ချယ်ဆီး၊ ယူနိုက်တက်၊ လီဗာပူးတို့ ပစ်မှတ် ကိုင်ဟာဗက်အား မိုက်ယ်ဘောလက် သတိပေး

ပရီးမီးယားလိဂ်မှ ချယ်ဆီး၊ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ အပြိုင် ခေါ်ယူဖို့ စောင့်ကြည့်ခြင်း ခံနေရတဲ့ လီဗာကူဆင် ကွင်းလယ်နဲ့ တောင်ပံ တိုက်စစ်သမား ကိုင်ဟာဗက် ကို ဂျာမနီ လက်ရွေးစင်ဟောင်း မိုက်ကယ် ဘောလက်က အသင်းပြောင်းခြင်း မပြုဖို့ တိုက်တွန်း အကြံပြုလိုက်ပါတယ်။

မိုက်ကယ်ဘောလက်ဟာ ချယ်ဆီးမှာ ၄ နှစ်တာ ကစားသွားခဲ့သူ ဖြစ်ပါတယ်။ ၎င်းက ဂျာမန်သား ကစားသမားချင်း ကိုင်ဟာဗက်ကို အကြံပြုလိုက်တာ ဖြစ်ပြီး အသက် ၂၀ အရွယ် ဂျာမန်သားဟာ ဘွန်ဒစ်လီဂါရဲ့ အတောက်ပဆုံး လူငယ်ကြယ်ပွင့် ကစားသမားလည်း ဖြစ်ပါတယ်။

ကိုင်ဟာဗက်ကို လီဗာပူးမှ ယာဂင်ကလော့ပ်က လည်း သဘောကျသလို ချယ်ဆီးနဲ့ ယူနိုက်တက်တို့ကလည်း နွေ ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်း ထားခဲ့တာပါ။ ဘောလက်ကတော့ ကိုင်ဟာဗက်ဟာ လက်ရှိ လီဗာကူဆင်မှာပဲ ဆက် တိုးတက်အောင် လုပ်သင့်သေးကြောင်း ဆိုလာခဲ့တာပါ။

” သူ့လို အရည်အချင်းနဲ့ ကစားသမားကို နေရာတိုင်းက အလိုရှိကြမှာပါ။ ဒါပေမယ့် ကျနော်ကတော့ ဟာဗက်က လီဗာကူဆင်မှာပဲ အဆင်ပြေမယ် ထင်တယ်။ ဒီမှာက လူငယ် ထိပ်သီး ကစားသမားတွေ အရည်အချင်း ရှိသလောက် တိုးတက်သွားဖို့ ပြီးပြည့်စုံတဲ့ အခြေအနေကောင်း ရှိနေတယ်။

ဒီအသင်းက ဘောလုံး ကစားပုံကောင်းသလို ထရိန်နင် ပစ္စည်းတွေကလည်း သိပ်ကောင်းပါတယ်။ ကစားသမား တစ်ယောက် အနေနဲ့ ဝေဖန်မှုတွေ သိပ်မခံရဘဲ ကစားနိုင်တာကိုက ကျေးဇူးတင်ရမယ့် အချက်ပါ။ ဟာဗက်လို ကစားသမားက ချန်ပီယံလိဂ် ကစားရမှာပါ။ လီဗာကူဆင် အနေနဲ့ ဒီတချက် အရေးကြီးပါတယ်။ ” လို့ ဘောလက်က သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

Zawgyi – ပရီးမီးယားလိဂ္မွ ခ်ယ္ဆီး၊ လီဗာပူးနဲ႕ မန္ခ်က္စတာ ယူနိုက္တက္တို႔ အျပိဳင္ ေခၚယူဖို႔ ေစာင့္ၾကည့္ျခင္း ခံေနရတဲ့ လီဗာကူဆင္ ကြင္းလယ္နဲ႕ ေတာင္ပံ တိုက္စစ္သမား ကိုင္ဟာဗက္ ကို ဂ်ာမနီ လက္ေရြးစင္ေဟာင္း မိုက္ကယ္ ေဘာလက္က အသင္းေျပာင္းျခင္း မျပဳဖုိ႔ တိုက္တြန္း အၾကံျပဳလိုက္ပါတယ္။

မိုက္ကယ္ေဘာလက္ဟာ ခ်ယ္ဆီးမွာ ၄ နွစ္တာ ကစားသြားခဲ့သူ ျဖစ္ပါတယ္။ ၄င္းက ဂ်ာမန္သား ကစားသမားခ်င္း ကိုင္ဟာဗက္ကို အၾကံျပဳလိုက္တာ ျဖစ္ျပီး အသက္ ၂၀ အရြယ္ ဂ်ာမန္သားဟာ ဘြန္ဒစ္လီဂါရဲ႕ အေတာက္ပဆံုး လူငယ္ၾကယ္ပြင့္ ကစားသမားလည္း ျဖစ္ပါတယ္။

ကိုင္ဟာဗက္ကို လီဗာပူးမွ ယာဂင္ကေလာ့ပ္က လည္း သေဘာက်သလို ခ်ယ္ဆီးနဲ႕ ယူနုိက္တက္တို႕ကလည္း ေႏြ ပစ္မွတ္စာရင္း္ထဲမွာ ထည့္သြင္း ထားခဲ့တာပါ။ ေဘာလက္ကေတာ့ ကိုင္ဟာဗက္ဟာ လက္ရွိ လီဗာကူဆင္မွာပဲ ဆက္ တိုးတက္ေအာင္ လုပ္သင့္ေသးေၾကာင္း ဆိုလာခဲ့တာပါ။

” သူ႔လို အရည္အခ်င္းနဲ႕ ကစားသမားကို ေနရာတိုင္းက အလိုရွိၾကမွာပါ။ ဒါေပမယ့္ က်ေနာ္ကေတာ့ ဟာဗက္က လီဗာကူဆင္မွာပဲ အဆင္ေျပမယ္ ထင္တယ္။ ဒီမွာက လူငယ္ ထိပ္သီး ကစားသမားေတြ အရည္အခ်င္း ရွိသေလာက္ တိုးတက္သြားဖို႔ ျပီးျပည့္စံုတဲ့ အေျခအေနေကာင္း ရွိေနတယ္။

ဒီအသင္းက ေဘာလံုး ကစားပံုေကာင္းသလို ထရိန္နင္ ပစၥည္းေတြကလည္း သိပ္ေကာင္းပါတယ္။ ကစားသမား တစ္ေယာက္ အေနနဲ႕ ေ၀ဖန္မႈေတြ သိပ္မခံရဘဲ ကစားနုိင္တာကိုက ေက်းဇူးတင္ရမယ့္ အခ်က္ပါ။ ဟာဗက္လို ကစားသမားက ခ်န္ပီယံလိဂ္ ကစားရမွာပါ။ လီဗာကူဆင္ အေနနဲ႕ ဒီတခ်က္ အေရးၾကီးပါတယ္။ ” လို႔ ေဘာလက္က သံုးသပ္ ေျပာဆိုသြားခဲ့ပါတယ္။