မန်ချက်စတာ စီးတီးဟာ ကြားရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာ ဂျူဗင်တပ် အသင်းကို ၂-ဝ နဲ့ အရေးနိမ့်ကာ နောက်ဆုံး ကစားထားတဲ့ ပြိုင်ပွဲစုံ ၁ဝ ပွဲထဲ ၇ ပွဲမြောက် ရှုံးပွဲ ရင်ဆိုင်ခဲ့ရပါတယ်။
ဂျူဗင်တပ်ဟာ စီးရီးအေမှာ အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ အသင်း ဖြစ်ပါတယ်။
စီးတီးရဲ့ နောက်ပွဲကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ် ပွဲ ဖြစ်ပြီး အီတီဟက်မှာ ဧည့်ခံ ကစားမှာပါ။
သရဲနီဟောင်းကြီး ဖာဒီနန်ကတော့ ရုန်းကန်နေရသူချင်းမှာ ယူနိုက်တက်က အသာရသွားမယ် လို့ မျှော်လင့်ထားပါတယ်။
” (ရုန်းကန်နေရတဲ့) မန်စီးတီး အတွက် လာမယ့် နောက်ပွဲက စိန်ခေါ်မှု အကောင်းဆုံးပွဲ ဖြစ်လာတော့မှာပါပဲ။ မန်ချက်စတာ ဒါဘီပွဲပါ။
သူတို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ချင်တယ် ဆိုရင်တောင် ယူနိုက်တက်ကို အနိုင်ယူလိုက်တာက ယုံကြည်မှုတွေ အကုန် ပြန်စုစည်းနိုင်ဦးမှာ မဟုတ်ဘူး။
ကျွန်တော်ကတော့ အဲဒီပွဲ အတွက် အနီရောင် မန်ချက်စတာတွေဘက်ကပဲ ရပ်တည်မှာ။ ယုံကြည်မှု မရှိဘဲ ပြန်တည်ဆောက်နေရတဲ့ အသင်းချင်း တွေ့တဲ့ပွဲပေါ့ဗျာ။ ” လို့ ဖာဒီနန်က ပြောဆိုသွားပါတယ်။
မန်ချက်စတာ စီတီးဟာ ဂျူဗင်တပ်နဲ့ပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၇၀% ထိ ရှိခဲ့တာ ဖြစ်ပေမယ့် ဒုတိယပိုင်းမှာ ဂိုးတွေ ပေးခဲ့ရကာ အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။