ဒီရာသီ မန်စီးတီးအသင်း မယုံနိုင်စရာ ပြိုလဲနေမှုကို မြင်နေရပြီးနောက် လီဗာပူး နောက်ခံလူဟောင်းကြီး ဂျင်မီ ကာရေဂါက ရာသီကုန် ချန်ပီယံလိဂ်ဖလား အနိုင်ရမယ့် အသင်းကို ရွေးချယ် ခန့်မှန်းပေးခဲ့ပါတယ်။
ကာရေဂါက လူကြိုက်နည်းတဲ့ အသင်းဖြစ်တဲ့ စီးရီးအေကလပ် အင်တာမီလန်ဟာ ဥရောပ ထိပ်သီး ၃ သင်းနဲ့အပြိုင် ဖလားစိန်ခေါ်နိုင်သလို ချန်ပီယံလိဂ်ပါ ရသွားနိုင်တယ်လို့ ခန့်မှန်းလာပါတယ်။
” အင်တာမီလန်က ချန်ပီယံ ဖြစ်နိုင်တဲ့အသင်းပါ၊ သူတို့ ဖလားရသွားမယ် ထင်မိတယ်။ မန်စီးတီးကို ရင်ဆိုင်ပြီး ရှုံးနိမ့်ခဲ့တဲ့ ဖိုင်နယ်မှာ သူတို့ ကစားတာ ကောင်းမွန်သလို မနှစ်ကလည်း ကံဆိုးလွန်းလို့ ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။
အင်တာကို ရပ်တန့်နိုင်မယ့်အသင်း နည်းနည်းပဲ ရှိပါတယ်။ ချန်ပီယံလိဂ်မှာ ဘယ်အသင်းက အတောင့်တင်းဆုံးလဲ ဆိုရင် မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့ ပြောကြတာပါပဲ။
သူတို့ထဲက တစ်သင်း ချန်ပီယံဖြစ်မယ်လို့ အမြဲ ထင်တတ်ကြတယ်။ မနှစ်က မပါခဲ့တဲ့ လီဗာပူးလည်း ပြန်ပါလာပြီ။ သူတို့အပြင် အင်တာမီလန်ကလည်း ချန်ပီယံဖြစ်နိုင်တယ်။
(ရီးရဲလ်၊ မန်စီးတီး၊ လီဗာပူး၊ အင်တာ) ဒီ ၄ သင်းကပဲ ချန်ပီယံလိဂ်ဖလား အနိုင်ရသွားမယ် ထင်ပါတယ် ” လို့ ကာရေဂါက ခန့်မှန်းပေးခဲ့တာ ဖြစ်ပါတယ်။
အင်တာမီလန်ဟာ လက်ရှိမှာ ၅ ပွဲကစား ၄ ပွဲနိုင် ၁ ပွဲသရေ ရမှတ် ၁၃ မှတ်ဖြင့် ချန်ပီယံလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပြီဖြစ်ပါတယ်။