မန်ချက်စတာ ယူနိုက်တက်ဟာ ယိုယွင်းနေတဲ့ တိုက်စစ်ကို အားဖြည့်ဖို့ လက်ရှိ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူချင်တဲ့ တိုက်စစ် ပစ်မှတ် ကစားသမား ၄ ဦးကို ဆန်ကာတင် အဖြစ် ရွေးထုတ်လိုက်ပြီ ဖြစ်ပါတယ်။
ယူနိုက်တက် တိုက်စစ်ဟာ ဂိုး အဆုံးသတ်ပိုင်းမှာ ရုန်းကန်နေရတာကြောင့် ရက်ဖိုဒ့်၊ ဇက်ဇီးတို့ကို ရောင်းချပြီး နည်းပြ အမ်မိုးရင်း စိတ်ကြိုက် တိုက်စစ်သမားတစ်ဦး ခေါ်ယူပေးဖွယ် ရှိနေပါတယ်။
ယူနိုက်တက်ဟာ ရေရှည်အတွက် သွင်းဂိုးတွေကို အာမခံပေးနိုင်မယ့် တိုက်စစ်မှုး တစ်ဦး တကယ်လည်း လိုအပ်နေတာဖြစ်တယ်။
ယူနိုက်တက်ရဲ့ ၄ ဦး စာရင်းမှာ ဖရန့်ဖတ်မှ အိုမာ မာမိုစ့်၊ ဂါလာတာစာရေး မှ ဗစ်တာ အိုဆီမန်၊ ပီအက်စ်ဂျီမှ ကိုလို မူအမ်နီနဲ့ ဘိုင်ယန် လီဗာကူဆင်မှ ဗစ်တာ ဘိုနီဖေ့စ်တို့ ဖြစ်တယ်လို့ စကိုင်း ဂျာမနီက ဖော်ပြပါတယ်။ ဒီ၄ဦးထဲက တချို့ကို အာဆင်နယ်ကလည်း ချိန်ရွယ်နေပါတယ်။
အိုမာ မာမိုစ့်ဟာ ဒီရာသီ ဖရန့်ဖတ်မှာ ခြေစွမ်းပြနေပြီး ၁၁ ပွဲမှာ ၁၁ ဂိုး သွင်းထားပါတယ်။ ဂါလာတာစာရေးမှာ အငှား ကစားနေတဲ့ အိုဆီမန်ကတော့ စာချုပ် ဖျက်သိမ်းကြေး ပေါင် ၆၃ သန်း ရှိပြီး ဒီရာသီ ၁ဝ ပွဲ ကစား ၈ ဂိုး သွင်းယူထားပါတယ်။
ကိုလို မူအမ်နီနဲ့ ဘိုနီဖေ့စ်တို့ နှစ်ဦးကတော့ ဦးစားပေး ပစ်မှတ်တွေတော့ မဟုတ်ကြပေမယ့် ယူနိုက်တက် တာဝန်ရှိသူတွေရဲ့ ပစ်မှတ်ထဲ ပါဝင်လာကြတာပါ။
စပို့တင်း တိုက်စစ်မှုး ယိုကီရက်စ်က ယူနိုက်တက်ရဲ့ ကာလရှည် ပစ်မှတ် ဖြစ်ပေမယ့် နည်းပြ အမ်မိုရင်းက ဇန်နဝါရီမှာ စပို့တင်း ကစားသမားတွေကို မခေါ်ဘူးလို့ ဆိုထားတာကြောင့် ဖြစ်လာနိုင်ခြေ နည်းပါနေဆဲဖြစ်ပါတယ်။