ပေါင် ၂ သန်းတန် ခံစစ်သမားကို တူရကီကလပ် ဂါလာတာစရေးနဲ့ အပြိုင် ကြိုးစားမယ့် အာဆင်နယ်

UNICODE – အာဆင်နယ်အသင်းဟာ ဆွစ်ကလပ် ဘေဆယ်အသင်းမှ ခံစစ်သမား အီရေး ကွန်မတ်ကို ခေါ်ယူနိုင်ဖို့ တူရကီ ထိပ်သီးကလပ် ဂါလာတာစရေးနဲ့အပြိုင် ကြိုးစားသွားမှာ ဖြစ်ပါတယ်။

ဆွစ်ဇလန် ကစားသမား အီရေးကွန်မတ်ဟာ ဒီရာသီမှာ ဘေဆယ်အသင်းနဲ့အတူ တောက်ပနေပြီး clean sheet ၁၄ ကြိမ်ထိ ရယူထားနိုင်တာပါ။ ဒါ့အပြင် ဥရောပအဆင့်မှာလည်း ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကို ဘေဆယ်နဲ့အတူ တက်ရောက်ထားနိုင်တာဖြစ်တယ်။

ခံစစ်တန်းကို ပြုပြင်ဖို့ကိုပဲ အဓိက အာရုံစိုက်မယ့် မန်နေဂျာ အာတီတာက ကွန်မတ်ကို ခေါ်ယူဖို့ကို အတော်လေး စိတ်ဝင်စားနေကြောင်းကို တူရကီ အခြေစိုက် သတင်းတွေကပဲ ဖော်ပြလာခဲ့တာဖြစ်တယ်။ အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးတဲ့ ကစားသမားကို ဂါလာတာစရေးနဲ့ အာဆင်နယ်တို့က ပေါင် ၂ သန်းနဲ့တင် ခေါ်ယူနိုင်ခွင့်ရဖို့ အပြိုင်ဖြစ်နေပါတယ်။

ကိုရိုနာကပ်ဘေးမှာ ကစားသမား ခေါ်ယူမှုတွေကို ပြုလုပ်တဲ့အခါ ပါးပါးနပ်နပ်ရှိဖို့ လိုအပ်မယ်ဆိုတာကို အာတီတာက နားလည်ထားတယ်။ ထိပ်တန်းကစားသမားတွေကို ပြောင်းရွှေ့ကြေးကြီးပေးပြီး အသင်းကို ဝန်ပိစေတာထက် သူ့ရဲ့ ခံစစ်ကြောင်းကို အင်အားတိုးပွားစေမယ့် ကစားသမားမျိုးကိုပဲ အဓိက ခေါ်ယူလိုနေတယ်။

အာဆင်နယ်ခံစစ်မှာ ဒေးဗစ်လူဝစ်၊ မူစတာဖီနဲ့ ဆိုကရေးတစ်တို့ ရှိနေပေမယ့် သူတို့ရဲ့ အသက်အရွယ်က အကျပိုင်းကို ရောက်ရှိလာခဲ့ပါပြီ။ အာတီတာက ဆာလီဘာ၊ မာရီလို ခံစစ်သမားတွေအပြင် ကွန်မတ်ကို အနာဂတ် အာဆင်နယ်အသင်း ခံစစ်ကြောင်းအတွက် ထည့်သွင်းဖို့ ရည်ရွယ်လာခြင်း ဖြစ်ပါတယ်။

ZAWGYI – အာဆင္နယ္အသင္းဟာ ဆြစ္ကလပ္ ေဘဆယ္အသင္းမွ ခံစစ္သမား အီေရး ကြန္မတ္ကို ေခၚယူႏုိင္ဖို႔ တူရကီ ထိပ္သီးကလပ္ ဂါလာတာစေရးနဲ႔အျပိဳင္ ၾကိဳးစားသြားမွာ ျဖစ္ပါတယ္။

ဆြစ္ဇလန္ ကစားသမား အီေရးကြန္မတ္ဟာ ဒီရာသီမွာ ေဘဆယ္အသင္းနဲ႔အတူ ေတာက္ပေနျပီး clean sheet ၁၄ ၾကိမ္ထိ ရယူထားႏုိင္တာပါ။ ဒါ့အျပင္ ဥေရာပအဆင့္မွာလည္း ယူရိုပါလိဂ္ျပိဳင္ပြဲရဲ႕ ကြာတားဖိုင္နယ္အဆင့္ကို ေဘဆယ္နဲ႔အတူ တက္ေရာက္ထားႏုိင္တာျဖစ္တယ္။

ခံစစ္တန္းကို ျပဳျပင္ဖို႔ကိုပဲ အဓိက အာရံုစိုက္မယ့္ မန္ေနဂ်ာ အာတီတာက ကြန္မတ္ကို ေခၚယူဖို႔ကို အေတာ္ေလး စိတ္ဝင္စားေနေၾကာင္းကို တူရကီ အေျခစိုက္ သတင္းေတြကပဲ ေဖာ္ျပလာခဲ့တာျဖစ္တယ္။ အသက္ ၂၂ ႏွစ္အရြယ္ပဲ ရွိေသးတဲ့ ကစားသမားကို ဂါလာတာစေရးနဲ႔ အာဆင္နယ္တို႔က ေပါင္ ၂ သန္းနဲ႔တင္ ေခၚယူႏုိင္ခြင့္ရဖို႔ အျပိဳင္ျဖစ္ေနပါတယ္။

ကိုရိုနာကပ္ေဘးမွာ ကစားသမား ေခၚယူမႈေတြကို ျပဳလုပ္တဲ့အခါ ပါးပါးနပ္နပ္ရွိဖို႔ လိုအပ္မယ္ဆိုတာကို အာတီတာက နားလည္ထားတယ္။ ထိပ္တန္းကစားသမားေတြကို ေျပာင္းေရႊ႔ေၾကးၾကီးေပးျပီး အသင္းကို ဝန္ပိေစတာထက္ သူ႔ရဲ႕ ခံစစ္ေၾကာင္းကို အင္အားတိုးပြားေစမယ့္ ကစားသမားမ်ိဳးကိုပဲ အဓိက ေခၚယူလိုေနတယ္။

အာဆင္နယ္ခံစစ္မွာ ေဒးဗစ္လူဝစ္၊ မူစတာဖီနဲ႔ ဆိုကေရးတစ္တို႔ ရွိေနေပမယ့္ သူတို႔ရဲ႕ အသက္အရြယ္က အက်ပိုင္းကို ေရာက္ရွိလာခဲ့ပါျပီ။ အာတီတာက ဆာလီဘာ၊ မာရီလို ခံစစ္သမားေတြအျပင္ ကြန္မတ္ကို အနာဂတ္ အာဆင္နယ္အသင္း ခံစစ္ေၾကာင္းအတြက္ ထည့္သြင္းဖို႔ ရည္ရြယ္လာျခင္း ျဖစ္ပါတယ္။