ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (21/09/20)

ရာသီအဖွင့်၂ပွဲလုံး အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ဟာ ဆုဖလားတွေအတွက် မျှော်လင့်နေပြီး ပိုမိုအောင်မြင်မှုရရှိဖို့ ဆာလောင်နေတယ်လို့ ဝက်စ်ဟမ်းနဲ့ပွဲမှာ အရန်ခုံကနေ လူစားဝင်လာပြီးနောက်ကျ အနိုင်ဂိုး သွင်းယူခဲ့တဲ့ လူငယ်တိုက်စစ်သမား အန်ကတ်တီရာက ပြောဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်းကို ကံကောင်းလို့ အနိုင်ရခဲ့တာဆိုတဲ့စကားကို အာတီတာက ငြင်းပယ်ခဲ့ပြီး မနှစ်က ကစားပုံနဲ့သာဆို ဒီလိုပွဲက အရှုံးနဲ့ သရေသာ မျှော်လင့်စရာ ရှိခဲ့ပေမယ့် ယခု အာဆင်နယ်ကတော့ ယုံကြည်မှုရှိပြီး ရဲရင့်ကာ စိတ်အားထက်သန်တဲ့ အသင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်က ထိပ်တန်းအသင်းတွေကို စိန်ခေါ်ချင်ရင် သွင်းဂိုးတွေအတွက် အူဘာမီးယန်းအပေါ်ပဲ မှီခိုမနေပဲ အားလုံးက တာဝန်ခွဲယူရမယ်လို့ အာတီတာက ဆိုပါတယ်။ အက်ဖ်အေ ဖလားအောင်မြင်မှုမှာ အူဘာမီးယန်းကပဲ ဂိုးတွေ အားလုံး သွင်းယူခဲ့ပေမယ့် ဝက်စ်ဟမ်းပွဲမှာတော့ လာကာဇက်တီနဲ့ အန်ကတ်တီရာတို့က ဂိုးသွင်းနိုင်ခဲ့တာပါ။

ကွင်းလယ်လူ အာဝါအတွက် အပြောင်းအရွှေ့မှာ အိုဇေးနဲ့ တော်ရဲရားက အဓိက အရေးပါနေပါတယ်။ သူ့အတွက် လိုင်ယွန်က ပေါင် သန်း ၆၀ တန်ကြေး သတ်မှတ်ထားတာကြောင့် အာဆင်နယ်အတွက် ကလပ်မှာ အရေးမပါတော့တဲ့ ကွင်းလယ်လူတွေကိုရောင်းချပြီးအသုံးစရိတ် ရှာဖွေရမှာပါ။

နယူးကာဆယ်ဟာ အာဆင်နယ် နောက်ခံလူ ကလန်ချန်ဘားစ်ကို အပြီးသတ် ခေါ်ဖို့ထက် အငှားခေါ်ယူဖို့ကို ပိုမိုအလိုရှိနေပါတယ်။ သူ့အတွက် အာဆင်နယ်က ပေါင် ၁၂သန်း လောက်ရဖို့မျှော်လင့်နေပေမယ့် စတိဗ်ဘရုစ်ရဲ့ အသင်းက အငှားနဲ့ရမှသာ အပြောင်းအရွှေ့ကို လုပ်ဆောင်ချင်နေတာပါ။

ရီးဒင်း ဆယ်ကျော်သက်ကစားသမား မိုက်ယ် အိုလစ်ကို ခေါ်ယူချင်နေတဲ့ ပရီးမီးယားလိဂ် ကလပ်တွေထဲမှာ အာဆင်နယ်လဲ ပါဝင်နေပါတယ်။ ကွင်းလယ် တိုက်စစ် ကစားသမားဟာ ဒီရာသီ ရီးဒင်းရဲ့ပွဲအားလုံးမှာ ပါဝင်ခဲ့ပြီး ၁ဂိုးနဲ့ ဖန်တီးမှု၁ကြိမ်ပြုလုပ်နိုင်ခဲ့သလို အာဆင်နယ်အပြင် လိဒ်ယူနိုက်တက်နဲ့ ဝုလ်ဗ်တို့ကလဲ အလိုရှိနေကြတာဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ဟာ လူးကပ်စ် တော်ရဲရားအတွက် အပြောင်းအရွှေ့ လုပ်ဆောင်ဖို့ အာဆင်နယ်နဲ့ ဆက်လက် ဆွေးနွေးနေပါတယ်။ ဒီရာသီ အာတီတာရဲ့ အသင်းမှာ မပါဝင်ခဲ့တဲ့ တော်ရဲရားဟာ အနာဂတ်မရေမရာဖြစ်နေသလို အက်သလက်တီကိုက အပြီးသတ်ဝယ်ယူခွင့်နဲ့ အငှားခေါ်ယူလိုနေတာဖြစ်ပါတယ်။ ငွေလိုနေတဲ့အာဆင်နယ်ကတော့ ဖီအိုရင်တီးနားနဲ့တိုရီနိုထံ ရောင်းချချင်နေပါတယ်။

Zawgyi – ရာသီအဖြင့္၂ပြဲလုံး အႏိုင္ရရွိခဲ့တဲ့ အာဆင္နယ္ဟာ ဆုဖလားေတြအတြက္ ေမွ်ာ္လင့္ေနၿပီး ပိုမိုေအာင္ျမင္မႈရရွိဖို႔ ဆာေလာင္ေနတယ္လို႔ ဝက္စ္ဟမ္းနဲ႔ပြဲမွာ အရန္ခုံကေန လူစားဝင္လာၿပီးေနာက္က် အႏိုင္ဂိုး သြင္းယူခဲ့တဲ့ လူငယ္တိုက္စစ္သမား အန္ကတ္တီရာက ေျပာဆိုခဲ့ပါတယ္။

ဝက္စ္ဟမ္းကို ကံေကာင္းလို႔ အႏိုင္ရခဲ့တာဆိုတဲ့စကားကို အာတီတာက ျငင္းပယ္ခဲ့ၿပီး မႏွစ္က ကစားပုံနဲ႔သာဆို ဒီလိုပြဲက အရႈံးနဲ႔ သေရသာ ေမွ်ာ္လင့္စရာ ရွိခဲ့ေပမယ့္ ယခု အာဆင္နယ္ကေတာ့ ယုံၾကည္မႈရွိၿပီး ရဲရင့္ကာ စိတ္အားထက္သန္တဲ့ အသင္းျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္အေနနဲ႔ ပရီးမီးယားလိဂ္က ထိပ္တန္းအသင္းေတြကို စိန္ေခၚခ်င္ရင္ သြင္းဂိုးေတြအတြက္ အူဘာမီးယန္းအေပၚပဲ မွီခိုမေနပဲ အားလုံးက တာဝန္ခြဲယူရမယ္လို႔ အာတီတာက ဆိုပါတယ္။ အက္ဖ္ေအ ဖလားေအာင္ျမင္မႈမွာ အူဘာမီးယန္းကပဲ ဂိုးေတြ အားလုံး သြင္းယူခဲ့ေပမယ့္ ဝက္စ္ဟမ္းပြဲမွာေတာ့ လာကာဇက္တီနဲ႔ အန္ကတ္တီရာတို႔က ဂိုးသြင္းႏိုင္ခဲ့တာပါ။

ကြင္းလယ္လူ အာဝါအတြက္ အေျပာင္းအေ႐ႊ႕မွာ အိုေဇးနဲ႔ ေတာ္ရဲရားက အဓိက အေရးပါေနပါတယ္။ သူ႔အတြက္ လိုင္ယြန္က ေပါင္ သန္း ၆၀ တန္ေၾကး သတ္မွတ္ထားတာေၾကာင့္ အာဆင္နယ္အတြက္ ကလပ္မွာ အေရးမပါေတာ့တဲ့ ကြင္းလယ္လူေတြကိုေရာင္းခ်ၿပီးအသုံးစရိတ္ ရွာေဖြရမွာပါ။

နယူးကာဆယ္ဟာ အာဆင္နယ္ ေနာက္ခံလူ ကလန္ခ်န္ဘားစ္ကို အၿပီးသတ္ ေခၚဖို႔ထက္ အငွားေခၚယူဖို႔ကို ပိုမိုအလိုရွိေနပါတယ္။ သူ႔အတြက္ အာဆင္နယ္က ေပါင္ ၁၂သန္း ေလာက္ရဖို႔ေမွ်ာ္လင့္ေနေပမယ့္ စတိဗ္ဘ႐ုစ္ရဲ႕ အသင္းက အငွားနဲ႔ရမွသာ အေျပာင္းအေ႐ႊ႕ကို လုပ္ေဆာင္ခ်င္ေနတာပါ။

ရီးဒင္း ဆယ္ေက်ာ္သက္ကစားသမား မိုက္ယ္ အိုလစ္ကို ေခၚယူခ်င္ေနတဲ့ ပရီးမီးယားလိဂ္ ကလပ္ေတြထဲမွာ အာဆင္နယ္လဲ ပါဝင္ေနပါတယ္။ ကြင္းလယ္ တိုက္စစ္ ကစားသမားဟာ ဒီရာသီ ရီးဒင္းရဲ႕ပြဲအားလုံးမွာ ပါဝင္ခဲ့ၿပီး ၁ဂိုးနဲ႔ ဖန္တီးမႈ၁ႀကိမ္ျပဳလုပ္ႏိုင္ခဲ့သလို အာဆင္နယ္အျပင္ လိဒ္ယူႏိုက္တက္နဲ႔ ဝုလ္ဗ္တို႔ကလဲ အလိုရွိေနၾကတာျဖစ္ပါတယ္။

အက္သလက္တီကိုမက္ဒရစ္ဟာ လူးကပ္စ္ ေတာ္ရဲရားအတြက္ အေျပာင္းအေ႐ႊ႕ လုပ္ေဆာင္ဖို႔ အာဆင္နယ္နဲ႔ ဆက္လက္ ေဆြးေႏြးေနပါတယ္။ ဒီရာသီ အာတီတာရဲ႕ အသင္းမွာ မပါဝင္ခဲ့တဲ့ ေတာ္ရဲရားဟာ အနာဂတ္မေရမရာျဖစ္ေနသလို အက္သလက္တီကိုက အၿပီးသတ္ဝယ္ယူခြင့္နဲ႔ အငွားေခၚယူလိုေနတာျဖစ္ပါတယ္။ ေငြလိုေနတဲ့အာဆင္နယ္ကေတာ့ ဖီအိုရင္တီးနားနဲ႔တိုရီႏိုထံ ေရာင္းခ်ခ်င္ေနပါတယ္။