ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (22/09/20)

ယူနိုက်တက်ဟာ ချယ်ဆီးမှာ နေရာမရ ဖြစ်နေတဲ့ တောင်ပံတိုက်စစ်သမား ဟက်ဆန် အိုဒွိုင်းကို ခေါ်ယူသင့်ကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ထောက်ပြထားပါတယ်။

အစောပိုင်း အစီအစဉ်များအရ အောက်တိုဘာလ ၁ ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်တွေ အတွက် ကွင်းထဲ ပရိသတ် ဝင်ခွင့်ပြုဖို့ ရှိနေပေမယ့် ကိုဗစ် တကျော့ပြန် ရိုက်ခတ်လာတာကြောင့် ၂၀၂၁ မတ်လထဲမှ ကွင်းဝင်ခွင့် ပေးဖို့ ပြောင်းလဲလိုက်ကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ရာသီဆက် အငှား ထွက်ကစားနေရာကနေ ပြန်ရောက်နေတဲ့ ဂိုးသမား ဒင်း ဟန်ဒါဆန်ဟာ လူတန်တောင်းနဲ့ ကာရာဘောင်းဖလား ပွဲမှာ ပွဲထွက် ဂိုးသမား အဖြစ် တာဝန်ယူ ကစားရဖွယ် ရှိပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်းကြီး အီဗရာ ကတော့ လတ်တလော အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုနဲ့ ယိုယွင်းနေမှုတွေကို ပေါက်ကွဲနေပြီး ၎င်းရဲ့ ဆိုရှယ်မီဒီယာ အကောင့်ကနေ မိနစ် ၂၀ ကြာ ဗီဒီယို တစ်ခု တင်ကာ တည့်တိုး ပြောဆို ဝေဖန်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘာစီလိုနာ တိုက်စစ်သမား ဒမ်ဘီလီ ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး တိုးတက်မှုလည်း ရှိနေကြောင်း သိရပါတယ်။ ယူနိုက်တက်ကတော့ အငှားနဲ့ ခေါ်ယူလိုတာ ဖြစ်ပြီး ဒမ်ဘီလီကို အပြီး ရောင်းလိုနေတဲ့ ဘာစီလိုနာက ဝယ်ယူခွင့် ထည့်သွင်းစေလိုနေပါတယ်။

ဒီနွေမှာ ဗန်ဒီဘိခ် တစ်ယောက်ကိုသာ ခေါ်နိုင်ခဲ့တဲ့ ဆိုးလ်ရှားဟာ ဘယ်နောက်တန်းကို အားဖြည့်ဖို့ အလိုရှိနေသလို ပေါ်တိုနောက်ခံလူ အဲလက်စ် တဲလက်စ် အတွက် အပြောင်းအရွှေ့ကို အကောင်အထည်မဖော်နိုင်ခဲ့ရင် နောက်ထပ် ပစ်မှတ်အနေနဲ့ မိုင်ကိုလန်ကို ကို သတ်မှတ်ထားပါတယ်။

ယူနိုက်တက်ဟာ ဈေးကွက်ထဲမှာ နောက်ထပ် ဈေးကြီးမိ ဂျင်းမိမှာ ကို ကြောက်နေပြီး အပြောင်းအရွှေ့ ပြီးမြောက်အောင် လုပ်ဖို့ လက်တွန့် နေကြောင်း ဂယ်ရီ နဗီးလ်ကတော့ ဝေဖန် သုံးသပ်သွားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ရာသီကြို ကာလတို အပြီး ရာသီသစ်အစမှာ အရှုံးနဲ့ ကြုံတွေ့ခဲ့ရတဲ့နောက် ဒီနေ့ညမှာ လူတန်တောင်းနဲ့ ကာရာဘောင်း ဖလားပွဲ ကစားရဖို့ ရှိနေသလို အသင်းသားတွေအနေနဲ့ ပွဲကစားနိုင်တဲ့ ပုံမှန် ကြံ့ခိုင်မှုအဆင့်ကို ရောက်ရှိဖို့ လေးငါးပွဲလောက် အချိန်ယူရနိုင်တယ်လို့ ဆိုးလ်ရှားက ဆိုပါတယ်။

Zawgyi – ယူနိုက္တက္ဟာ ခ်ယ္ဆီးမွာ ေနရာမရ ျဖစ္ေနတဲ့ ေတာင္ပံတိုက္စစ္သမား ဟက္ဆန္ အိုဒြိဳင္းကို ေခၚယူသင့္ေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေထာက္ျပထားပါတယ္။

အေစာပိုင္း အစီအစဥ္မ်ားအရ ေအာက္တိုဘာလ ၁ ရက္ေန႔မွာ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြ အတြက္ ကြင္းထဲ ပရိသတ္ ၀င္ခြင့္ျပဳဖို႔ ရွိေနေပမယ့္ ကိုဗစ္ တေက်ာ့ျပန္ ရိုက္ခတ္လာတာေၾကာင့္ ၂၀၂၁ မတ္လထဲမွ ကြင္း၀င္ခြင့္ ေပးဖို႔ ေျပာင္းလဲလိုက္ေၾကာင္း သိရပါတယ္။

ျပီးခဲ့တဲ့ နွစ္ရာသီဆက္ အငွား ထြက္ကစားေနရာကေန ျပန္ေရာက္ေနတဲ့ ဂိုးသမား ဒင္း ဟန္ဒါဆန္ဟာ လူတန္ေတာင္းနဲ႕ ကာရာေဘာင္းဖလား ပြဲမွာ ပြဲထြက္ ဂိုးသမား အျဖစ္ တာ၀န္ယူ ကစားရဖြယ္ ရွိပါတယ္။

ယူနိုက္တက္ ခံစစ္မွဴးေဟာင္းၾကီး အီဗရာ ကေတာ့ လတ္တေလာ အသင္းရဲ႕ အေျပာင္းအေရႊ႕ လႈပ္ရွားမႈနဲ႕ ယိုယြင္းေနမႈေတြကို ေပါက္ကြဲေနျပီး ၄င္းရဲ႕ ဆိုရွယ္မီဒီယာ အေကာင့္ကေန မိနစ္ ၂၀ ၾကာ ဗီဒီယို တစ္ခု တင္ကာ တည့္တိုး ေျပာဆို ေ၀ဖန္သြားခဲ့ပါတယ္။

ယူနိုက္တက္ဟာ ဘာစီလိုနာ တိုက္စစ္သမား ဒမ္ဘီလီ ကို ေခၚယူဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနျပီး တိုးတက္မႈလည္း ရွိေနေၾကာင္း သိရပါတယ္။ ယူနိုက္တက္ကေတာ့ အငွားနဲ႕ ေခၚယူလိုတာ ျဖစ္ျပီး ဒမ္ဘီလီကို အျပီး ေရာင္းလိုေနတဲ့ ဘာစီလိုနာက ၀ယ္ယူခြင့္ ထည့္သြင္းေစလိုေနပါတယ္။

ဒီေႏြမွာ ဗန္ဒီဘိခ္ တစ္ေယာက္ကိုသာ ေခၚႏိုင္ခဲ့တဲ့ ဆိုးလ္ရွားဟာ ဘယ္ေနာက္တန္းကို အားျဖည့္ဖို႔ အလိုရွိေနသလို ေပၚတိုေနာက္ခံလူ အဲလက္စ္ တဲလက္စ္ အတြက္ အေျပာင္းအေ႐ႊ႕ကို အေကာင္အထည္မေဖာ္ႏိုင္ခဲ့ရင္ ေနာက္ထပ္ ပစ္မွတ္အေနနဲ႔ မိုင္ကိုလန္ကို ကို သတ္မွတ္ထားပါတယ္။

ယူနိုက္တက္ဟာ ေစ်းကြက္ထဲမွာ ေနာက္ထပ္ ေစ်းၾကီးမိ ဂ်င္းမိမွာ ကို ေၾကာက္ေနျပီး အေျပာင္းအေရႊ႕ ျပီးေျမာက္ေအာင္ လုပ္ဖို႔ လက္တြန္႔ ေနေၾကာင္း ဂယ္ရီ နဗီးလ္ကေတာ့ ေ၀ဖန္ သံုးသပ္သြားခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ရာသီႀကိဳ ကာလတို အၿပီး ရာသီသစ္အစမွာ အရႈံးနဲ႔ ၾကဳံေတြ႕ခဲ့ရတဲ့ေနာက္ ဒီေန႔ညမွာ လူတန္ေတာင္းနဲ႔ ကာရာေဘာင္းဖလားပြဲ ကစားရဖို႔ ရွိေနသလို အသင္းသားေတြအေနနဲ႔ ပြဲကစားႏိုင္တဲ့ ပုံမွန္ ႀကံ့ခိုင္မႈအဆင့္ကို ေရာက္ရွိဖို႔ ေလးငါးပြဲေလာက္ အခ်ိန္ယူရႏိုင္တယ္လို႔ ဆိုးလ္ရွားက ဆိုပါတယ္။