ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (20/09/20)

ဝက်စ်ဟမ်းကို ၂-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အာဆင်နယ်ဟာ ဂိုးပေါက်ကန်သွင်းမှု ၇ကြိမ်ပြုလုပ်ခဲ့ပြီး ဝက်စ်ဟမ်းက ၁၄ကြိမ် ရရှိခဲ့တာနဲ့အတူ ကံကောင်းလို့ ၃မှတ်ရရှိခဲ့တာဖြစ်တယ်လို့ အာတီတာက ဝန်ခံခဲ့ပေမယ့် အသင်းရဲ့ ယုံကြည်ချက်ရှိမှုကိုတော့ ကျေနပ်နေခဲ့တာဖြစ်ပါတယ်။

ဝက်စ်ဟမ်းနဲ့ပွဲမှာ အူဘာမီးယန်းဟာ လာကာဇက်ရဲ့ သွင်းဂိုးအတွက် ဖန်တီးပေးခဲ့သလို ၂၀၁၈ ဖေဖော်ဝါရီ နောက်ပိုင်း သူတို့နှစ်ယောက် ပေါင်းပြီး ရရှိတဲ့ဂိုးက ၁၁ ဂိုး အထိ ရှိခဲ့ပြီဖြစ်ပြီး နယူးကာဆယ် ကြယ်ပွင့်တွေဖြစ်တဲ့ ရိုင်ယန်ဖရေဆာနဲ့ ကော်လမ်ဝီလ်ဆန်တို့ရဲ့ ၁၃ဂိုး စံချိန်ကို လိုက်မီဖို့ ၂ဂိုးသာ လိုတော့တာပါ။

မက်ဂါးလက်စ် ရောက်ရှိလာတဲ့နောက် နေရာပျောက်တော့မယ့် အာဆင်နယ်နောက်ခံလူ ဆိုကရေးတစ်ဟာ နာပိုလီကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အပြောင်းအရွှေ့ကို အပြီးမသတ်ခင် နာပိုလီက ကူလီဘာလီကို အရင်ရောင်းချလိုနေပါတယ်။

တီရာနေးဟာ မနေ့ကပွဲမှာ သွေးပူလေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း ဒဏ်ရာရရှိခဲ့တဲ့နောက် ပွဲထွက် လူစာရင်းကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပေမယ့် ကြွက်သား အနည်းငယ် အောင့်နေတာကလွဲရင် ဒဏ်ရာ သိပ်မပြင်းထန်ပါဘူးလို့ အာတီတာက သတင်းပေးခဲ့ပါတယ်။

အာဆင်နယ်ဟာ လိုင်ယွန်ကွင်းလယ်လူ အာဝါကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်ပြီး အားကစားဒါရိုက်တာ ဂျူနင်ဟိုက ငြင်းပယ်ခဲ့ ပေမယ့် အာဝါက ဂန်းနားတွေနဲ့ ၅နှစ်စာချုပ် သဘောတူညီမှုရခဲ့တာကြောင့် လိုင်ယွန်ဘက်က လက်ခံတာနဲ့ အပြောင်းအရွှေ့ ဖြစ်မြောက်တော့မှာပါ။

ရှက်ဖီးယူနိုက်တက်ဟာ ဂန်းနားလူငယ်ကစားသမား ဖိုလာရင် ဘာလိုဂန်ကို စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် သူက ပထမ ဦးစားပေးတော့ မဟုတ်ပါဘူး။ လီဗာပူးလူငယ် ဘရူးစတာကိုလဲ စောင့်ကြည့်နေတဲ့ ရှက်ဖီးဟာ ဘာလိုဂန်အတွက် ပေါင် ၃သန်းနဲ့ ကမ်းလှမ်းခဲ့ကြောင်း သတင်းတွေ ထွက်နေပါတယ်။

အာဆင်နယ်ဟာ ဝက်စ်ဟမ်းကို ကံကောင်းစွာ အနိုင်ရရှိခဲ့ပေမယ့် ဆီဘယ်လော့ရဲ့ ရှာကာတို့ရဲ့ ကွင်းလယ်ပိုင်းက လုံလောက်တဲ့ အရည်အသွေးမရှိဘူး ယူဆတာကြာင့် အပြောင်းအရွှေ့ကာလ မပိတ်ခင် ကွင်းလယ်လူ၂ယောက်လောက် ခေါ်ယူဖို့ အာတီတာက အလိုရှိနေပါတယ်။

လာကာဇက်တီဟာ အမ်းမရိတ်စ်မှာ စာချုပ်သက်တမ်း နောက်ဆုံး ၂နှစ်ထဲ ရောက်ရှိလာပြီဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်နဲ့ ဂျူဗင်တပ်တို့ရဲ့ စိတ်ဝင်စားမှုကို ရရှိနေပါတယ်။ ပြင်သစ်သားက အသင်းမှာ ဆက်နေချင်ကြောင်း ပြောဆိုခဲ့ပေမယ့် အာတီတာ ကတော့ စာချုပ်သစ် ကိစ္စ ဆွေးနွေးမှု မလုပ်နိုင်သေးဘူးလို့ ဝန်ခံခဲ့ပါတယ်။

Zawgyi – ဝက္စ္ဟမ္းကို ၂-၁နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ အာဆင္နယ္ဟာ ဂိုးေပါက္ကန္သြင္းမႈ ၇ႀကိမ္ျပဳလုပ္ခဲ့ၿပီး ဝက္စ္ဟမ္းက ၁၄ႀကိမ္ ရရွိခဲ့တာနဲ႔အတူ ကံေကာင္းလို႔ ၃မွတ္ရရွိခဲ့တာျဖစ္တယ္လို႔ အာတီတာက ဝန္ခံခဲ့ေပမယ့္ အသင္းရဲ႕ ယုံၾကည္ခ်က္ရွိမႈကိုေတာ့ ေက်နပ္ေနခဲ့တာျဖစ္ပါတယ္။

ဝက္စ္ဟမ္းနဲ႔ပြဲမွာ အူဘာမီးယန္းဟာ လာကာဇက္ရဲ႕ သြင္းဂိုးအတြက္ ဖန္တီးေပးခဲ့သလို ၂၀၁၈ ေဖေဖာ္ဝါရီ ေနာက္ပိုင္း သူတို႔ႏွစ္ေယာက္ ေပါင္းၿပီး ရရွိတဲ့ဂိုးက ၁၁ ဂိုး အထိ ရွိခဲ့ၿပီျဖစ္ၿပီး နယူးကာဆယ္ ၾကယ္ပြင့္ေတြျဖစ္တဲ့ ႐ိုင္ယန္ဖေရဆာနဲ႔ ေကာ္လမ္ဝီလ္ဆန္တို႔ရဲ႕ ၁၃ဂိုး စံခ်ိန္ကို လိုက္မီဖို႔ ၂ဂိုးသာ လိုေတာ့တာပါ။

မက္ဂါးလက္စ္ ေရာက္ရွိလာတဲ့ေနာက္ ေနရာေပ်ာက္ေတာ့မယ့္ အာဆင္နယ္ေနာက္ခံလူ ဆိုကေရးတစ္ဟာ နာပိုလီကို ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရရွိေနၿပီျဖစ္ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕အေျပာင္းအေ႐ႊ႕ကို အၿပီးမသတ္ခင္ နာပိုလီက ကူလီဘာလီကို အရင္ေရာင္းခ်လိုေနပါတယ္။

တီရာေနးဟာ မေန႔ကပြဲမွာ ေသြးပူေလ့က်င့္ခန္းလုပ္ေနစဥ္အတြင္း ဒဏ္ရာရရွိခဲ့တဲ့ေနာက္ ပြဲထြက္ လူစာရင္းကေန ဖယ္ရွားခံခဲ့ရတာ ျဖစ္ေပမယ့္ ႂကြက္သား အနည္းငယ္ ေအာင့္ေနတာကလြဲရင္ ဒဏ္ရာ သိပ္မျပင္းထန္ပါဘူးလို႔ အာတီတာက သတင္းေပးခဲ့ပါတယ္။

အာဆင္နယ္ဟာ လိုင္ယြန္ကြင္းလယ္လူ အာဝါကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ၿပီး အားကစားဒါ႐ိုက္တာ ဂ်ဴနင္ဟိုက ျငင္းပယ္ခဲ့ ေပမယ့္ အာဝါက ဂန္းနားေတြနဲ႔ ၅ႏွစ္စာခ်ဳပ္ သေဘာတူညီမႈရခဲ့တာေၾကာင့္ လိုင္ယြန္ဘက္က လက္ခံတာနဲ႔ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ေတာ့မွာပါ။

ရွက္ဖီးယူႏိုက္တက္ဟာ ဂန္းနားလူငယ္ကစားသမား ဖိုလာရင္ ဘာလိုဂန္ကို စိတ္ဝင္စားေနဆဲျဖစ္ေပမယ့္ သူက ပထမ ဦးစားေပးေတာ့ မဟုတ္ပါဘူး။ လီဗာပူးလူငယ္ ဘ႐ူးစတာကိုလဲ ေစာင့္ၾကည့္ေနတဲ့ ရွက္ဖီးဟာ ဘာလိုဂန္အတြက္ ေပါင္ ၃သန္းနဲ႔ ကမ္းလွမ္းခဲ့ေၾကာင္း သတင္းေတြ ထြက္ေနပါတယ္။

အာဆင္နယ္ဟာ ဝက္စ္ဟမ္းကို ကံေကာင္းစြာ အႏိုင္ရရွိခဲ့ေပမယ့္ ဆီဘယ္ေလာ့ရဲ႕ ရွာကာတို႔ရဲ႕ ကြင္းလယ္ပိုင္းက လုံေလာက္တဲ့ အရည္အေသြးမရွိဘူး ယူဆတာၾကာင့္ အေျပာင္းအေ႐ႊ႕ကာလ မပိတ္ခင္ ကြင္းလယ္လူ၂ေယာက္ေလာက္ ေခၚယူဖို႔ အာတီတာက အလိုရွိေနပါတယ္။

လာကာဇက္တီဟာ အမ္းမရိတ္စ္မွာ စာခ်ဳပ္သက္တမ္း ေနာက္ဆုံး ၂ႏွစ္ထဲ ေရာက္ရွိလာၿပီျဖစ္ၿပီး အက္သလက္တီကို မက္ဒရစ္နဲ႔ ဂ်ဴဗင္တပ္တို႔ရဲ႕ စိတ္ဝင္စားမႈကို ရရွိေနပါတယ္။ ျပင္သစ္သားက အသင္းမွာ ဆက္ေနခ်င္ေၾကာင္း ေျပာဆိုခဲ့ေပမယ့္ အာတီတာ ကေတာ့ စာခ်ဳပ္သစ္ ကိစၥ ေဆြးေႏြးမႈ မလုပ္ႏိုင္ေသးဘူးလို႔ ဝန္ခံခဲ့ပါတယ္။