ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (22/09/20)
ကွင်းလယ်လူ ဂွမ်ဒူဇီဟာ အာဆင်နယ်အသင်း လူစာရင်းမှာ မပါဝင်ခဲ့ဘဲ မြောက်လန်ဒန်ကနေ ထွက်ခွာခွင့် တောင်းခဲ့ထားခဲ့ပါတယ်။ ဇွန်လ ကတည်းက ကစားခွင့်လုံးဝမရခဲ့တဲ့ လူငယ်ကစားသမားကို စပိန်၊အီတလီနဲ့ပြင်သစ်ကလပ်အချို့က စိတ်ဝင်စားနေတာလဲဖြစ်ပါတယ်။
အာဆင်နယ်ဟာ အက်စ်တွန်ဗီလာကို ရောက်သွားတဲ့ အီမီလီယာနို မာတီနက်ရဲ့ အစားထိုးအဖြစ် အသက်၂၅နှစ်အရွယ် ဒီဂျွန်ဂိုးသမား ရူနာဆန်ကို ပေါင်၁.၅သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်ပြီး ၎င်းဟာ ကျောနံပါတ် ၁၃ကို ဝတ်ဆင်ကစားမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
အာဆင်နယ်ဟာ အက်သလက်တီကိုကွင်းလယ်လူ ပါတေးကို တစ်နွေလုံး စိတ်ဝင်စားနေခဲ့ပေမယ့် သူ့ရဲ့ပြောင်းရွှေ့ကြေးက အဟန့်အတား ဖြစ်နေပါတယ်။ အက်သလက်တီကိုက တော်ရဲရားကို အလိုရှိနေပေမယ့် ပါတေးရဲ့ အပြောင်းအရွှေ့မှာ သူ့ကိုမထည့်သွင်းပဲ အငှားသာ ခေါ်ယူလိုနေတာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဂိုးသမား ရူနာဆန်ကို ပေါင်၁သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပေမယ့် အပြောင်းအရွှေ့ကာလ ပိတ်သိမ်းဖို့ ၂ပတ်လိုသေးတာနဲ့အတူ ဒီအတောအတွင်း နောက်ထပ် ကစားသမားသစ်၂ယောက် ခေါ်ယူဖို့ရှိကြောင်း အားကစားဒါရိုက်တာ အီဒူက ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာဒီနွေမှာ ဆောရက်စ် (အလွတ်)၊ ပက်ဘလိုမာရီ (ပေါင်၇.၂၅သန်း)၊ မက်ဂါးလက်စ် (ပေါင်၂၃.၄သန်း)၊ ဝီလီယံ(အလွတ်)၊ ရူနာဆန်(ပေါင်၁.၈သန်း) တို့ကို ခေါ်ယူခဲ့ပြီး စုစုပေါင်း ၃၂.၄ သန်း သာရှိခဲ့သလို အာတီတာကတော့ လမ်းပတ်ရဲ့ သန်း၂၀၀ကျော် သုံးစွဲမှုကို အားကျနေမှာပါလို့ နဗီးက ပြောဆိုခဲ့ပါတယ်။
အာတီတာ အသင်းကိုစရောက်ချိန်မှာ ထွက်ခွာချင်တဲ့ကစားသမားတွေ၊ ခံစစ် အားနည်းမှုတွေ၊ အမှတ်ပေးဇယား အလယ်ကို ရောက်နေတာတွေ ရှိခဲ့ပေမယ့် အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်းကို ရယူခဲ့ပြီး ဝေဖန်သူတွေ မှားနေကြောင်းကို သက်သေပြခဲ့တာဖြစ်ကြောင်း ဂယ်ရီနဗီးက ဆိုပါတယ်။
အာဆင်နယ် ကွင်းလယ်လူတော်ရဲရားဟာ အက်သလက်တီကို မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်နေပြီဖြစ်ပါတယ်။ နည်းပြ ဆီမြွန်နီက အပြောင်းအရွှေ့ ပြီးမြောက်ဖို့ စိတ်အားထက်သန်နေတာနဲ့အတူ သူတို့ကြား ပြောဆိုဆွေးနွေးမှုတွေက အတော်လေး ခရီး ရောက်နေတာဖြစ်ပြီး မကြာခင် ဗင်းဆင့်ကယ်ဒါရွန်ကိုရောက်ရှိတော့မှာပါ။
အာဆင်နယ်ဟာ ကလန်ချန်ဘားစ်ကို နယူးကာဆယ်ထံ ပေါင်၁၂သန်းနဲ့ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ပက်ဘလိုမာရီ၊ ဆလီဘာနဲ့ မက်ဂါးလက်စ် တို့ကို ခေါ်ယူနိုင်ခဲ့တဲ့နောက် အသင်းမှာ အပိုဖြစ်နေတဲ့ ချန်ဘားစ်ကို ရောင်းထုတ်ဖို့ အာတီတာက အလိုရှိနေတာပါ။