လီဗာပူးနဲ့ ပွဲ နောက်ဆက်တွဲများနဲ့ ယနေ့ နံနက်ခင်း ချယ်ဆီး သတင်းတိုများ (21/09/20)

လီဗာပူးကို ၂-ဝနဲ့ ရှုံးခဲ့တဲ့ပွဲမှာ ချယ်ဆီးဂိုးသမား ကီပါက ကံဆိုးစေခဲ့တဲ့ အမှားကြီးကို လုပ်ခဲ့တဲ့နောက် ဝေဖန်မှုများစွာ ကြုံတွေ့ခဲ့ရတာကြောင့် စိတ်ဓာတ်ကျနေခဲ့ပေမယ့် လမ်းပတ်ကတော့ သူ့အနေနဲ့ သူ့ဂိုးသမားကို ယုံကြည်မှုပေးဖို့ တာဝန်ရှိတယ် လို့ ပြောဆိုခဲ့ပါတယ်။

ဂိုးသမား ကီပါဟာ လီဗာပူးကို ရှုံးခဲ့တဲ့ပွဲမှာ ယုံကြည်မှု ပျောက်ဆုံးနေခဲ့သလို လမ်းပတ်အနေနဲ့ သူ့ကို ပွဲထွက်ခွင့်မပေးတာ ပိုကောင်းလိမ့်မယ်လို့ အလန်ရှီးယားက ယုံကြည်နေပြီး ချယ်ဆီး အနေနဲ့ ပရီးမီးယားလိဂ်ဖလားအတွက် ပြိုင်ဆိုင်ချင်ရင် ထိပ်တန်းအဆင့် ဂိုးသမားတစ်ယောက်ခေါ်ဖို့ လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးနဲ့ပွဲမှာ အန်တိုနီယို ရူဒီဂါကို ချန်လှပ်ထားခဲ့တဲ့အကြောင်းရင်းက ဒဏ်ရာ ရနေလို့မဟုတ်ပဲ ကလပ်မှာ ဗဟိုနောက်ခံလူ ၅ယောက်ရှိပြီး လူစာရင်းမှာ အကုန်လုံးကို ပါဝင်ခွင့် ပေးလို့မရတာကြောင့် တမင်ချန်ထားခဲ့တာပါလို့ လမ်းပတ်က ဖြေရှင်းခဲ့ပါတယ်။

ဂိုးသမား ကီပါဟာ ဆိုးဝါးတဲ့ ဘောလုံးရှင်းထုတ်မှုလုပ်ခဲ့တာကြောင့် မာနေးကို ဂိုးပေးခဲ့ရတာဟာ အသင်းကို နစ်နာစေခဲ့တဲ့ ရှင်းလင်းတဲ့ အမှားဖြစ်ပေမယ့် ပွဲစဉ်တိုင်းမှာ အမှားလုပ်မိတာက သဘာဝပဲဖြစ်ပြီး ကီပါကို ဆက်လက်ထောက်ခံပေးနေမှာပါလို့ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။

ကိုင်ဟားဗတ်ဟာ ဘရိုက်တန်နဲ့ပွဲမှာ ညာတောင်ပံကနေ အထင်ကြီးစရာ မလုပ်ပြနိုင်ခဲ့ပဲ ဂိုးနဲ့ဖန်တီးမှုရဖို့ ရုန်းကန်နေရဆဲဖြစ်ပြီး လီဗာပူးနဲ့ပွဲမှာလဲ ဗဟိုနေရာမှာ ကစားခဲ့ပေမယ့် ဘာမှမလုပ်ပြနိုင်ခဲ့တာကြောင့် သူ့အနေနဲ့ ဘယ်နေရာမှာ အံဝင်မလဲဆိုတာကို မသိဘူးလို့ ဂျေမီ ကာရေဂါက ဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ချယ်ဆီးကွင်းလယ်လူ ဘာကာယိုကိုကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေဆဲဖြစ်ပါတယ်။အသက်၂၆နှစ်အရွယ် ကစားသမားဟာ မနှစ်က မိုနာကိုမှာ အငှားကစားခဲ့တာဖြစ်ပြီး အေစီမီလန်ကလဲ သူ့ကို အလိုရှိနေပေမယ့် သူ့ရဲ့လစာ တောင်းဆိုမှုကို မပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကွန်တီရဲ့ အင်တာမီလန်ဟာ ချယ်ဆီးကြယ်ပွင့် ကန်တေကို ခေါ်ယူနိုင်ဖို့ အသုံးစရိတ်ရှာဖွေဖို့ ကစားသမားအချို့ကို ရောင်းချဖို့ လိုအပ်ပါလိမ့်မယ်။ ကွင်းလယ်လူ ကန်တေအတွက် ချယ်ဆီးက ယူရိုသန်း၅၀ ဈေးခေါ်ထားတာကြောင့် အင်တာအတွက် ကစားသမားအထွက်တွေ ရှိလာမှသာ စဉ်းစားနိုင်မှာပါ။

ပေါင်၇၁သန်းနဲ့ လေဗာကူဆင်ထံကနေ ပြောင်းလာခဲ့ပေမယ့် ချဲလ်ဆီးအတွက် အဖွင့်၂ပွဲမှာ အခက်အခဲတွေ ရင်ဆိုင်ခဲ့ရတဲ့ ကိုင်ဟားဗတ်ဟာ ကလပ်နဲ့ ၅ရက်ကြာ လေ့ကျင့်ရေးဆင်းခဲ့ပြီး ၂ပွဲကစားပြီးဖြစ်ပေမယ့် သူ့ရဲ့အကောင်းဆုံးနေရာအပေါ် ဂျေမီရက်နပ်က မေးခွန်းထုတ်ခဲ့ပြီး တိုက်စစ်မှူးနေရာနဲ့ မသင့်တော်ဘူးလို့ ထင်ကြောင်းပြောဆိုခဲ့ပါတယ်။

Zawgyi – လီဗာပူးကို ၂-၀နဲ႔ ရႈံးခဲ့တဲ့ပြဲမွာ ခ်ယ္ဆီးဂိုးသမား ကီပါက ကံဆိုးေစခဲ့တဲ့ အမွားႀကီးကို လုပ္ခဲ့တဲ့ေနာက္ ေဝဖန္မႈမ်ားစြာ ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ စိတ္ဓာတ္က်ေနခဲ့ေပမယ့္ လမ္းပတ္ကေတာ့ သူ႔အေနနဲ႔ သူ႔ဂိုးသမားကို ယုံၾကည္မႈေပးဖို႔ တာဝန္ရွိတယ္ လို႔ ေျပာဆိုခဲ့ပါတယ္။

ဂိုးသမား ကီပါဟာ လီဗာပူးကို ရႈံးခဲ့တဲ့ပြဲမွာ ယုံၾကည္မႈ ေပ်ာက္ဆုံးေနခဲ့သလို လမ္းပတ္အေနနဲ႔ သူ႔ကို ပြဲထြက္ခြင့္မေပးတာ ပိုေကာင္းလိမ့္မယ္လို႔ အလန္ရွီးယားက ယုံၾကည္ေနၿပီး ခ်ယ္ဆီး အေနနဲ႔ ပရီးမီးယားလိဂ္ဖလားအတြက္ ၿပိဳင္ဆိုင္ခ်င္ရင္ ထိပ္တန္းအဆင့္ ဂိုးသမားတစ္ေယာက္ေခၚဖို႔ လိုအပ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးနဲ႔ပြဲမွာ အန္တိုနီယို ႐ူဒီဂါကို ခ်န္လွပ္ထားခဲ့တဲ့အေၾကာင္းရင္းက ဒဏ္ရာ ရေနလို႔မဟုတ္ပဲ ကလပ္မွာ ဗဟိုေနာက္ခံလူ ၅ေယာက္ရွိၿပီး လူစာရင္းမွာ အကုန္လုံးကို ပါဝင္ခြင့္ ေပးလို႔မရတာေၾကာင့္ တမင္ခ်န္ထားခဲ့တာပါလို႔ လမ္းပတ္က ေျဖရွင္းခဲ့ပါတယ္။

ဂိုးသမား ကီပါဟာ ဆိုးဝါးတဲ့ ေဘာလုံးရွင္းထုတ္မႈလုပ္ခဲ့တာေၾကာင့္ မာေနးကို ဂိုးေပးခဲ့ရတာဟာ အသင္းကို နစ္နာေစခဲ့တဲ့ ရွင္းလင္းတဲ့ အမွားျဖစ္ေပမယ့္ ပြဲစဥ္တိုင္းမွာ အမွားလုပ္မိတာက သဘာဝပဲျဖစ္ၿပီး ကီပါကို ဆက္လက္ေထာက္ခံေပးေနမွာပါလို႔ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။

ကိုင္ဟားဗတ္ဟာ ဘ႐ိုက္တန္နဲ႔ပြဲမွာ ညာေတာင္ပံကေန အထင္ႀကီးစရာ မလုပ္ျပႏိုင္ခဲ့ပဲ ဂိုးနဲ႔ဖန္တီးမႈရဖို႔ ႐ုန္းကန္ေနရဆဲျဖစ္ၿပီး လီဗာပူးနဲ႔ပြဲမွာလဲ ဗဟိုေနရာမွာ ကစားခဲ့ေပမယ့္ ဘာမွမလုပ္ျပႏိုင္ခဲ့တာေၾကာင့္ သူ႔အေနနဲ႔ ဘယ္ေနရာမွာ အံဝင္မလဲဆိုတာကို မသိဘူးလို႔ ေဂ်မီ ကာေရဂါက ဆိုခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာ ခ်ယ္ဆီးကြင္းလယ္လူ ဘာကာယိုကိုကို ေခၚယူႏိုင္ဖို႔ စိတ္ဝင္စားေနဆဲျဖစ္ပါတယ္။အသက္၂၆ႏွစ္အ႐ြယ္ ကစားသမားဟာ မႏွစ္က မိုနာကိုမွာ အငွားကစားခဲ့တာျဖစ္ၿပီး ေအစီမီလန္ကလဲ သူ႔ကို အလိုရွိေနေပမယ့္ သူ႔ရဲ႕လစာ ေတာင္းဆိုမႈကို မေပးႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။

ကြန္တီရဲ႕ အင္တာမီလန္ဟာ ခ်ယ္ဆီးၾကယ္ပြင့္ ကန္ေတကို ေခၚယူႏိုင္ဖို႔ အသုံးစရိတ္ရွာေဖြဖို႔ ကစားသမားအခ်ိဳ႕ကို ေရာင္းခ်ဖို႔ လိုအပ္ပါလိမ့္မယ္။ ကြင္းလယ္လူ ကန္ေတအတြက္ ခ်ယ္ဆီးက ယူ႐ိုသန္း၅၀ ေဈးေခၚထားတာေၾကာင့္ အင္တာအတြက္ ကစားသမားအထြက္ေတြ ရွိလာမွသာ စဥ္းစားႏိုင္မွာပါ။

ေပါင္၇၁သန္းနဲ႔ ေလဗာကူဆင္ထံကေန ေျပာင္းလာခဲ့ေပမယ့္ ခ်ဲလ္ဆီးအတြက္ အဖြင့္၂ပြဲမွာ အခက္အခဲေတြ ရင္ဆိုင္ခဲ့ရတဲ့ ကိုင္ဟားဗတ္ဟာ ကလပ္နဲ႔ ၅ရက္ၾကာ ေလ့က်င့္ေရးဆင္းခဲ့ၿပီး ၂ပြဲကစားၿပီးျဖစ္ေပမယ့္ သူ႔ရဲ႕အေကာင္းဆုံးေနရာအေပၚ ေဂ်မီရက္နပ္က ေမးခြန္းထုတ္ခဲ့ၿပီး တိုက္စစ္မႉးေနရာနဲ႔ မသင့္ေတာ္ဘူးလို႔ ထင္ေၾကာင္းေျပာဆိုခဲ့ပါတယ္။