ဝါရင့် နည်းပြကြီး ဒေးဗစ် မိုယက်စ်ဟာ ၁၂ နှစ် ကြာမှ အသင်းဟောင်း အဲဗာတန် အသင်းထံ တကျော့ပြန် နည်းပြ အဖြစ် ပြန်လည် တာဝန်ယူတော့မှာ ဖြစ်ပါတယ်။
မန်စီးတီးဟာ ပြင်သစ်လီဂူးဝမ်း ကလပ် လန်းစ် အသင်းမှ ဗဟိုခံစစ်မှုး Abdukodir Khusanov ကို ယူရို သန်း ၄ဝ နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ပီအက်စ်ဂျီ တိုက်စစ်သမား မူအမ်နီ ကို ဒီလထဲ ခေါ်ယူရေး အဖက်ဖက်ကနေ အစွမ်းကုန် ကြိုးစားနေပါတယ်။
ဆောက်သမ်တန် ရောက်တာ ၆ လ ပဲ ရှိသေးတဲ့ အာဆင်နယ် ဂိုးသမားဟောင်း ရန်ဒယ်စ် ကို နယူးကာဆယ် အသင်းက အလိုရှိနေပါတယ်။
အာဆင်နယ် ကွင်းလယ် ကစားသမား ဂျော်ဂျင်ဟို က ဘရာဇီးကလပ် ပါးမီးယက်စ် အသင်းနဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးနေပါတယ်။
မန်ချက်စတာ ယူနိုက်တက် နည်းပြ အမ်မိုရင်းက ဘဏ္ဍာရေး ထိန်းညှိမှုတွေ လုပ်ဖို့ လိုအပ်သည့်တိုင် အကယ်ဒမီ ကြယ်ပွင့် မိုင်နူး ကို အသင်းမှာ ဆက်ထိန်းထားလိုနေပါတယ်။
ချယ်ဆီးအသင်းဟာ ပဲလေ့စ်မှာ ကစားနေတဲ့ သူတို့ ခံစစ်မှုးဟောင်း မာ့ခ် ဂူယီကို ပြန်လည် ခေါ်ယူဖို့ စဉ်းစားနေပါတယ်။