ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (22/09/20)

သီယာဂိုဆေးဗားဟာ သူ့ကစားသမားဘဝ နှောင်းပိုင်းအချိန်တွေမှာ ပရီးမီးယားလိဂ်မှာ ကစားရတဲ့ ပထမဆုံး အတွေ့အကြုံကို စိတ်လှုပ်ရှား နေပေမယ့် သူ့ရဲ့အဓိက ရည်ရွယ်ချက်က အင်္ဂလန်ဘောလုံးလောက အတွေ့အကြုံမဟုတ်ပဲ ချယ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား အောင်မြင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ရူဒီဂါဟာ ၂၀၁၇မှာ ချယ်ဆီးကို ရောက်လာပြီးထဲက အသင်းမှာ ပုံမှန်နေရာရခဲ့ပေမယ့် ဘရိုက်တန်နဲ့ အဖွင့်ပွဲမှာ အသုံးပြုမခံရတဲ့ အရန်လူ ဖြစ်ခဲ့ပြီး လီဗာပူးနဲ့ပွဲမှာလဲ လူစာရင်းထဲတောင် မပါဝင်ခဲ့တဲ့နောက် အောက်တိုဘာမတိုင်ခင် စတန်းဖို့ဒ်ဘရစ်ခ်ျကို စွန့်ခွာနိုင်ဖွယ် ရှိပါတယ်။

ချယ်ဆီးဟာသူတို့အသင်းကို လူလျှော့ချမှုလုပ်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး ဘယ်နောက်ခံလူ အီမာဆန်ကို ဂျူဗင်တပ်က စိတ်ဝင်စားနေပါတယ်။ ဂျူဗီ နောက်ခံလူ အဲလက်ဆန်ဒရို ဒဏ်ရာရနေတာနဲ့အတူ စီးရီးအေ ချန်ပီယံတွေက အီမာဆန်ကို စောင့်ကြည့်နေပေမယ့် အင်တာမီလန်က သူ့ကို အလိုရှိဆုံး ကလပ်အဖြစ် ရှိနေဆဲပါ။

သီယာဂိုဆေးဗား ရောက်လာတဲ့နောက် နေရာ မရဖို့ရှိနေတဲ့ ချယ်ဆီး နောက်ခံလူ ကလပ်ဆယ်တာဟာ အငှားထွက်ကစားဖို့ ချိတ်ဆက်မှု ရှိနေပါတယ်။ လီဂူးဝမ်းကလပ် ဘရက်စ်ဟာ ရာသီသစ် လိဂ်၄ပွဲမှာ ၈ဂိုးပေးခဲ့ရတဲ့နောက် ကလပ်ဆယ်တာကို အငှားခေါ်ယူဖို့ ဆွေးနွေးမှု လုပ်နေပါတယ်။

ချယ်ဆီးဟာ အီဒူရတ် မန်ဒီကို စတန်းဖို့ဒ်ဘရစ်ခ်ျထံ ခေါ်ဆောင်ဖို့ ရန်းနက်စ်နဲ့ ပေါင်၂၂သန်း ပြောင်းရွှေ့ကြေးသဘောတူညီမှုရရှိခဲ့ပြီးနောက် ဒီနေ့မှာ အတည်ပြုနိုင်ဖွယ် ရှိပါတယ်။ ဆီနီဂေါ ဂိုးသမားရောက်လာတာဟာ လီဗာပူးနဲ့ပွဲက အမှားတွေကြောင့် ဝေဖန်ခံနေရတဲ့ကီပါအတွက် ဖိအားတွေတိုးလာစေမှာပါ။

သီယာဂိုဆေးဗားဟာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာပြီးကတည်းက ကလပ်အတွက် ကစားပေးခွင့်မရသေးတာဖြစ်ပြီး ဒီတစ်ပတ် ဘန်စလေနဲ့ လိဂ်ဖလားပွဲမှာ ချဲလ်ဆီးအတွက် ပွဲဦးထွက် ကစားပေးရနိုင်တယ်လို့ လမ်းပတ်က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ဖီကာယို တိုမိုရီဟာ ချယ်ဆီး ကနေ ထွက်ခွာဖို့ခိုင်မာတဲ့ ချိတ်ဆက်မှုရှိခဲ့ပေမယ့် လီဗာပူးနဲ့ပွဲမှာ ခရစ္စတန်ဆန် အနီကဒ်ထိပြီးနောက် လမ်းပတ်က ရူဒီဂါထက် ဦးစားပေးရွေးချယ်ပြီး သူ့ကို ကစားခွင့်ပေးခဲ့သလို လူငယ်နောက်ခံလူအပေါ် အပြည့်အဝ ယုံကြည်မှုရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ပေါင် ၇၁သန်းတန် ကိုင်ဟာဗတ်အတွက် ချယ်ဆီးရဲ့ အဖွင့်၂ပွဲမှာ အထင်ကြီးစရာ လုပ်မပြနိုင်ခဲ့တာကြောင့် ဂန္တဝင်ကစားသမားတွေက သံသယ ဖြစ်နေပေမယ့် နည်းပြ လမ်းပတ်ကတော့ ဟာဗက်အနေနဲ့ အသင်းသစ်မှာ အသားကျဖို့ အချိန်လိုအပ်တယ်လို့ ကာကွယ် ပြောဆိုခဲ့ပါတယ်။

Zawgyi – သီယာဂိုေဆးဗားဟာ သူ႔ကစားသမားဘဝ ေႏွာင္းပိုင္းအခ်ိန္ေတြမွာ ပရီးမီးယားလိဂ္မွာ ကစားရတဲ့ ပထမဆုံး အေတြ႕အႀကဳံကို စိတ္လႈပ္ရွား ေနေပမယ့္ သူ႔ရဲ႕အဓိက ရည္႐ြယ္ခ်က္က အဂၤလန္ေဘာလုံးေလာက အေတြ႕အႀကဳံမဟုတ္ပဲ ခ်ယ္ဆီးနဲ႔အတူ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

႐ူဒီဂါဟာ ၂၀၁၇မွာ ခ်ယ္ဆီးကို ေရာက္လာၿပီးထဲက အသင္းမွာ ပုံမွန္ေနရာရခဲ့ေပမယ့္ ဘ႐ိုက္တန္နဲ႔ အဖြင့္ပြဲမွာ အသုံးျပဳမခံရတဲ့ အရန္လူ ျဖစ္ခဲ့ၿပီး လီဗာပူးနဲ႔ပြဲမွာလဲ လူစာရင္းထဲေတာင္ မပါဝင္ခဲ့တဲ့ေနာက္ ေအာက္တိုဘာမတိုင္ခင္ စတန္းဖို႔ဒ္ဘရစ္ခ္်ကို စြန႔္ခြာႏိုင္ဖြယ္ ရွိပါတယ္။

ခ်ယ္ဆီးဟာသူတို႔အသင္းကို လူေလွ်ာ့ခ်မႈလုပ္ဖို႔ ႀကိဳးစားေနဆဲျဖစ္ၿပီး ဘယ္ေနာက္ခံလူ အီမာဆန္ကို ဂ်ဴဗင္တပ္က စိတ္ဝင္စားေနပါတယ္။ ဂ်ဴဗီ ေနာက္ခံလူ အဲလက္ဆန္ဒ႐ို ဒဏ္ရာရေနတာနဲ႔အတူ စီးရီးေအ ခ်န္ပီယံေတြက အီမာဆန္ကို ေစာင့္ၾကည့္ေနေပမယ့္ အင္တာမီလန္က သူ႔ကို အလိုရွိဆုံး ကလပ္အျဖစ္ ရွိေနဆဲပါ။

သီယာဂိုေဆးဗား ေရာက္လာတဲ့ေနာက္ ေနရာ မရဖို႔ရွိေနတဲ့ ခ်ယ္ဆီး ေနာက္ခံလူ ကလပ္ဆယ္တာဟာ အငွားထြက္ကစားဖို႔ ခ်ိတ္ဆက္မႈ ရွိေနပါတယ္။ လီဂူးဝမ္းကလပ္ ဘရက္စ္ဟာ ရာသီသစ္ လိဂ္၄ပြဲမွာ ၈ဂိုးေပးခဲ့ရတဲ့ေနာက္ ကလပ္ဆယ္တာကို အငွားေခၚယူဖို႔ ေဆြးေႏြးမႈ လုပ္ေနပါတယ္။

ခ်ယ္ဆီးဟာ အီဒူရတ္ မန္ဒီကို စတန္းဖို႔ဒ္ဘရစ္ခ္်ထံ ေခၚေဆာင္ဖို႔ ရန္းနက္စ္နဲ႔ ေပါင္၂၂သန္း ေျပာင္းေ႐ႊ႕ေၾကးသေဘာတူညီမႈရရွိခဲ့ၿပီးေနာက္ ဒီေန႔မွာ အတည္ျပဳႏိုင္ဖြယ္ ရွိပါတယ္။ ဆီနီေဂါ ဂိုးသမားေရာက္လာတာဟာ လီဗာပူးနဲ႔ပြဲက အမွားေတြေၾကာင့္ ေဝဖန္ခံေနရတဲ့ကီပါအတြက္ ဖိအားေတြတိုးလာေစမွာပါ။

သီယာဂိုေဆးဗားဟာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာၿပီးကတည္းက ကလပ္အတြက္ ကစားေပးခြင့္မရေသးတာျဖစ္ၿပီး ဒီတစ္ပတ္ ဘန္စေလနဲ႔ လိဂ္ဖလားပြဲမွာ ခ်ဲလ္ဆီးအတြက္ ပြဲဦးထြက္ ကစားေပးရႏိုင္တယ္လို႔ လမ္းပတ္က အရိပ္အႁမြက္ ေျပာၾကားခဲ့ပါတယ္။

ဖီကာယို တိုမိုရီဟာ ခ်ယ္ဆီး ကေန ထြက္ခြာဖို႔ခိုင္မာတဲ့ ခ်ိတ္ဆက္မႈရွိခဲ့ေပမယ့္ လီဗာပူးနဲ႔ပြဲမွာ ခရစၥတန္ဆန္ အနီကဒ္ထိၿပီးေနာက္ လမ္းပတ္က ႐ူဒီဂါထက္ ဦးစားေပးေ႐ြးခ်ယ္ၿပီး သူ႔ကို ကစားခြင့္ေပးခဲ့သလို လူငယ္ေနာက္ခံလူအေပၚ အျပည့္အဝ ယုံၾကည္မႈရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ေပါင္ ၇၁သန္းတန္ ကိုင္ဟာဗတ္အတြက္ ခ်ယ္ဆီးရဲ႕ အဖြင့္၂ပြဲမွာ အထင္ႀကီးစရာ လုပ္မျပႏိုင္ခဲ့တာေၾကာင့္ ဂႏၲဝင္ကစားသမားေတြက သံသယ ျဖစ္ေနေပမယ့္ နည္းျပ လမ္းပတ္ကေတာ့ ဟာဗက္အေနနဲ႔ အသင္းသစ္မွာ အသားက်ဖို႔ အခ်ိန္လိုအပ္တယ္လို႔ ကာကြယ္ ေျပာဆိုခဲ့ပါတယ္။