ဆန်ချို လူငယ်ကစားသမားဘဝမှာ တွဲအလုပ်လုပ်ဖူးတဲ့ ဆရာဟောင်း ဖြစ်သူ လူးဝစ် လန်ကပ်စတာကတော့ အင်္ဂလန်သားကို ခေါ်ချင်တဲ့ ယူနိုက်တက်ရဲ့ လှုပ်ရှားမှုက အဓိပ္ပါယ် ရှိတယ်လို့ ထောက်ခံသွားပါတယ်။ ဆန်ချိုဟာ ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့လို ကွင်းလယ်တွေနဲ့ ချိတ်ဆက်ရင် လုံး၀ ထိပ်တန်းရောက်သွားမယ်လို့ ၎င်းက သုံးသပ်ခဲ့ပါတယ်။
ပွဲကစားခွင့် နည်းပါးနေပေမယ့် ယူနိုက်တက်မှာ ကစားခွင့်က သူ့ရဲ့ အကြီးမားဆုံး အိပ်မက် ဖြစ်နေတာကြောင့် တိုက်စစ်မှူး အစ်ဟာလို ကတော့ နည်းပြ ခေါ်ယူချိန်တိုင်း ကစားဖို့ အသင့်ဖြစ်နေအောင် ပြင်ဆင်ထားမယ်လို့ ဆိုပါတယ်။
နာမည်ကျော် Goal သတင်းဌာနကတော့ ယူနိုက်တက်ဟာ ဆိုးရှား နည်းပြ လုပ်နေသမျှတော့ စနစ်ကျတဲ့ အသင်းဖွဲ့စည်းပုံ မရှိ၊ မျှော်လင့်ချက် မရှိ ဖြစ်နေဦးမှာ ဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား မရနိုင်သေးဘူးလို့ ဖော်ပြသွားပါတယ်။
စပါး တိုက်စစ်မှူးဟောင်း ပီတာခရော့ချ်က လန်ဒန်ကလပ်ထံ ပြန်ရောက်လာတဲ့ အသင်းဖော်ဟောင်း ဘေးလ်ကို ချီးကျူးရင်း ဘေးလ်ဟာ ယူနိုက်တက်ထက်တောင် ချန်ပီယံလိဂ်ဖလားတွေ ပိုရထားတဲ့ ကစားသမားလို့ ဂုဏ်တင်ကာ မန်ချက်စတာကလပ်ကို ပုတ်ခတ်သွားခဲ့ပါတယ်။
လင်ဒီလော့ဖ်ရဲ့ စွမ်းဆောင်ရည် ညံ့ဖျင်းမှုတွေကြောင့် အခြား ဗဟိုခံစစ်မှူး တစ်ဦး ခေါ်ဖို့ တိုက်တွန်းမှုတွေ ရှိနေပေမယ့် ဆိုးရှားကတော့ ခေါ်ဖို့ အစီအစဉ် မရှိကြောင်း The Athletic သတင်းဌာနက ဖော်ထုတ်သွားပါတယ်။
ယူနိုက်တက်ဟာ နှေးကွေးတဲ့ ခံစစ်သမားတွေကြောင့် အမှားတွေ မကြာခဏ ကျူးလွန်နေတာ ဖြစ်လို့ ပရီးမီးယားလိဂ် ဖလားကိုသာ စိန်ခေါ်ချင်ရင် သွက်လက်တဲ့ ဗဟိုခံစစ်မှူး ခေါ်ကို ခေါ်ယူရမှာ ဖြစ်ကြောင်း နဗီးလ်က ထောက်ပြ တိုက်တွန်းခဲ့ပါတယ်။
Zawgyi – ဆန္ခ်ိဳ လူငယ္ကစားသမားဘ၀မွာ တြဲအလုပ္လုပ္ဖူးတဲ့ ဆရာေဟာင္း ျဖစ္သူ လူး၀စ္ လန္ကပ္စတာကေတာ့ အဂၤလန္သားကို ေခၚခ်င္တဲ့ ယူနိုက္တက္ရဲ႕ လႈပ္ရွားမႈက အဓိပၸါယ္ ရွိတယ္လို႔ ေထာက္ခံသြားပါတယ္။ ဆန္ခ်ိဳဟာ ေပါ့ဘာ၊ ဖာနန္ဒက္စ္တို႔လို ကြင္းလယ္ေတြနဲ႕ ခ်ိတ္ဆက္ရင္ လံုး၀ ထိပ္တန္းေရာက္သြားမယ္လို႔ ၄င္းက သံုးသပ္ခဲ့ပါတယ္။
ပြဲကစားခြင့္ နည္းပါးေနေပမယ့္ ယူနိုက္တက္မွာ ကစားခြင့္က သူ႔ရဲ႕ အၾကီးမားဆံုး အိပ္မက္ ျဖစ္ေနတာေၾကာင့္ တိုက္စစ္မွဴး အစ္ဟာလို ကေတာ့ နည္းျပ ေခၚယူခ်ိန္တိုင္း ကစားဖို႔ အသင့္ျဖစ္ေနေအာင္ ျပင္ဆင္္ထားမယ္လို႔ ဆိုပါတယ္။
နာမည္ေက်ာ္ Goal သတင္းဌာနကေတာ့ ယူနိုက္တက္ဟာ ဆိုးရွား နည္းျပ လုပ္ေနသမွ်ေတာ့ စနစ္က်တဲ့ အသင္းဖြဲ႕စည္းပံု မရွိ၊ ေမွ်ာ္လင့္ခ်က္ မရွိ ျဖစ္ေနဦးမွာ ျဖစ္ျပီး ပရီးမီးယားလိဂ္ဖလား မရနိုင္ေသးဘူးလို႔ ေဖာ္ျပသြားပါတယ္။
စပါး တိုက္စစ္မွဴးေဟာင္း ပီတာခေရာ့ခ်္က လန္ဒန္ကလပ္ထံ ျပန္ေရာက္လာတဲ့ အသင္းေဖာ္ေဟာင္း ေဘးလ္ကို ခ်ီးက်ဴးရင္း ေဘးလ္ဟာ ယူနိုက္တက္ထက္ေတာင္ ခ်န္ပီယံလိဂ္ဖလားေတြ ပိုရထားတဲ့ ကစားသမားလို႔ ဂုဏ္တင္ကာ မန္ခ်က္စတာကလပ္ကို ပုတ္ခတ္သြားခဲ့ပါတယ္။
လင္ဒီေလာ့ဖ္ရဲ႕ စြမ္းေဆာင္ရည္ ညံ့ဖ်င္းမႈေတြေၾကာင့္ အျခား ဗဟိုခံစစ္မွဴး တစ္ဦး ေခၚဖို႔ တိုက္တြန္းမႈေတြ ရွိေနေပမယ့္ ဆိုးရွားကေတာ့ ေခၚဖို႔ အစီအစဥ္ မရွိေၾကာင္း The Athletic သတင္းဌာနက ေဖာ္ထုတ္သြားပါတယ္။
ယူနိုက္တက္ဟာ ေနွးေကြးတဲ့ ခံစစ္သမားေတြေၾကာင့္ အမွားေတြ မၾကာခဏ က်ဴးလြန္ေနတာ ျဖစ္လို႔ ပရီးမီးယားလိဂ္ ဖလားကိုသာ စိန္ေခၚခ်င္ရင္ သြက္လက္တဲ့ ဗဟိုခံစစ္မွဴး ေခၚကို ေခၚယူရမွာ ျဖစ္ေၾကာင္း နဗီးလ္က ေထာက္ျပ တိုက္တြန္းခဲ့ပါတယ္။