ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (23/09/20)

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုကို စိုးရိမ်နေပြီး ခံစစ်အတွက် ကစားသမား ခေါ်ယူ အားဖြည့်မှု လုပ်ကို လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ယူနိုက်တက် အသင်းခေါင်းေ်ဆာင် ခံစစ်မှူး ဟယ်ရီ မက်ဂွဲရားဟာ အသင်းရဲ့ နောက်ဆုံးပွဲ ၁၈ ပွဲလုံးမှာ လုံး၀ မနားဘဲ ပါဝင် ကစားထားရပါတယ်။ လူတန်တောင်းနဲ့ လိဂ်ဖလားပွဲမှာတောင် မက်ဂွဲရား ကို ထည့် ကစားခဲ့ပေမယ့် ဆိုးရှားကတော့ မက်ဂွဲရားက အနား ယူဖို့ မလိုသေးကြောင်း ဆိုခဲ့ပါတယ်။

ခရစ်စမောလင်းဟာ မနှစ်က ရိုးမားမှာ အငှား ကစားစဉ်အတွင်း အထင်ကြီးစရာ ခြေစွမ်းပြခဲ့တဲ့နောက် ရိုးမားက သူ့ကို အပြီးသတ် ခေါ်ယူလိုပေမယ့် ယူနိုက်တက်ရဲ့ ပေါင် ၁၈ သန်း တောင်းဆိုမှုကို မပေးနိုင်တာကြောင့် စမောလင်းက အသင်းမှာ ရှိနေဆဲဖြစ်တယ်လို့ ဆိုးလ်ရှားက ရှင်းပြခဲ့ပါတယ်။

သရဲနီဟောင်း ဖလက်ချာကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အလောတကြီး တိုက်စစ်ကို ဝယ်ယူ အားဖြည့်လိုက်တာ ထက် ခေါ်သင့်တဲ့ ဆန်ချို ကိုပဲ တစ်နှစ် ထပ်စောင့်ပြီး အရ ခေါ်ယူလိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ ဥရောပအဆင့် တောင်ပံကစားသမားတစ်ယောက် ခေါ်ယူလိုနေသလို ဘာစီလိုနာကြယ်ပွင့် ဒမ်ဘီလီကို စိတ်ဝင်စားနေပါတယ်။ သူ့ကို အငှားခေါ်ယူဖို့ ဆွေးနွေးခဲ့ပေမယ့် စပိန်ကလပ်က အပြီးသတ် ဝယ်ယူခွင့်နဲ့သာ အငှားချထားချင်နေတာပါ။

လူတန်တောင်းနဲ့ ပွဲမှာ မိနစ်ပိုင်းမျှ လူစားဝင် ကစားပြီး ဂိုးလည်း သွင်းခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ ယူနိုက်တက် တိုက်စစ်မှာ အခရာကျ ဦးဆောင်လာမယ့်သူလို့ ဆိုးရှားက ချီးကျူးလိုက်ပြီး အင်္ဂလန်သားလေးဟာ အမြင့်ဘောတွေမှာ ပိုကောင်းအောင်သာ ကြိုးစားသင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္ကေတာ့ အသင္းရဲ႕ အေျပာင္းအေရႊ႕ လႈပ္ရွားမႈကို စိုးရိမ္ေနျပီး ခံစစ္အတြက္ ကစားသမား ေခၚယူ အားျဖည့္မႈ လုပ္ကို လုပ္ဖို႔ တိုက္တြန္းခဲ့ပါတယ္။

ယူနိုက္တက္ အသင္းေခါင္းေ္ဆာင္ ခံစစ္မွဴး ဟယ္ရီ မက္ဂြဲရားဟာ အသင္းရဲ႕ ေနာက္ဆံုးပြဲ ၁၈ ပြဲလံုးမွာ လံုး၀ မနားဘဲ ပါ၀င္ ကစားထားရပါတယ္။ လူတန္ေတာင္းနဲ႕ လိဂ္ဖလားပြဲမွာေတာင္ မက္ဂြဲရား ကို ထည့္ ကစားခဲ့ေပမယ့္ ဆုိးရွားကေတာ့ မက္ဂြဲရားက အနား ယူဖို႔ မလိုေသးေၾကာင္း ဆိုခဲ့ပါတယ္။

ခရစ္စေမာလင္းဟာ မႏွစ္က ႐ိုးမားမွာ အငွား ကစားစဥ္အတြင္း အထင္ႀကီးစရာ ေျခစြမ္းျပခဲ့တဲ့ေနာက္ ႐ိုးမား​က သူ႔ကို အၿပီးသတ္ ေခၚယူလိုေပမယ့္ ယူႏိုက္တက္ရဲ႕ ေပါင္ ၁၈ သန္း ေတာင္းဆိုမႈကို မေပးႏိုင္တာေၾကာင့္ စေမာလင္းက အသင္းမွာ ရွိေနဆဲျဖစ္တယ္လို႔ ဆိုးလ္ရွားက ရွင္းျပခဲ့ပါတယ္။

သရဲနီေဟာင္း ဖလက္ခ်ာကေတာ့ မန္ခ်က္စတာ ယူနိုက္တက္ဟာ အေလာတၾကီး တိုက္စစ္ကို ၀ယ္ယူ အားျဖည့္လိုက္တာ ထက္ ေခၚသင့္တဲ့ ဆန္ခ်ိဳ ကိုပဲ တစ္နွစ္ ထပ္ေစာင့္ျပီး အရ ေခၚယူလိုက္ဖို႔ တိုက္တြန္းလိုက္ပါတယ္။

ယူႏိုက္တက္ဟာ ဒီေႏြမွာ ဥေရာပအဆင့္ ေတာင္ပံကစားသမားတစ္ေယာက္ ေခၚယူလိုေနသလို ဘာစီလိုနာၾကယ္ပြင့္ ဒမ္ဘီလီကို စိတ္ဝင္စားေနပါတယ္။ သူ႔ကို အငွားေခၚယူဖို႔ ေဆြးေႏြးခဲ့ေပမယ့္ စပိန္ကလပ္က အၿပီးသတ္ ဝယ္ယူခြင့္နဲ႔သာ အငွားခ်ထားခ်င္ေနတာပါ။

လူတန္ေတာင္းနဲ႕ ပြဲမွာ မိနစ္ပိုင္းမွ် လူစား၀င္ ကစားျပီး ဂိုးလည္း သြင္းခဲ့တဲ့ လူငယ္တိုက္စစ္မွဴး ဂရင္း၀ုဒ္ဟာ ယူနိုက္တက္ တိုက္စစ္မွာ အခရာက် ဦးေဆာင္လာမယ့္သူလို႔ ဆိုးရွားက ခ်ီးက်ဴးလိုက္ျပီး အဂၤလန္သားေလးဟာ အျမင့္ေဘာေတြမွာ ပိုေကာင္းေအာင္သာ ၾကိဳးစားသင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။