ချယ်ဆီးအသင်းဟာ ကွင်းလယ်မှာရွေးချယ်စရာ ပေါများနေတာကြောင့် ဘာကာယိုကို ကို ရောင်းထုတ်ဖို့ စဉ်းစားနေပြီး သူ့ကို ပီအက်စ်ဂျီက စိတ်ဝင်စားနေပါတယ်။ သူ့ တန်ကြေးကို ချယ်ဆီး က ပေါင်၃၂သန်း သတ်မှတ်ထားသလို ကနဦးအငှားအနေနဲ့ ပေါင်၄.၆သန်းပေးပြီး နောက်မှ ၂၃.၄သန်း ပေးရင်လဲ လက်ခံဖို့ ရှိနေပါတယ်။
ရန်းနက်စ် ဂိုးသမား မန်ဒီဟာ ချယ်ဆီးထံ အပြောင်းအရွှေ့ ပြီးမြောက်ခဲ့ပြီဖြစ်သလို လက်ရှိ ဂိုးသမား ကီပါအနေနဲ့ ဝေဖန်မှုကို အာရုံစိုက်မနေပဲ စတန်းဖို့ဒ်ဘရ်ခ်ျ ဂိုးပေါက်မှာ သူ့နေရာမပျောက်အောင် တိုက်ပွဲဝင်ဖို့ လမ်းပတ်က စိန်ခေါ်ခဲ့ပါတယ်။
အိုဒွိုင်းဟာ လမ်းပတ်ရောက်လာတဲ့နောက် ကလပ်နဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့ပေမယ့် ချယ်ဆီး ရဲ့ ပရီးမီးယားလိဂ် အဖွင့်၂ပွဲမှာ ၉မိနစ်သာ ကစားခဲ့ရပြီး နေရာရဖို့ ရုန်းကန်နေရသလို ဒီနွေမှာ အသင်းကနေ ထွက်ခွာဖို့ ရှိနေကြောင်းကို လမ်းပတ်က မငြင်းပယ်ခဲ့ပါဘူး။
သီယာဂို ဆေးဗားဟာ ချဲလ်ဆီးမှာ နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့်နဲ့အတူ ၁၂လသာ စာချုပ်သက်တမ်းရှိပေမယ့် အနောက် လန်ဒန်မှာ ဒုတိယ ရာသီအထိ ဆက်နေခွင့်ရဖို့ ယုံကြည်နေပါတယ်။ ထို စာချုပ်သက်တမ်းတိုးနိုင်မှသာ သူ့အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာဘရာဇီးနဲ့အတူ ပါဝင်နိုင်မှာဖြစ်တယ်လို့ ဆေးဗားက ယူဆထားပါတယ်။
ဘိုင်ယန်မြူးနစ်က စိတ်ဝင်စားနေတဲ့ အိုဒွိုင်းအနေနဲ့ ဒီနွေမှာ အငှားထွက်ကစားရနိုင်တာကို လမ်းပတ်က လက်ခံခဲ့ပေမယ့် ယနေ့ည ဘန်စလေနဲ့ လိဂ်ဖလားပွဲမှာ ပွဲထွက် ကစားရမှာဖြစ်ကြောင်း အတည်ပြုခဲ့ပြီး အထင်ကြီးစရာ လုပ်ပြဖို့ တောင်ပံကစားသမားကို စိန်ခေါ်ခဲ့ပါတယ်။
ချယ်ဆီး ကလပ်ပိုင်ရှင် အေဗရာမိုဗစ်က ဒီနွေအပြောင်းအရွှေ့ကာလ မပိတ်ခင် ဒီကလန်ရိုက်စ်ကို ခေါ်ယူစေလိုတယ်လို့ လမ်းပတ်က ပြောပြခဲ့ပေမယ့် ဝက်စ်ဟမ်းက ပေါင်သန်း၈၀ တောင်းဆိုနေတာကြောင့် ချဲလ်ဆီးအတွက် အခက်ကြုံနေရတာဖြစ်ပါတယ်။
စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ကစားချိန်ရဖို့ ရုန်းကန်နေရတဲ့ အိုဒွိုင်းရဲ့အနာဂတ်နဲ့ပ တ်သက်လို့ သူ့ကိုယ်စားလှယ်တွေက မေးခွန်းထုတ်ခဲ့ပြီး ကလပ်နဲ့ ဆွေးနွေးနေပါတယ်။ ဒီရာသီ၂ပွဲမှာ မိနစ်ပိုင်းလောက်သာ ကစားချိန်ရခဲ့တဲ့ တောင်ပံကစားသမားဟာ ဒီနွေမှာ အငှားထွက် ကစားရနိုင်ခြေ ရှိပါတယ်။
ရာသီအစကို ဒဏ်ရာကြောင့် လွဲချော်ခဲ့တဲ့ ဇီယက်ခ်ျနဲ့ ပူလီဆစ်တို့ဟာ ပြန်လည် ကောင်းမွန်လာနေပြီဖြစ်ပေမယ့် ချက်ချင်းတော့ ကစားနိုင်ဦးမှာ မဟုတ်သေးပါဘူး။ ယနေ့ည ဘန်စလေနဲ့ပွဲမှာတော့ သီယာဂိုဆေးဗားနဲ့ ဘင်ချီဝဲတို့ပွဲဦးထွက် ကစားနိုင်ကြောင်း လမ်းပတ်က ပြောဆိုခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးအသင္းဟာ ကြင္းလယ္မွာေ႐ြးခ်ယ္စရာ ေပါမ်ားေနတာေၾကာင့္ ဘာကာယိုကို ကို ေရာင္းထုတ္ဖို႔ စဥ္းစားေနၿပီး သူ႔ကို ပီအက္စ္ဂ်ီက စိတ္ဝင္စားေနပါတယ္။ သူ႔ တန္ေၾကးကို ခ်ယ္ဆီး က ေပါင္၃၂သန္း သတ္မွတ္ထားသလို ကနဦးအငွားအေနနဲ႔ ေပါင္၄.၆သန္းေပးၿပီး ေနာက္မွ ၂၃.၄သန္း ေပးရင္လဲ လက္ခံဖို႔ ရွိေနပါတယ္။
ရန္းနက္စ္ ဂိုးသမား မန္ဒီဟာ ခ်ယ္ဆီးထံ အေျပာင္းအေ႐ႊ႕ ၿပီးေျမာက္ခဲ့ၿပီျဖစ္သလို လက္ရွိ ဂိုးသမား ကီပါအေနနဲ႔ ေဝဖန္မႈကို အာ႐ုံစိုက္မေနပဲ စတန္းဖို႔ဒ္ဘရ္ခ္် ဂိုးေပါက္မွာ သူ႔ေနရာမေပ်ာက္ေအာင္ တိုက္ပြဲဝင္ဖို႔ လမ္းပတ္က စိန္ေခၚခဲ့ပါတယ္။
အိုဒြိဳင္းဟာ လမ္းပတ္ေရာက္လာတဲ့ေနာက္ ကလပ္နဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့ေပမယ့္ ခ်ယ္ဆီး ရဲ႕ ပရီးမီးယားလိဂ္ အဖြင့္၂ပြဲမွာ ၉မိနစ္သာ ကစားခဲ့ရၿပီး ေနရာရဖို႔ ႐ုန္းကန္ေနရသလို ဒီေႏြမွာ အသင္းကေန ထြက္ခြာဖို႔ ရွိေနေၾကာင္းကို လမ္းပတ္က မျငင္းပယ္ခဲ့ပါဘူး။
သီယာဂို ေဆးဗားဟာ ခ်ဲလ္ဆီးမွာ ေနာက္ထပ္တစ္ႏွစ္ သက္တမ္းတိုးခြင့္နဲ႔အတူ ၁၂လသာ စာခ်ဳပ္သက္တမ္းရွိေပမယ့္ အေနာက္ လန္ဒန္မွာ ဒုတိယ ရာသီအထိ ဆက္ေနခြင့္ရဖို႔ ယုံၾကည္ေနပါတယ္။ ထို စာခ်ဳပ္သက္တမ္းတိုးႏိုင္မွသာ သူ႔အေနနဲ႔ ၂၀၂၂ ကမာၻ႔ဖလားမွာဘရာဇီးနဲ႔အတူ ပါဝင္ႏိုင္မွာျဖစ္တယ္လို႔ ေဆးဗားက ယူဆထားပါတယ္။
ဘိုင္ယန္ျမဴးနစ္က စိတ္ဝင္စားေနတဲ့ အိုဒြိဳင္းအေနနဲ႔ ဒီေႏြမွာ အငွားထြက္ကစားရႏိုင္တာကို လမ္းပတ္က လက္ခံခဲ့ေပမယ့္ ယေန႔ည ဘန္စေလနဲ႔ လိဂ္ဖလားပြဲမွာ ပြဲထြက္ ကစားရမွာျဖစ္ေၾကာင္း အတည္ျပဳခဲ့ၿပီး အထင္ႀကီးစရာ လုပ္ျပဖို႔ ေတာင္ပံကစားသမားကို စိန္ေခၚခဲ့ပါတယ္။
ခ်ယ္ဆီး ကလပ္ပိုင္ရွင္ ေအဗရာမိုဗစ္က ဒီေႏြအေျပာင္းအေ႐ႊ႕ကာလ မပိတ္ခင္ ဒီကလန္႐ိုက္စ္ကို ေခၚယူေစလိုတယ္လို႔ လမ္းပတ္က ေျပာျပခဲ့ေပမယ့္ ဝက္စ္ဟမ္းက ေပါင္သန္း၈၀ ေတာင္းဆိုေနတာေၾကာင့္ ခ်ဲလ္ဆီးအတြက္ အခက္ႀကဳံေနရတာျဖစ္ပါတယ္။
စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ကစားခ်ိန္ရဖို႔ ႐ုန္းကန္ေနရတဲ့ အိုဒြိဳင္းရဲ႕အနာဂတ္နဲ႔ပ တ္သက္လို႔ သူ႔ကိုယ္စားလွယ္ေတြက ေမးခြန္းထုတ္ခဲ့ၿပီး ကလပ္နဲ႔ ေဆြးေႏြးေနပါတယ္။ ဒီရာသီ၂ပြဲမွာ မိနစ္ပိုင္းေလာက္သာ ကစားခ်ိန္ရခဲ့တဲ့ ေတာင္ပံကစားသမားဟာ ဒီေႏြမွာ အငွားထြက္ ကစားရႏိုင္ေျခ ရွိပါတယ္။
ရာသီအစကို ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့တဲ့ ဇီယက္ခ္်နဲ႔ ပူလီဆစ္တို႔ဟာ ျပန္လည္ ေကာင္းမြန္လာေနၿပီျဖစ္ေပမယ့္ ခ်က္ခ်င္းေတာ့ ကစားႏိုင္ဦးမွာ မဟုတ္ေသးပါဘူး။ ယေန႔ည ဘန္စေလနဲ႔ပြဲမွာေတာ့ သီယာဂိုေဆးဗားနဲ႔ ဘင္ခ်ီဝဲတို ႔ပြဲဦးထြက္ ကစားႏိုင္ေၾကာင္း လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။