ဆန်ချို မဟုတ်ဘဲ ယူနိုက်တက် ဖြည့်ကို ဖြည့်ဆည်းရမယ့် နေရာကို နဗီးလ် သတိပေး

မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်း ဂယ်ရီ နဗီးက ယူနိုက်တက် အနေနဲ့ ဦးစားပေး ပစ်မှတ် ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားတာထက် အမှန်တကယ် လိုအပ်နေတဲ့ ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ယူဖို့ တိုက်တွန်းလိုက်ပါတယ်။

ပရီးမီးယားလိဂ် အဖွင့်ပွဲ ဖြစ်တဲ့ ပဲလေစ့်ကို အရေးနိမ့်တဲ့ပွဲမှာ ယူနိုက်တက် ခံစစ်က အမှားတွေ ရှိခဲ့ပြီး အထူးသဖြင့် မက်ဂွဲရားနဲ့ တွဲဖက် ကစားတဲ့ လင်ဒီလော့ဖ်က အခြေအနေ ဆိုးဝါးခဲ့ပါတယ်။ နည်းပြ ဆိုးရှားက သူ့အသင်းရဲ့ လူစာရင်းကို ဘယ်လိုပဲ ကျေနပ်ပါတယ် ပြောပါစေ ပွဲတွေတိုင်းမှာ ခံစစ်အမှားတွေကတော့ အမြဲတမ်း ရှိနေတာဖြစ်တယ်။

ဒီလို ခံစစ်အမှားတွေ အမြဲလို ရှိနေတာက နှေးကွေးတဲ့ အထိုင်လူနှစ်ဦးထား ကစားနေမှုကြောင့်ဖြစ်ကာ ယူနိုက်တက်က မြန်ဆန်တဲ့ ဗဟို ခံစစ်မှူးတစ်ဦး ခေါ်ယူဖို့ လိုအပ်တယ်လို့ နဗီးက ထောက်ပြခဲ့ပါတယ်။

” ကျနေ်ာတို့အားလုံး နှစ်သက်ရတဲ့ ဆန်ချိုအကြောင်းကို စကားပြောနိုင်ပါတယ်။ ဒါပေမယ့် တစ်ဦးချင်းတွေမှာ ကာကွယ်နိုင်ပြီး ပြေားလွှားနိုင်တဲ့ ဗဟို ခံစစ်မှူး မရသ၍တော့ ပရီးမီးယားလိဂ်ကို ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ပါဘူး။ လက်ရှိ ခံစစ်အတွဲနဲ့တော့ ပရီးမီးယားဖလား ဘယ်တော့မှ ရမှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့နှစ်တွေမှာ ယူနိုက်တက်ရဲ့ ဗဟိုခံစစ်အတွဲက မြန်ဆန်တဲ့ ခံစစ်သမားတွေ ရှိခဲ့ကြတယ်။ ဂျပ်စတန်း၊ ဖာဒီနန်နဲ့ ပါလီစတာတို့လိုပေါ့။ သူတို့ အရမ်းကို မြန်ဆန်လွန်းပြီး ဟိုဟို ဒီဒီ ပြေးလွှားကာ အန္တရာယ်ကြီးတဲ့ ကိစ္စတွေကို ရှင်းလင်းပေးနိုင်ခဲ့ကြတယ်။ လင်ဒီလော့ဖ်နဲ့ မက်ဂွဲရား တို့ကတော့ အဲ့လို မလုပ်နိုင်ပါဘူး ” လို့ ဂယ်ရီနဗီးက မှတ်ချက်ပေးခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏုိက္တက္ ကစားသမားေဟာင္း ဂယ္ရီ နဗီးက ယူနိုက္တက္ အေနနဲ႔ ဦးစားေပး ပစ္မွတ္ ဆန္ခ်ိဳကို ေခၚယူဖို႔ ၾကိဳးစားတာထက္ အမွန္တကယ္ လိုအပ္ေနတဲ့ ဗဟိုခံစစ္မွဴးတစ္ဦးကို ေခၚယူဖို႔ တိုက္တြန္းလိုက္ပါတယ္။

ပရီးမီးယားလိဂ္ အဖြင့္ပြဲ ျဖစ္တဲ့ ပဲေလစ့္ကို အေရးနိမ့္တဲ့ပြဲမွာ ယူႏုိက္တက္ ခံစစ္က အမွားေတြ ရွိခဲ့ျပီး အထူးသျဖင့္ မက္ဂြဲရားနဲ႕ တြဲဖက္ ကစားတဲ့ လင္ဒီေလာ့ဖ္က အေျခအေန ဆိုး၀ါးခဲ့ပါတယ္။ နည္းျပ ဆိုးရွားက သူ႔အသင္းရဲ႕ လူစာရင္းကို ဘယ္လိုပဲ ေက်နပ္ပါတယ္ ေျပာပါေစ ပြဲေတြတိုင္းမွာ ခံစစ္အမွားေတြကေတာ့ အျမဲတမ္း ရွိေနတာျဖစ္တယ္။

ဒီလို ခံစစ္အမွားေတြ အျမဲလို ရွိေနတာက ေႏွးေကြးတဲ့ အထုိင္လူႏွစ္ဦးထား ကစားေနမႈေၾကာင့္ျဖစ္ကာ ယူႏုိက္တက္က ျမန္ဆန္တဲ့ ဗဟို ခံစစ္မွဴးတစ္ဦး ေခၚယူဖို႔ လိုအပ္တယ္လို႔ နဗီးက ေထာက္ျပခဲ့ပါတယ္။

” က်ေန္ာတို႔အားလံုး ႏွစ္သက္ရတဲ့ ဆန္ခ်ိဳအေၾကာင္းကို စကားေျပာႏုိင္ပါတယ္။ ဒါေပမယ့္ တစ္ဦးခ်င္းေတြမွာ ကာကြယ္ႏုိင္ျပီး ေျပားလႊားႏုိင္တဲ့ ဗဟို ခံစစ္မွဴး မရသ၍ေတာ့ ပရီးမီးယားလိဂ္ကို ဘယ္ေတာ့မွ အႏုိင္ရမွာ မဟုတ္ပါဘူး။ လက္ရွိ ခံစစ္အတြဲနဲ႔ေတာ့ ပရီးမီးယားဖလား ဘယ္ေတာ့မွ ရမွာ မဟုတ္ပါဘူး။

ျပီးခဲ့တဲ့နွစ္ေတြမွာ ယူႏုိက္တက္ရဲ႕ ဗဟိုခံစစ္အတြဲက ျမန္ဆန္တဲ့ ခံစစ္သမားေတြ ရွိခဲ့ၾကတယ္။ ဂ်ပ္စတန္း၊ ဖာဒီနန္နဲ႔ ပါလီစတာတို႔လိုေပါ့။ သူတို႔ အရမ္းကို ျမန္ဆန္လြန္းျပီး ဟိုဟို ဒီဒီ ေျပးလႊားကာ အႏၱရာယ္ၾကီးတဲ့ ကိစၥေတြကို ရွင္းလင္းေပးႏုိင္ခဲ့ၾကတယ္။ လင္ဒီေလာ့ဖ္နဲ႔ မက္ဂြဲရား တို႔ကေတာ့ အဲ့လို မလုပ္ႏုိင္ပါဘူး ” လို႔ ဂယ္ရီနဗီးက မွတ္ခ်က္ေပးခဲ့ပါတယ္။