မနေ့က စနေနေ့ည အီတီဟက်မှာ ကန်တဲ့ စီးတီးနဲ့ စပါးတို့ ပရီးမီးယားလိဂ် ပွဲမှာတော့ အိမ်ရှင် မန်စီးတီးက ၄-ဝ ထိ ဂိုးပြတ်ကာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။
စီးတီး အတွက်တော့ ပြိုင်ပွဲစုံ ၅ ပွဲဆက်၊ ပရီးမီးယားလိဂ် ၃ ပွဲ ဆက် ရှုံးလိုက်တာ ဖြစ်ပြီး စီးတီးနဲ့ နည်းပြ ဂွာဒီယိုလာ အတွက်တော့ မကြုံစဖူး ခက်ခဲတဲ့ အခြေအနေ ဖြစ်လာနေပါတယ်။
စီးတီးက လက်ရှိမှာ ဇယားထိပ်က လီဗာပူးနဲ့ ၅ မှတ် ပြတ်နေပြီး လီဗာပူးကသာ ဒီည ဆောက်သမ်တန်ကို အဝေးကွင်းမှာ နိုင်ခဲ့ရင် ၈ မှတ်ထိ ပြတ်မှာ ဖြစ်ပါတယ်။
နောက်အပတ် အန်းဖီးကွင်းမှာ စီးတီးတို့ ရလဒ်မကောင်းခဲ့ရင် အမြင့်ဆုံး ၁၁ မှတ်ထိ ပြတ်သွားနိုင်ပါတယ်။
ဒါကြောင့် လီဗာပူးနဲ့ ပွဲကတော့ သေချာပေါက် နိုင်ရမယ့်ပွဲလို့ မန်စီးတီး အသင်းခေါင်းဆောင် ဝေါ်ကာက ထုတ်ဖော် ပြောဆို ခဲ့ပါတယ်။
” လီဗာပူးနဲ့ပွဲက အလှည့်အပြောင်းလုပ်ဖို့ ကောင်းမွန်တဲ့ပွဲပါ။ ကိုယ့်အထက်က အသင်းထံကနေ ၃ မှတ်ယူရတာထက် ပိုကောင်းတာ မရှိတော့ပါဘူး။
ဒီနေ့ (စပါးပွဲ) လို စွမ်းဆောင်ရည်မျိုးနဲ့တော့ မရဘူးပေါ့လေ။ လီဗာပူးနဲ့ အနေအထားက အရမ်းကြီး ကွာမသွားအောင် လုပ်ရမှာပါ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။