ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (21/09/20)

စပါးနဲ့ ယူနိုက်တက် တိုက်စစ်သမား လင်ဂတ်ရဲ့ အပြောင်းအရွှေ့ဟာ ဒယ်လီအလီ ထွက်မထွက်ဆိုတဲ့အပေါ် မူတည်နေပါတယ်။ ဘရူနိုဖာနန်ဒက်စ်နဲ့ ဗန်ဒီဘိခ်တို့ ရောက်လာတဲ့နောက် ပွဲထွက်စာရင်းထဲ မပါနိုင်တော့တဲ့ လင်ဂတ်ဟာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေပြီး ၎င်းကို စပါးနဲ့ ဇင်းနစ်တို့က အပြိုင် အလိုရှိနေပါတယ်။

ပဲလေ့စ်နဲ့ပွဲမှာ ယူနိုက်တက်တစ်သင်းလုံးဟာ နှေးကွေးပြီး လေးလံနေခဲ့ကာ မနှစ်က ပွဲပန်းနေတာတွေကို ခံစားနေရဆဲလို့ လုခ်ရှောက ဝန်ခံခဲ့ပြီး အသင်းအနေနဲ့ နွေအပြောင်းအရွှေ့မပိတ်ခင် ကစားသမားသစ်တွေ ခေါ်ဖို့လိုတယ်လို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်အတွက် မာဆယ်လို ဘီအယ်ဆာက ပြီးပြည့်စုံတဲ့ နည်းပြ ဖြစ်လိမ့်မယ်လို့ ကက်စ်ကာရီနိုက ဆိုပါတယ်။ ဘီအယ်ဆာ ဟာ လိဒ်ကို တန်းတက်နိုင်အောင် ဦးဆောင်ပေးခဲ့ပြီး လီဗာပူးကိုလဲ ယှဉ်ရိုက်နိုင်ခဲ့တာပါ။ ပဲလေ့စ်ကို ရှုံးခဲ့တဲ့ ယူနိုက်တက်ကတော့ ဆိုးလ်ရှားကို အစားထိုးဖို့ လိုအပ်နေပြီလို့ ကက်စ်ကာရီနိုက ထင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေထွက်နေတဲ့ ပေါ်တိုနောက်ခံလူ အဲလက်စ် တဲလက်စ်ဟာ နောက်၂ပတ်အတွင်း ကလပ်ကို စွန့်ခွာနိုင်တယ်လို့ နည်းပြ ကွန်ဆီကာအိုက ဝန်ခံခဲ့ပါတယ်။ တဲလက်စ်ဟာ နောက်နွေမှာ ဖရီးအေးဂျင့်ဖြစ်တော့မှာကြောင့် အခုချိန်မှာ ရောင်းချခံရဖို့ ရှိနေတာပါ။

ယူနိုက်တက်ဟာ ဂျေဒန်ဆန်ချိုကို ခေါ်ယူဖို့ စိတ်အားထက်သန်နေတာနဲ့အတူ ဒေါ့မွန်က သူတို့ရဲ့ ခေါ်ဈေးကို တိုးမြှင့်နိုင်ဖွယ် ရှိနေပါတယ်။ ပေါင် ၁၀၉သန်း သတ်မှတ်ထာားတဲ့ဈေးကိုလျှော့ချနိုင်ဖို့ ယူနိုက်တက်က ယုံကြည်နေပေမယ့် ဒေါ့မွန်ကတော့ လျှော့ပေးမှာမဟုတ်ပဲ ထပ်တိုးဖို့တောင် အလိုရှိနေပါတယ်။

ပဲလေ့စ်နဲ့ပွဲမှာ တစ်သင်းလုံးရုန်းကန်ခဲ့ရသလို လုခ်ရှော၊ လင်ဒီလော့ဖ်တို့ဟာ အတော်လေးကို ခြေစွမ်းဆိုးခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ ခံစစ်ကို အင်အားဖြည့်တင်းဖို့ မဖြစ်မနေ လိုအပ်နေပြီဖြစ်ပြီး ပေါ်တိုနောက်ခံလူအဲလက်စ်တဲလက်စ်ရဲ့ အေးဂျင့်နဲ့ ဆက်သွယ်ခဲ့တယ်လို့ သိရပါတယ်။

ဒီရာသီ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ ရှုံးနိမ့်ခဲ့ပေမယ့်လဲ ဘရူနိုဖာနန်ဒက်စ်က သူ့ရဲ့ဖန်တီးနိုင်စွမ်းတွေကို ပြသခဲ့သလို လိဂ် ပွဲစဉ် တစ်ပွဲမှာ ပြိုင်ဘက်ဧရိယာအတွင်း ပေးပို့မှု အောင်မြင်မှု အမြင့်ဆုံး ကစားသမားဖြစ်ခဲ့ပြီး မိနစ်ကိုးဆယ်အတွင်း ၆၄ကြိမ် ရှိခဲ့ကာ ဇာကာ၊ ဆီဘယ်လော့နဲ့ သီယာဂို အယ်ကန်တာရာတို့ထက် သာလွန်ခဲ့ပါတယ်။

Zawgyi – စပါးနဲ႕ ယူနိုက္တက္ တိုက္စစ္သမား လင္ဂတ္ရဲ႕ အေျပာင္းအေ႐ႊ႕ဟာ ဒယ္လီအလီ ထြက္မထြက္ဆိုတဲ့အေပၚ မူတည္ေနပါတယ္။ ဘ႐ူႏိုဖာနန္ဒက္စ္နဲ႔ ဗန္ဒီဘိခ္တို႔ ေရာက္လာတဲ့ေနာက္ ပြဲထြက္စာရင္းထဲ မပါႏိုင္ေတာ့တဲ့ လင္ဂတ္ဟာ အသင္းကေန ထြက္ခြာဖို႔ နီးစပ္ေနၿပီး ၄င္းကို စပါးနဲ႕ ဇင္းနစ္တို႔က အျပိဳင္ အလိုရွိေနပါတယ္။

ပဲေလ့စ္နဲ႔ပြဲမွာ ယူႏိုက္တက္တစ္သင္းလုံးဟာ ေႏွးေကြးၿပီး ေလးလံေနခဲ့ကာ မႏွစ္က ပြဲပန္းေနတာေတြကို ခံစားေနရဆဲလို႔ လုခ္ေရွာက ဝန္ခံခဲ့ၿပီး အသင္းအေနနဲ႔ ေႏြအေျပာင္းအေ႐ႊ႕မပိတ္ခင္ ကစားသမားသစ္ေတြ ေခၚဖို႔လိုတယ္လို႔ တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္အတြက္ မာဆယ္လို ဘီအယ္ဆာက ၿပီးျပည့္စုံတဲ့ နည္းျပ ျဖစ္လိမ့္မယ္လို႔ ကက္စ္ကာရီႏိုက ဆိုပါတယ္။ ဘီအယ္ဆာ ဟာ လိဒ္ကို တန္းတက္ႏိုင္ေအာင္ ဦးေဆာင္ေပးခဲ့ၿပီး လီဗာပူးကိုလဲ ယွဥ္႐ိုက္ႏိုင္ခဲ့တာပါ။ ပဲေလ့စ္ကို ရႈံးခဲ့တဲ့ ယူႏိုက္တက္ကေတာ့ ဆိုးလ္ရွားကို အစားထိုးဖို႔ လိုအပ္ေနၿပီလို႔ ကက္စ္ကာရီႏိုက ထင္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ သတင္းေတြထြက္ေနတဲ့ ေပၚတိုေနာက္ခံလူ အဲလက္စ္ တဲလက္စ္ဟာ ေနာက္၂ပတ္အတြင္း ကလပ္ကို စြန္႔ခြာႏိုင္တယ္လို႔ နည္းျပ ကြန္ဆီကာအိုက ဝန္ခံခဲ့ပါတယ္။ တဲလက္စ္ဟာ ေနာက္ေႏြမွာ ဖရီးေအးဂ်င့္ျဖစ္ေတာ့မွာေၾကာင့္ အခုခ်ိန္မွာ ေရာင္းခ်ခံရဖို႔ ရွိေနတာပါ။

ယူႏိုက္တက္ဟာ ေဂ်ဒန္ဆန္ခ်ိဳကို ေခၚယူဖို႔ စိတ္အားထက္သန္ေနတာနဲ႔အတူ ေဒါ့မြန္က သူတို႔ရဲ႕ ေခၚေဈးကို တိုးျမႇင့္ႏိုင္ဖြယ္ ရွိေနပါတယ္။ ေပါင္ ၁၀၉သန္း သတ္မွတ္ထာားတဲ့ေဈးကိုေလွ်ာ့ခ်ႏိုင္ဖို႔ ယူႏိုက္တက္က ယုံၾကည္ေနေပမယ့္ ေဒါ့မြန္ကေတာ့ ေလွ်ာ့ေပးမွာမဟုတ္ပဲ ထပ္တိုးဖို႔ေတာင္ အလိုရွိေနပါတယ္။

ပဲေလ့စ္နဲ႔ပြဲမွာ တစ္သင္းလုံး႐ုန္းကန္ခဲ့ရသလို လုခ္ေရွာ၊ လင္ဒီေလာ့ဖ္တို႔ဟာ အေတာ္ေလးကို ေျခစြမ္းဆိုးခဲ့တာေၾကာင့္ ယူႏိုက္တက္အေနနဲ႔ ခံစစ္ကို အင္အားျဖည့္တင္းဖို႔ မျဖစ္မေန လိုအပ္ေနၿပီျဖစ္ၿပီး ေပၚတိုေနာက္ခံလူအဲလက္စ္တဲလက္စ္ရဲ႕ ေအးဂ်င့္နဲ႔ ဆက္သြယ္ခဲ့တယ္လို႔ သိရပါတယ္။

ဒီရာသီ ပရီးမီးယားလိဂ္ ပြဲဦးထြက္မွာ ရႈံးနိမ့္ခဲ့ေပမယ့္လဲ ဘ႐ူႏိုဖာနန္ဒက္စ္က သူ႔ရဲ႕ဖန္တီးႏိုင္စြမ္းေတြကို ျပသခဲ့သလို လိဂ္ ပြဲစဥ္ တစ္ပြဲမွာ ၿပိဳင္ဘက္ဧရိယာအတြင္း ေပးပို႔မႈ ေအာင္ျမင္မႈ အျမင့္ဆုံး ကစားသမားျဖစ္ခဲ့ၿပီး မိနစ္ကိုးဆယ္အတြင္း ၆၄ႀကိမ္ ရွိခဲ့ကာ ဇာကာ၊ ဆီဘယ္ေလာ့နဲ႔ သီယာဂို အယ္ကန္တာရာတို႔ထက္ သာလြန္ခဲ့ပါတယ္။