မန်ချက်စတာ ယူနိုက်တက်ဟာ နွေမှာတော့ ဘယ်စွန် နောက်ခံလူ တစ်ယောက် ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီ ဖြစ်ပြီး အေစီမီလန်မှ သီယို ဟာနန်ဒက်စ်ကို မျက်စိကျနေကြောင်း သတင်းထွက်လာပါတယ်။
မန်စီးတီး ကွင်းလယ် ကစားသမား ကီဗင် ဒီဘရိုင်းကတော့ စာချုပ်သစ် သက်တမ်းတိုး ကိစ္စ ဆွေးနွေးမှုတွေ ရောက်မလာပါက ဒီရာသီဟာ စီးတီးကစားသမားဘဝ နောက်ဆုံးဘောလုံးရာသီလည်း ဖြစ်သွားနိုင်ကြောင်း ဖွင့်ဟလာပါတယ်။
လီဗာပူးတိုက်စစ်မှုး မိုဟာမက် ဆာလာ ဟာ ဆော်ဒီ ပရိုလိဂ်သို့ သွားကစားပြီး ရော်နယ်ဒိုရဲ့ လိဂ်မှာbiggest player ဆိုတဲ့ နေရာကို အစားဝင်မယ်လို့ ထင်ကြောင်း ယူနိုက်တက်နဲ့ အင်္ဂလန်စတားဟောင်း Lee Sharpe က သုံးသပ် ပြောဆိုလိုက်ပါတယ်။
သတင်းတွေ အမျိုးျမျိုး ထွက်နေသော်လည်း ဆာလာနဲ့ လီဗာပူးအသင်းတို့ရဲ့ သက်တမ်းတိုး စာချုပ်ကိစ္စ ဆွေးနွေးမှုဟာ အခြေအနေ ကောင်းကြောင်း၊ အပြီးသတ်ပြီး တရားဝင် ကမ်းလှမ်းမှု ကလပ်ဘက်က လုပ်မှာ ဖြစ်ကြောင်း သတင်းထောက် ဒေးဗစ် အွန်စတိန်းကတော့ ဖော်ထုတ်ထားပါတယ်။
ပရီးမီးယားလိဂ် အသင်းကြီး တော်တေ်ာများများ စောင့်ကြည့်နေကြတဲ့ အဲဗာတန် နောက်ခံလူ ဘရိတ်ဝိတ်ကို ရီးရဲလ်မက်ဒရစ်ကလည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ အဲဗာတန်ကတော့ ယူရို သန်း ၇ဝ ထက် ပိုတဲ့ ကမ်းလှမ်းမှုကိုမှ လက်ခံစဉ်းစားဖွယ် ရှိပါတယ်။
ဇန်နဝါရီမှာ တိုက်စစ်ကို အင်အားဖြည့်ချင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ဘွန်ဒစ်လီဂါ ကစားသမား နှစ်ဦးကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။
၎င်းတို့ကတော့ ဖရန့်ဖတ်မှ Omar Marmoush နဲ့ ဘိုင်ယန်လီဗာကူဆင်မှ Victor Boniface တို့ ဖြစ်ကြပါတယ်။
အာဆင်နယ်အသင်းဟာ နယူးကာဆယ် တိုက်စစ်သမား အိုင်ဆက်ကို ခေါ်ယူရေး စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ဆွီဒင်သား ကို ခေါ်ယူရေးမှာ ချယ်ဆီးကလည်း အပြိုင် ရှိနေပါတယ်။
လီဗာပူး ကြယ်ပွင့်ဟောင်း ဖာဘီယို ကာဗယ်ဟို ကို ၎င်းရဲ့ ဖခင် ဖြစ်သူကတော့ လက်ရှိကလပ် ဘရန့်ဖို့ဒ်ကနေ ထွက်ခွာဖို့ လူမှုကွန်ယက်မှာ comment တက်ရေးခဲ့ပြီး ခဏအကြာမှာ ပြန်ဖျက်သွားခဲ့ပါတယ်။