ကွင်းလယ်အတွက် ဘိုင်ယန်မြူးနစ် အသင်းသားကို အလိုရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အမ်မိုရင်း

မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်းဟာ သူ့ရဲ့ လက်ရှိ လူစာရင်းကို အင်အားဖြည့်ဖို့ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူကို ခေါ်ယူလိုနေပါတယ်။

အမ်မိုရင်းဟာ ယူနိုက်တက်ကို ၃ ပွဲ တာဝန်ယူထားအပြီး ရှုံးပွဲမရှိသေးပေမယ့် သူ့အသင်းမှာ အားဖြည့်ရမယ့် နေရာတွေ ရှိနေတယ်လို့ ယုံကြည်နေတာပါ။ အဲ့ဒီထဲက တစ်နေရာကတော့ ကွင်းလယ်ပိုင်းပဲ ဖြစ်ပါတယ်။

ဇန်နဝါရီ ဈေးကွက် အကြိုမှာ ယူနိုက်တက်နဲ့ ကစားသမား များစွာကြား သတင်းတွေ ထွက်နေပေမယ့် စကိုင်း ဂျာမနီကတော့ အမ်မိုရင်းဟာ ကာနတ် လိုင်မာကို အလိုရှိနေတယ်လို့ ဖော်ပြပါတယ်။

အသက် ၂၇ နှစ်အရွယ် ကွင်းလယ်လူဟာ ၂၀၂၃ နွေကမှ လိုက်ဇစ်ကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းခဲ့သူဖြစ်ကာ မနှစ်က ရာသီမှာ ပုံမှန် ပွဲကစားခွင့်ကို ရှာဖွေထားနိုင်တာပါ။

လိုင်မာက ဘိုင်ယန်မြူးနစ်ကနေ ထွက်ဖို့ မစဉ်းစားသေးပေမယ့် လက်ရှိလို နည်းပြသစ် ကွန်ပနီ လက်အောက် ပွဲထွက်လူစာရင်းကနေ ပါဝင်ခွင့် နည်းပါးလာတဲ့ အခြေအနေကို သဘောမကျမှုလည်း ရှိနေကာ ယူနိုက်တက်ဘက်က အခြေအနေ စောင့်ကြည့်လာဟန် ရှိပါတယ်။

ယူနိုက်တက်မှာ လိုအပ်ချက် ရှိနေတဲ့ အခြားသော နေရာတွေလည်း ရှိနေသေးတာဖြစ်ပြီး နည်းပြ အမ်မိုရင်းဟာ ဇန်နဝါရီမှာ လူအင်အားဖြည့်မှု ကြီးကြီးမားမား လုပ်ဆောင်ခြင်းထက် လူငယ်ကြယ်ပွင့်တွေကို စင်တင်မှုတွေပါ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။