ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (22/09/20)

ယူနိုက်တက်ဟာ နွေရာသီအတွင်း အဲဗာတန် လူငယ်ကစားသမား ကယ်ဗတ် လီဝင်ကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် အဲဗာတန်ရဲ့ ပေါင် သန်း ၈၀ ခေါ်ဈေးကြောင့် နောက်ဆုတ်ခဲ့တာပါ။ ဒါပေမယ့် အဲဗာတန်ကတော့ လီဝင် ဆက်လက်တိုးတက်လာရင် အနာဂတ်မှာဒီထက်ပိုပြီးတောင် တန်ကြေး ရှိနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ပေါ်တိုမှ အဲလက်စ်တဲလက်စ်ဟာ ဒီတစ်ပတ်မှာ မန်ချက်စတာယူနိုက်တက်ထံ အပြောင်းအရွှေ့ကို အပြီးသတ် လုပ်ဆောင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ တဲလက်စ်ဟာ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် ယူနိုက်တက်က သူ့ကို ယူရို၂၅သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။

ဒေါ့မွန် အားကစားဒါရိုက်တာ ဆီဘက်ရှန်ကယ်က လက်ရှိ အပြောင်းအရွှေ့ကာလအတွင်း ယူနိုက်တက်ပစ်မှတ် ဂျေဒန်ဆန်ချိုကို ရောင်းချမှာ မဟုတ်ဘူးလို့ ထပ်လောင်း အတည်ပြုခဲ့ပါတယ်။ ယူနိုက်တက်က စာချုပ်ကိစ္စ ညှိနှိုင်းဖို့ ကြိုးစားနေဆဲဖြစ်ပေမယ့် ဒေါ့မွန်ကတော့ သူ့ကို လျှော့ဈေးနဲ့ မရောင်းချလိုဘဲ ရှိပါတယ်။

ယူနိုက်တက်နဲ့ စပါးတို့ဟာ ခရစ္စတယ်ပဲလေ့စ် တိုက်စစ်မှူး အလက်ဇန်းဒါး ဆိုလုတ် ကို ခေါ်ယူနိုင်ဖို့ အပြိုင်ကြိုးစားနေပါတယ်။ မနှစ်က ထရက်ဇွန်စပေါ်မှာ အငှား ကစားရင်း ၃၃ဂိုး သွင်းယူခဲ့တဲ့ အသက်၂၂နှစ်အရွယ် ကစားသမားဟာ မနေ့က လိုက်ပ်ဇစ်ကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် နောက်ဆုံးအချိန်ကျမှ ဆေးစစ်မှုကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပေါ့ဘာကို ဗဟိုကွင်းလယ်မှာ ထားကစားတဲ့အခါ ဘောလုံးပိုင်ဆိုင်မှု ပိုရရင် တန်ပြန်တိုက်စစ် ပိုခံရနိုင်ပြီး နံပါတ် ၁၀ နေရာကို ဗန်ဒီဘိခ် ရောက်လာတဲ့နောက် ဖာနန်ဒက်စ်က အနောက်ပြန်သွားခဲ့ရတဲ့ အသင်းဟာ ပြိုင်ဘက်တွေအတွက် တန်ပြန်တိုက်စစ်ဆင်ဖို့ ပို လွယ်ကူလိမ့်မယ် လို့ ကာရေဂါက ဆိုပါတယ်။

စပါးတိုက်စစ်မှူးဟောင်း ဒါရန်းဘန့် လင်ဂတ်ကို ယူနိုက်တက်ကနေ ထွက်ခွာဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံ နေရာမှာကစားနိုင်တဲ့ လင်ဂတ်ဟာ အပြောင်းအလဲလုပ်ဖို့လိုနေတာဖြစ်တယ်လို့ ဘန့်က ယုံကြည်နေပြီး စပါးက လင်ဂတ်ကို ပေါင်သန်း၃၀နဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ေႏြရာသီအတြင္း အဲဗာတန္ လူငယ္ကစားသမား ကယ္ဗတ္ လီဝင္ကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ေပမယ့္ အဲဗာတန္ရဲ႕ ေပါင္ သန္း ၈၀ ေခၚေဈးေၾကာင့္ ေနာက္ဆုတ္ခဲ့တာပါ။ ဒါေပမယ့္ အဲဗာတန္ကေတာ့ လီဝင္ ဆက္လက္တိုးတက္လာရင္ အနာဂတ္မွာ ဒီထက္ပိုၿပီးေတာင္ တန္ေၾကး ရွိႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

ေပၚတိုမွ အဲလက္စ္တဲလက္စ္ဟာ ဒီတစ္ပတ္မွာ မန္ခ်က္စတာယူႏိုက္တက္ထံ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ လုပ္ေဆာင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ တဲလက္စ္ဟာ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ကို ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ ယူႏိုက္တက္က သူ႔ကို ယူ႐ို၂၅သန္းနဲ႔ ေခၚယူဖို႔ ျပင္ဆင္ေနပါတယ္။

ေဒါ့မြန္ အားကစားဒါ႐ိုက္တာ ဆီဘက္ရွန္ကယ္က လက္ရွိ အေျပာင္းအေ႐ႊ႕ကာလအတြင္း ယူႏိုက္တက္ပစ္မွတ္ ေဂ်ဒန္ဆန္ခ်ိဳကို ေရာင္းခ်မွာ မဟုတ္ဘူးလို႔ ထပ္ေလာင္း အတည္ျပဳခဲ့ပါတယ္။ ယူႏိုက္တက္က စာခ်ဳပ္ကိစၥ ညႇိႏႈိင္းဖို႔ ႀကိဳးစားေနဆဲျဖစ္ေပမယ့္ ေဒါ့မြန္ကေတာ့ သူ႔ကို ေလွ်ာ့ေဈးနဲ႔ မေရာင္းခ်လိုဘဲ ရွိပါတယ္။

ယူႏိုက္တက္နဲ႔ စပါးတို႔ဟာ ခရစၥတယ္ပဲေလ့စ္ တိုက္စစ္မႉး အလက္ဇန္းဒါး ဆိုလုတ္ ကို ေခၚယူႏိုင္ဖို႔ အၿပိဳင္ႀကိဳးစားေနပါတယ္။ မႏွစ္က ထရက္ဇြန္စေပၚမွာ အငွား ကစားရင္း ၃၃ဂိုး သြင္းယူခဲ့တဲ့ အသက္၂၂ႏွစ္အ႐ြယ္ ကစားသမားဟာ မေန႔က လိုက္ပ္ဇစ္ကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့ေပမယ့္ ေနာက္ဆုံးအခ်ိန္က်မွ ေဆးစစ္မႈကို ဖ်က္သိမ္းခဲ့တာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ေပါ့ဘာကို ဗဟိုကြင္းလယ္မွာ ထားကစားတဲ့အခါ ေဘာလုံးပိုင္ဆိုင္မႈ ပိုရရင္ တန္ျပန္တိုက္စစ္ ပိုခံရႏိုင္ၿပီး နံပါတ္ ၁၀ ေနရာကို ဗန္ဒီဘိခ္ ေရာက္လာတဲ့ေနာက္ ဖာနန္ဒက္စ္က အေနာက္ျပန္သြားခဲ့ရတဲ့ အသင္းဟာ ၿပိဳင္ဘက္ေတြအတြက္ တန္ျပန္တိုက္စစ္ဆင္ဖို႔ ပို လြယ္ကူလိမ့္မယ္ လို႔ ကာေရဂါက ဆိုပါတယ္။

စပါးတိုက္စစ္မႉးေဟာင္း ဒါရန္းဘန္႔ လင္ဂတ္ကို ယူႏိုက္တက္ကေန ထြက္ခြာဖို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။ ကြင္းလယ္တိုက္စစ္နဲ႔ ေတာင္ပံ ေနရာမွာကစားႏိုင္တဲ့ လင္ဂတ္ဟာ အေျပာင္းအလဲလုပ္ဖို႔လိုေနတာျဖစ္တယ္လို႔ ဘန္႔က ယုံၾကည္ေနၿပီး စပါးက လင္ဂတ္ကို ေပါင္သန္း၃၀နဲ႔ ေခၚယူဖို႔ စီစဥ္ေနပါတယ္။