BREAKING: ချယ်ဆီးအသင်းက မန်ဒီကို ခေါ်ယူနိုင်ခဲ့ပြီလို့ လမ်းပတ် အတည်ပြု

မန်နေဂျာလမ်းပတ်က ရန်းနက်စ် ဂိုးသမား မန်ဒီဟာ ချယ်ဆီးကို ပြောင်းလာဖို့ရာ ဆေးစစ်မှု ခံယူနေပြီဖြစ်ကြောင်း အတည်ပြုစကား ပြောဆိုပါတယ်။

အသက် ၂၈ နှစ်အရွယ် ဂိုးသမားဟာ ၅ နှစ်စာချုပ် ချုပ်ဆိုမှာဖြစ်ကာ ကိုရိုနာ ဗိုင်းရပ် စစ်ဆေးမှုတွေလည်း ခံယူသွားမှာဖြစ်တယ်။ ရလဒ်က ပိုမတွေးဘူးဆိုရင်တော့ သူဟာ ကွာရန်တင်းတွေ ဝင်ရမှာ မဟုတ်ဘဲ လန်ဒန်ကို ရောက်လာမှာဖြစ်ကာ ဝက်ဘရွန်းနဲ့ပွဲ ပါဝင်ပေးဖို့ အဆင်သင့် ဖြစ်ပါမယ်။

အသက် ၂၈ နှစ်အရွယ် ဂိုးသမားဟာ ၂၀၀၄ ခုနှစ်က ပီတာချက်ရဲ့ လမ်းစဉ်အတိုင်း ရေးနက်စ်ကနေ စတမ်းဖိုဒ်ဘရစ်ကို ကူးပြောင်းဖို့ကို ရွေးချယ်ခဲ့တယ်။ လက်ရှိ ချယ်ဆီးအသင်းရဲ့ နည်းစနစ်ဒါရိုက်တာဖြစ်သူ ချက်ဟာ မန်ဒီကို ခေါ်ယူရေး ကိစ္စမှာ ဦးစီးဦးဆောင် ပါဝင်ညိနှိုင်းနေသူလည်း ဖြစ်ပါတယ်။

လမ်းပတ်က ‘ ဒီကနေ့ စစ်ဆေးမှုမှာ သူ့ရဲ့ ရလဒ်က ပိုးမတွေ့ဘူးဆိုရင် သူက ကျနေ်ာတို့အတွက် ကစားပေးဖို့ အဆင်ပြေပါလိမ့်မယ်။ ဒီအပြောင်းအရွှေ့အတွက် ပီတာက အရေးပါခဲ့တယ်။ သူက စကားတွေ ပြောပေးခဲ့ပြီး အရမ်းလည်း အခရာကျခဲ့ပါတယ် ‘ လို့ ဆိုသွားခဲ့ပါတယ်။

ချယ်ဆီးမှာတော့ ဂိုးသမားသစ် မန်ဒီ ရောက်လာမှုနဲ့အတူ ပထမပွဲထွက်နေရာ ပြိုင်ဆိုင်မှု ရှိလာတော့မှာပါ။ စပိန်ဂိုးသမား ကီပါဟာ သူ့ရဲ့ လက်စွမ်းကျဆင်းမှုကြောင့် ဝေဖန်ခံရမှုတွေ မြင့်တက်နေခြင်းဖြစ်ကာ မန်ဒီနဲ့ ပွဲထွက်တစ်နေရာ အပြိုင်လုရဖို့ ဖြစ်လာပါမယ်။

လမ်းပတ်က ‘ ချယ်ဆီးလို အသင်းအတွက် နေရာပြိုင်ဆိုင်မှုက ပုံမှန်ပါပဲ။ ဂိုးသမားတွေရဲ့ အခြေအနေကလည်း အမြဲတမ်း ရှင်းလင်းတာ မဟုတ်ပါဘူး။ ကီပါကလည်း သူ့ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့အတူ တိုးတက်လိုနေသူပါ။ လူတိုင်းက တိုးတက်လာပြီး အသင်းလူစာရင်းထဲ ပါဝင်လာဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။ ‘ လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာလမး္ပတ္က ရန္းနက္စ္ ဂိုးသမား မန္ဒီဟာ ခ်ယ္ဆီးကို ေျပာင္းလာဖို႔ရာ ေဆးစစ္မႈ ခံယူေနျပီျဖစ္ေၾကာင္း အတည္ျပဳစကား ေျပာဆိုပါတယ္။

အသက္ ၂၈ ႏွစ္အရြယ္ ဂိုးသမားဟာ ၅ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုမွာျဖစ္ကာ ကိုရိုနာ ဗိုင္းရပ္ စစ္ေဆးမႈေတြလည္း ခံယူသြားမွာျဖစ္တယ္။ ရလဒ္က ပိုမေတြးဘူးဆိုရင္ေတာ့ သူဟာ ကြာရန္တင္းေတြ ဝင္ရမွာ မဟုတ္ဘဲ လန္ဒန္ကို ေရာက္လာမွာျဖစ္ကာ ဝက္ဘရြန္းနဲ႔ပြဲ ပါဝင္ေပးဖို႔ အဆင္သင့္ ျဖစ္ပါမယ္။

အသက္ ၂၈ ႏွစ္အရြယ္ ဂိုးသမားဟာ ၂၀၀၄ ခုႏွစ္က ပီတာခ်က္ရဲ႕ လမ္းစဥ္အတိုင္း ေရးနက္စ္ကေန စတမ္းဖိုဒ္ဘရစ္ကို ကူးေျပာင္းဖို႔ကို ေရြးခ်ယ္ခဲ့တယ္။ လက္ရွိ ခ်ယ္ဆီးအသင္းရဲ႕ နည္းစနစ္ဒါရိုက္တာျဖစ္သူ ခ်က္ဟာ မန္ဒီကို ေခၚယူေရး ကိစၥမွာ ဦးစီးဦးေဆာင္ ပါဝင္ညိႏိႈင္းေနသူလည္း ျဖစ္ပါတယ္။

လမ္းပတ္က ‘ ဒီကေန႔ စစ္ေဆးမႈမွာ သူ႔ရဲ႕ ရလဒ္က ပိုးမေတြ႔ဘူးဆိုရင္ သူက က်ေန္ာတုိ႔အတြက္ ကစားေပးဖို႔ အဆင္ေျပပါလိမ့္မယ္။ ဒီအေျပာင္းအေရႊ႔အတြက္ ပီတာက အေရးပါခဲ့တယ္။ သူက စကားေတြ ေျပာေပးခဲ့ျပီး အရမ္းလည္း အခရာက်ခဲ့ပါတယ္ ‘ လို႔ ဆိုသြားခဲ့ပါတယ္။

ခ်ယ္ဆီးမွာေတာ့ ဂိုးသမားသစ္ မန္ဒီ ေရာက္လာမႈနဲ႔အတူ ပထမပြဲထြက္ေနရာ ျပိဳင္ဆိုင္မႈ ရွိလာေတာ့မွာပါ။ စပိန္ဂိုးသမား ကီပါဟာ သူ႔ရဲ႕ လက္စြမ္းက်ဆင္းမႈေၾကာင့္ ေဝဖန္ခံရမႈေတြ ျမင့္တက္ေနျခင္းျဖစ္ကာ မန္ဒီနဲ႔ ပြဲထြက္တစ္ေနရာ အျပိဳင္လုရဖို႔ ျဖစ္လာပါမယ္။

လမ္းပတ္က ‘ ခ်ယ္ဆီးလို အသင္းအတြက္ ေနရာျပိဳင္ဆိုင္မႈက ပံုမွန္ပါပဲ။ ဂိုးသမားေတြရဲ႕ အေျခအေနကလည္း အျမဲတမ္း ရွင္းလင္းတာ မဟုတ္ပါဘူး။ ကီပါကလည္း သူ႔ရဲ႕ ကိုယ္ပိုင္ အရည္အခ်င္းနဲ႔အတူ တိုးတက္လိုေနသူပါ။ လူတိုင္းက တိုးတက္လာျပီး အသင္းလူစာရင္းထဲ ပါဝင္လာဖို႔ ၾကိဳးစားေနရတာ ျဖစ္ပါတယ္။ ‘ လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။