ့ပြီး နောက်ဆုံးမှာတော့ ခေါ်ယူနိုင်ခဲ့တာပါ။

Zawgyi – ကိုင္ဟားဗတ္ဟာ ဒီေႏြမွာ ေပါင္ ၇၁သန္းနဲ႔ ခ်ယ္ဆီးထံ ေရာက္ရွိလာခဲ့ကာ ပရိသတ္ေတြက အမ်ားႀကီး ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ ဘ႐ိုက္တန္နဲ႔ပြဲမွာ ဘာမွမလုပ္ျပႏိုင္ခဲ့ပဲ ဒုတိယပိုင္းမွာ လူစားလဲခံခဲ့ရတာေၾကာင့္ သူ႔ရဲ႔ ပြဲဦးထြက္က စိတ္ဝင္စားစရာ မရွိခဲ့ဘူးလို႔ ေပါလ္မာဆြန္က ေဝဖန္ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးေနာက္ခံလူ ဇာပါေကာ္စတာဟာ စတန္းဖို႔ဒ္ဘရစ္ခ္်ကိုေနာက္တစ္ႀကိမ္ စြန္႔ခြာခဲ့ၿပီး ဂ်ီႏိုအာထံ တစ္ရာသီအငွားနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ မႏွစ္က သူဟာ ႐ိုးမားမွာ အငွားကစားခဲ့ေပမယ့္ ဒူးဒဏ္ရာရဲ႕ ေႏွာင့္ယွက္မႈခံခဲ့ရသလို လန္ဒန္မွာလဲ ကစားခ်ိန္ရဖို႔ မျဖစ္ႏိုင္တာေၾကာင့္ ေနာက္ထပ္ အငွားထြက္ခဲ့တာ ျဖစ္ပါတယ္။

အီဒူရတ္မန္ဒီဟာ ခ်ယ္ဆီးရဲ႕ ၇ေယာက္ေျမာက္ ကစားသမားသစ္ျဖစ္ဖို႔ နီးစပ္ေနၿပီျဖစ္သလို ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္ ႐ိုက္စ္ကို သန္း ၈၀နဲ႔ ေခၚယူဖို႔စဥ္းစားေနတယ္လို႔သိရပါတယ္။ ဒါေပမယ့္ စတန္းဖို႔ဒ္ဘရစ္ခ္်ထံက တရားဝင္ ကမ္းလွမ္းမႈ မရွိခဲ့ဘူးလို႔ ဝက္စ္ဟမ္းက ေျပာဆိုခဲ့ပါတယ္။

မိုက္ကယ္ေဘာလက္ဟာ ေလဗာကူဆင္နဲ႔ ဘိုင္ယန္ကေန ၂၀၀၆မွာ ခ်ဲလ္ဆီးထံေရာက္ခဲ့ၿပီး ၄ႏွစ္အတြင္း ျပည္တြင္း ဖလား ၃လုံးနဲ႔ ခ်န္ပီယံလိဂ္ ဖိုင္နယ္ ေရာက္ခဲ့သလို အခု ကိုင္ဟားဗတ္ကလဲ ေဘာလက္ လိုမ်ိဳး စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ေအာင္ျမင္မႈရဖို႔ ရည္႐ြယ္ထားပါတယ္။

ခ်ယ္ဆီးဟာ နာပိုလီ၊ မိုနာကို၊ ေအစီမီလန္တို႔နဲ႔အတူ ဒီေႏြမွာရီးရဲလ္မက္ဒရစ္ တိုက္စစ္မႉး လူကာဂ်ိဳဗစ္ကို ေခၚယူဖို႔ စိတ္ဝင္စားမႈကို ျပသခဲ့ေပမယ့္ ဂ်ိဳဗစ္ဟာ အေနာက္လန္ဒန္ရဲ႕ ခ်ဥ္းကပ္မႈကို ျငင္းပယ္ခဲ့တဲ့ေနာက္ ခ်ယ္ဆီးက တီမိုဗာနာကို ေခၚယူခဲ့လို႔ သိရပါတယ္။

ခ်ယ္ဆီးဟာ ရန္းနက္စ္ဂိုးသမား မန္ဒီကို ေပါင္သန္း၂၀ေက်ာ္နဲ႔ ေခၚယူဖို႔သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး လန္ဒန္ကို ေရာက္လာရင္ အသင္းနဲ႔သက္ဆိုင္တာေတြ အပါအဝင္ ေန႔စဥ္လုပ္ငန္းေဆာင္တာေတြအတြက္ ကြာရန္တင္းစည္းမ်ဥ္းေတြကို လိုက္နာရမွာပဲ ျဖစ္ပါတယ္။

ဖရန႔္လမ္းပတ္ဟာ ကိုင္ဟားဗတ္ရဲ႕ အရည္အေသြးေတြကို ေလ့က်င့္ေရးမွာ ေကာင္းေကာင္းသိျမင္ခဲ့ၿပီး ျဖစ္တာေၾကာင့္ ေလဗာကူဆင္ ၾကယ္ပြင့္ေဟာင္းအေနနဲ႔ ပရီးမီးယားလိဂ္မွာ ႀကီးမားတဲ့ေ၏ ေအာင္ျမင္မႈရလိမ့္မယ္ဆိုတာသံသယျဖစ္စရာ မရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ဂ်ာမန္သား တီမိုဗာနာဟာ ၎ရဲ႕ဂ်ာမန္အသင္းေဖာ္ ကိုင္ဟားဗတ္ကို ခ်ယ္ဆီးထံ ေခၚေဆာင္ဖို႔ကိစၥမွာ အကူအညီေပးခဲ့တယ္လို႔ ဖရန္႔လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။ လမ္းပတ္ဟာ ဟားဗတ္နဲ႔ပတ္သက္ၿပီး ဗာနာနဲ႔ ေဆြးေႏြးေမးျမန္းခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ ေခၚယူႏိုင္ခဲ့တာပါ။