ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (20/09/20)

မော်ရင်ညို ကိုင်တွယ်နေတဲ့ စပါးအသင်းဟာ ယူနိုက်တက်မှာ နေရာ မရတော့တဲ့ ကွင်းလယ်တိုက်စစ်သမား လင်ဂတ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ယူနိုက်တက်က ပေါင် သန်း ၃၀ လောက် ၎င်းအတွက် အလိုရှိနေပါတယ်။

လင်ဒီလော့ဖ် လက်ထိဘောလို့ သတ်မှတ်ခံရပြီး ပဲလေ့စ်ဘက် ပေးလိုက်ရတဲ့ ပင်နယ်တီ အတွက် ယူနိုက်တက် ကစားသမားဟောင်း ဘောလုံး သုံးသပ်သူတွေက မကျေနပ် ဖြစ်ခဲ့ကြပြီး နဗီးလ်ကတော့ လုံး၀ ကျက်သရေတုံးတဲ့ ဆုံးဖြတ်ချက် လို့ ပြင်းပြင်းထန်ထန် ဆိုခဲ့ပါတယ်။

ပဲလေ့စ်နဲ့ ပွဲမှာ ပေးလိုက်ရတဲ့ ဂိုးတွေနဲ့ ပတ်သတ်ပြီး အပြစ်မကင်းခဲ့တဲ့ ခံစစ်မှူး လင်ဒီလော့ဖ်ကို အပြစ်တင်ဖို့ ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ ငြင်းဆန်လိုက်ပြီး အရှုံးရလဒ် အတွက် ကစားသမား တစ်ဦးချင်း အပေါ် လက်ညှိုးထိုးမှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက် ကစားသမားသစ် ဒွန်နီ ဗန်ဒီဘိခ်ဟာ ဒီရာသီ အသင်း သွင်းဂိုးတွေ အတွက် လက်နက်ကောင်း တစ်ရပ် အဖြစ် ထပ်တိုးလာမယ်လို့ နည်းပြ ဆိုးရှားက ယုံကြည် မျှော်လင့်ထားပါတယ်။

လိဒ်ယူနိုက်တက် အသင်းဟာ ယူနိုက်တက် တောင်ပံတိုက်စစ်သမား ဒန်နီရယ် ဂျိမ်းစ်ကို ခေါ်ယူဖို့ ထပ်မံ ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့တော့မယ့် သတင်းကြီးနေတဲ့ ပေါ်တို ခံစစ်မှူး အဲလက်စ် တဲလက်စ်က လက်ရှိ ထွက်နေတဲ့ ကောလဟာလ သတင်းတွေကို စိတ်မဝင်စားဘဲ လက်ရှိ လုပ်ဆောင်နေတဲ့ အပေါ်မှာပဲ အာရုံစိုက်ထားတယ်လို့ ဖြေကြားခဲ့တာကြောင့် မန်ချက်စတာနဲ့ သတင်းများအပေါ် သံသယရှိလာကြပါတယ်။

Zawgyi – ေမာ္ရင္ညိဳ ကိုင္တြယ္ေနတဲ့ စပါးအသင္းဟာ ယူနိုက္တက္မွာ ေနရာ မရေတာ့တဲ့ ကြင္းလယ္တိုက္စစ္သမား လင္ဂတ္ ကို ေခၚယူဖို႔ စိတ္၀င္စားေနျပီး ယူနိုက္တက္က ေပါင္ သန္း ၃၀ ေလာက္ ၄င္းအတြက္ အလိုရွိေနပါတယ္။

လင္ဒီေလာ့ဖ္ လက္ထိေဘာလို႔ သတ္မွတ္ခံရျပီး ပဲေလ့စ္ဘက္ ေပးလိုက္ရတဲ့ ပင္နယ္တီ အတြက္ ယူနိုက္တက္ ကစားသမားေဟာင္း ေဘာလံုး သံုးသပ္သူေတြက မေက်နပ္ ျဖစ္ခဲ့ၾကျပီး နဗီးလ္ကေတာ့ လံုး၀ က်က္သေရတံုးတဲ့ ဆံုးျဖတ္ခ်က္ လို႔ ျပင္းျပင္းထန္ထန္ ဆိုခဲ့ပါတယ္။

ပဲေလ့စ္နဲ႕ ပြဲမွာ ေပးလိုက္ရတဲ့ ဂိုးေတြနဲ႕ ပတ္သတ္ျပီး အျပစ္မကင္းခဲ့တဲ့ ခံစစ္မွဴး လင္ဒီေလာ့ဖ္ကို အျပစ္တင္ဖို႔ ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ ျငင္းဆန္လိုက္ျပီး အရွံုးရလဒ္ အတြက္ ကစားသမား တစ္ဦးခ်င္း အေပၚ လက္ညွိဳးထိုးမွာ မဟုတ္ဘူးလို႔ ဆိုခဲ့ပါတယ္။

ယူနုိက္တက္ ကစားသမားသစ္ ဒြန္နီ ဗန္ဒီဘိခ္ဟာ ဒီရာသီ အသင္း သြငး္ဂိုးေတြ အတြက္ လက္နက္ေကာင္း တစ္ရပ္ အျဖစ္ ထပ္တိုးလာမယ္လို႔ နည္းျပ ဆိုးရွားက ယံုၾကည္ ေမွ်ာ္လင့္ထားပါတယ္။

လိဒ္ယူနိုက္တက္ အသင္းဟာ ယူနုိက္တက္ ေတာင္ပံတိုက္စစ္သမား ဒန္နီရယ္ ဂ်ိမ္းစ္ကို ေခၚယူဖို႔ ထပ္မံ ကမ္းလွမ္းရန္ ျပင္ဆင္ေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ထံ ေျပာင္းေရႊ႕ေတာ့မယ့္ သတင္းၾကီးေနတဲ့ ေပၚတို ခံစစ္မွဴး အဲလက္စ္ တဲလက္စ္က လက္ရွိ ထြက္ေနတဲ့ ေကာလဟာလ သတင္းေတြကို စိတ္မ၀င္စားဘဲ လက္ရွိ လုပ္ေဆာင္ေနတဲ့ အေပၚမွာပဲ အာရံုစိုက္ထားတယ္လို႔ ေျဖၾကားခဲ့တာေၾကာင့္ မန္ခ်က္စတာနဲ႕ သတင္းမ်ားအေပၚ သံသယရွိလာၾကပါတယ္။